အီရန်က အစ္စရေးနဲ့ပတ်သက်ရင် သည်းခံတော့မှာမဟုတ်ဘူးဆိုတဲ့စာတစ်စောင်ကို အမေရိကန်သို့ ပေးပို့

 689

Pika (NP News) - အောက်တိုဘာ ၄

အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံနှင့်ပတ်သက်လာသမျှကိစ္စအားလုံးကို ဆက်လက်သည်းခံတော့မည်မဟုတ်တော့ ကြောင်း စာတစ်စောင်ကို ကာတာနိုင်ငံမှတစ်ဆင့် အမေရိကန်ထံပေးပို့ခဲ့ကြောင်း အီရန်သတင်းရင်းမြစ်များကို ကိုးကားပြီး Al Jazeera သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အောက်တိုဘာလ(၁)ရက်တွင် အီရန်က ဒုံးကျည်အစင်းရေ(၂၀၀)ကျော်ြဖင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကို ပြင်းပြင်း ထန်ထန် လက်တုံ့ပြန်သွားမည်ဟု အစ္စရေးအစိုးရက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အဆိုပါစာပေးပို့မှု ထွက်ပေါ် လာခြင်းဖြစ်သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့၏ ခေါင်းဆောင်များသေဆုံးမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်အစင်းရေ(၂၀၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း အီရန်ဘက်က ပြောကြားထားသည်။ အီရန်၏ အမျိုးသားလုံခြုံရေးလိုအပ်ချက်များကို ကာကွယ် ရန်ပျက်ကွက်ခဲ့ပြီးနောက်ပိုင်းကတည်းက တစ်ဖက်သတ် သည်းခံမှုအတိုင်းအတာမှာ အဆုံးသတ်သွားပြီ ဖြစ်သည်ဆိုသည့်အကြောင်းကို အီရန်က အမေရိကန်ကို အကြောင်းကြားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက Al Jazeera သတင်းဌာနက အောက်တိုဘာလ(၃)ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းစစ်ပွဲကို မလိုလားသော်လည်း အစ္စရေး၏ တိုက်ခိုက်မှုမှန်သမျှသည် အခြေခံ အဆောက်အဦးများကို ပစ်မှတ်ထားမှုများအပါအဝင် ပုံမှန်မဟုတ်သော လက်တုံ့ပြန်မှုများဖြင့် ကြုံတွေ့ရလိ့မ်မည် ဖြစ်ကြောင်း သတင်းရင်းမြစ်ကို ကိုးကားပြီး Al Jazeera သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုမှန်သမျှကို ကူညီဆောင်ရွက်ပေးမည့်နိုင်ငံများအနေဖြင့်လည်း နောက်ဆက်တွဲ အကျိုးဆက်ဖြင့် ကြုံတွေ့ရမည်ဆိုသည့် သတိပေးထုတ်ပြန်ချက်တစ်ခုကို ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာအီရန်မစ်ရှင်က "ရန်လိုသူတွေရဲ့လုပ်ရပ်တွေအတိုင်း ကျွန်တော်တို့ဖက်က တုံ့ပြန်သွားမှာပါ။ ရန်လိုသူတွေကို ကူညီပေးမယ့်နိုင်ငံတွေကိုလည်း ကြံရာပါနဲ့ တရားဝင်ပစ်မှတ်အဖြစ် သတ်မှတ်သွားမှာပါ။ ပြီးတော့ အီရန်နဲ့ အစ္စရေးကြား ပဋိပက္ခကနေ ဝေးဝေးနေကြဖို့ အခြားနိုင်ငံတွေကို ကျွန်တော်တို့ အကြံပြုထားပါ တယ်" ဟု ထုတ်ပြန်ခဲ့သည်။

Zawgyi Version;
အီရန္က အစၥေရးနဲ႔ပတ္သက္ရင္ သည္းခံေတာ့မွာမဟုတ္ဘူးဆိုတဲ့စာတစ္ေစာင္ကို အေမရိကန္သို႔ ေပးပို႔
Pika (NP News) - ေအာက္တိုဘာ ၄

အီရန္ႏိုင္ငံသည္ အစၥေရးႏိုင္ငံႏွင့္ပတ္သက္လာသမွ်ကိစၥအားလုံးကို ဆက္လက္သည္းခံေတာ့မည္မဟုတ္ေတာ့ ေၾကာင္း စာတစ္ေစာင္ကို ကာတာႏိုင္ငံမွတစ္ဆင့္ အေမရိကန္ထံေပးပို႔ခဲ့ေၾကာင္း အီရန္သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Al Jazeera သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။

ေအာက္တိုဘာလ(၁)ရက္တြင္ အီရန္က ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့မႈကို ျပင္းျပင္း ထန္ထန္ လက္တုံ႔ျပန္သြားမည္ဟု အစၥေရးအစိုးရက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါစာေပးပို႔မႈ ထြက္ေပၚ လာျခင္းျဖစ္သည္။
အစၥေရး၏ တိုက္ခိုက္မႈမ်ားေၾကာင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕ႏွင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔၏ ေခါင္းေဆာင္မ်ားေသဆုံးမႈကို လက္တုံ႔ျပန္သည့္အေနျဖင့္ ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ ျခင္းျဖစ္ေၾကာင္း အီရန္ဘက္က ေျပာၾကားထားသည္။ အီရန္၏ အမ်ိဳးသားလုံၿခဳံေရးလိုအပ္ခ်က္မ်ားကို ကာကြယ္ ရန္ပ်က္ကြက္ခဲ့ၿပီးေနာက္ပိုင္းကတည္းက တစ္ဖက္သတ္ သည္းခံမႈအတိုင္းအတာမွာ အဆုံးသတ္သြားၿပီ ျဖစ္သည္ဆိုသည့္အေၾကာင္းကို အီရန္က အေမရိကန္ကို အေၾကာင္းၾကားခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္တစ္ခုက Al Jazeera သတင္းဌာနက ေအာက္တိုဘာလ(၃)ရက္တြင္ ေျပာၾကားခဲ့သည္။

ထို႔ျပင္ အီရန္ႏိုင္ငံအေနျဖင့္ ေဒသတြင္းစစ္ပြဲကို မလိုလားေသာ္လည္း အစၥေရး၏ တိုက္ခိုက္မႈမွန္သမွ်သည္ အေျခခံ အေဆာက္အဦးမ်ားကို ပစ္မွတ္ထားမႈမ်ားအပါအဝင္ ပုံမွန္မဟုတ္ေသာ လက္တုံ႔ျပန္မႈမ်ားျဖင့္ ႀကဳံေတြ႕ရလိ့မ္မည္ ျဖစ္ေၾကာင္း သတင္းရင္းျမစ္ကို ကိုးကားၿပီး Al Jazeera သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။
အီရန္အေပၚ အစၥေရး၏ တိုက္ခိုက္မႈမွန္သမွ်ကို ကူညီေဆာင္႐ြက္ေပးမည့္ႏိုင္ငံမ်ားအေနျဖင့္လည္း ေနာက္ဆက္တြဲ အက်ိဳးဆက္ျဖင့္ ႀကဳံေတြ႕ရမည္ဆိုသည့္ သတိေပးထုတ္ျပန္ခ်က္တစ္ခုကို ကုလသမဂၢဆိုင္ရာ အီရန္မစ္ရွင္က ထုတ္ျပန္ခဲ့ေၾကာင္းလည္း သိရသည္။
ကုလသမဂၢဆိုင္ရာအီရန္မစ္ရွင္က "ရန္လိုသူေတြရဲ႕လုပ္ရပ္ေတြအတိုင္း ကြၽန္ေတာ္တို႔ဖက္က တုံ႔ျပန္သြားမွာပါ။ ရန္လိုသူေတြကို ကူညီေပးမယ့္ႏိုင္ငံေတြကိုလည္း ႀကံရာပါနဲ႔ တရားဝင္ပစ္မွတ္အျဖစ္ သတ္မွတ္သြားမွာပါ။ ၿပီးေတာ့ အီရန္နဲ႔ အစၥေရးၾကား ပဋိပကၡကေန ေဝးေဝးေနၾကဖို႔ အျခားႏိုင္ငံေတြကို ကြၽန္ေတာ္တို႔ အႀကံျပဳထားပါ တယ္" ဟု ထုတ္ျပန္ခဲ့သည္။

Related news

© 2021. All rights reserved.