အစ္စရေးနိုင်ငံအတွင်းမှ ထွက်ခွာကြရန် ၎င်း၏နိုင်ငံသားများကို ရုရှားအစိုးရ တိုက်တွန်း

 500

Pika (NP News) - အောက်တိုဘာ ၄

အရှေ့အလယ်ပိုင်းဒေသတွင်းတွင် တင်းမာမှုများတိုးမြင့်လာခြင်းကြောင့် အစ္စရေးနိုင်ငံအတွင်းမှ ထွက်ခွာရန် ရုရှား နိုင်ငံသားများကို အစ္စရေးနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး အန်နာတိုလေးဗစ်တိုရော့ဗ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ အစ္စရေးက လက်ဘနွန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အစ္စရေး ကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အန်နာတိုလေးဗစ်တိုရော့ဗ် တိုက်တွန်းမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို အန်နာတိုလေးဗစ်တိုရော့ဗ်က အောက်တိုဘာလ(၃)ရက်တွင် ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ အန်နာတိုလေးဗစ်တိုရော့ဗ်က "အစ္စရေးနိုင်ငံပိုင်လေကြောင်းလိုင်း El Al အပါအဝင် ပုံမှန်လေကြောင်းလိုင်းတွေ ရှိနေသေးတဲ့အချိန်မှာ ထွက်ခွာကြဖို့ကို စဉ်းစားဖို့ လက်ရှိမှာ အစ္စရေးမှာရှိနေတဲ့ ရုရှားနိုင်ငံသားတွေကို ကျွန်တော်တို့ အကြံပေးထားပါတယ်" ဟု ပြောခဲ့သည်။

ထို့ပြင် အစ္စရေးသို့ သွားရောက်လည်ပတ်ရန်အတွက် ဆုံးဖြတ်ချက်မချမီ ၎င်းတို့၏ အသက်နှင့် ကျန်းမာရေး အတွက် အန္တရာယ်များကို ထည့်သွင်းစဉ်းစားကြရန် ရုရှားနိုင်ငံသားများကို အန်နာတိုလေးဗစ်တိုရော့ဗ်က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
အန်နာတိုလေးဗစ်တိုရော့ဗ် က "အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာဖြစ်ပွားနေတဲ့အခြေအနေတွေက အရမ်းကို ပြင်းထန်နေပါတယ်" ဟု ပြောခဲ့သည်။ ရုရှား၏ လေကြောင်းလိုင်းအများအပြားသည် ရုရှားအရပ်ဘက်လေကြောင်း အေဂျင်စီ၏အကြံပြုချက်နှင့်အညီ အစ္စရေး၊ အီရန် နှင့် အီရတ်တို့ကို လေကြောင်းပျံသန်းမှုများအား ယခု သီတင်းပတ်အစောပိုင်းတွင် ဖျက်သိမ်းခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် မကြာမီ အစ္စရေး နိုင်ငံသို့ ခရီးသွားခြင်းအားရှောင်ရှားကြရန် ရုရှားနိုင်ငံသားများကို ရုရှားအစိုးရက အကြံပြုခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၁)ရက် ညပိုင်းတွင် အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
အစၥေရးႏိုင္ငံအတြင္းမွ ထြက္ခြာၾကရန္ ၎၏ႏိုင္ငံသားမ်ားကို ႐ုရွားအစိုးရ တိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၄

အေရွ႕အလယ္ပိုင္းေဒသတြင္းတြင္ တင္းမာမႈမ်ားတိုးျမင့္လာျခင္းေၾကာင့္ အစၥေရးႏိုင္ငံအတြင္းမွ ထြက္ခြာရန္ ႐ုရွား ႏိုင္ငံသားမ်ားကို အစၥေရးႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီး အန္နာတိုေလးဗစ္တိုေရာ့ဗ္က တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ အစၥေရးက လက္ဘႏြန္ႏိုင္ငံအေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အီရန္က အစၥေရး ကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ အန္နာတိုေလးဗစ္တိုေရာ့ဗ္ တိုက္တြန္းမႈ ထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္ တင္းမာမႈမ်ားျမင့္တက္လာျခင္းႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားကို အန္နာတိုေလးဗစ္တိုေရာ့ဗ္က ေအာက္တိုဘာလ(၃)ရက္တြင္ ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ အန္နာတိုေလးဗစ္တိုေရာ့ဗ္က "အစၥေရးႏိုင္ငံပိုင္ေလေၾကာင္းလိုင္း El Al အပါအဝင္ ပုံမွန္ေလေၾကာင္းလိုင္းေတြ ရွိေနေသးတဲ့အခ်ိန္မွာ ထြက္ခြာၾကဖို႔ကို စဥ္းစားဖို႔ လက္ရွိမွာ အစၥေရးမွာရွိေနတဲ့ ႐ုရွားႏိုင္ငံသားေတြကို ကြၽန္ေတာ္တို႔ အႀကံေပးထားပါတယ္" ဟု ေျပာခဲ့သည္။

ထို႔ျပင္ အစၥေရးသို႔ သြားေရာက္လည္ပတ္ရန္အတြက္ ဆုံးျဖတ္ခ်က္မခ်မီ ၎တို႔၏ အသက္ႏွင့္ က်န္းမာေရး အတြက္ အႏၲရာယ္မ်ားကို ထည့္သြင္းစဥ္းစားၾကရန္ ႐ုရွားႏိုင္ငံသားမ်ားကို အန္နာတိုေလးဗစ္တိုေရာ့ဗ္က တိုက္တြန္းခဲ့ေၾကာင္းလည္း သိရသည္။
အန္နာတိုေလးဗစ္တိုေရာ့ဗ္ က "အစၥေရးနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြမွာျဖစ္ပြားေနတဲ့အေျခအေနေတြက အရမ္းကို ျပင္းထန္ေနပါတယ္" ဟု ေျပာခဲ့သည္။ ႐ုရွား၏ ေလေၾကာင္းလိုင္းအမ်ားအျပားသည္ ႐ုရွားအရပ္ဘက္ေလေၾကာင္း ေအဂ်င္စီ၏အႀကံျပဳခ်က္ႏွင့္အညီ အစၥေရး၊ အီရန္ ႏွင့္ အီရတ္တို႔ကို ေလေၾကာင္းပ်ံသန္းမႈမ်ားအား ယခု သီတင္းပတ္အေစာပိုင္းတြင္ ဖ်က္သိမ္းခဲ့ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ(၇)ရက္တြင္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ မၾကာမီ အစၥေရး ႏိုင္ငံသို႔ ခရီးသြားျခင္းအားေရွာင္ရွားၾကရန္ ႐ုရွားႏိုင္ငံသားမ်ားကို ႐ုရွားအစိုးရက အႀကံျပဳခဲ့ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁)ရက္ ညပိုင္းတြင္ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္ျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသတြင္းတြင္ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.