ကောက်စိုက်ရန်သွားသော အမျိုးသမီးနှစ်ဦးကို အိမ်စီးကားတစ်စီးက ဝင်တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီးသေဆုံး

 208

ချယ်ရီ (NP News) - အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့သစ်မြို့နယ်တွင် ကောက်စိုက်ရန်သွားသော အမျိုးသမီးနှစ်ဦးကို အိမ်စီးကားတစ်စီးမှ ဝင်တိုက်ခဲ့ရာ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၄ ရက်)၊ နံနက်ပိုင်း ၇ နာရီ အချိန်ခန့်က ကန်ပြား- မြိုသစ်-နေပြည်တော် ကားလမ်း၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအနီး မိုင်တိုင်အမှတ် ၅၄ မိုင်၂ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဖြစ်စဉ်ဖြစ်တာကတော့ လယ်စိုက်သွားမယ့် အလုပ်သမားနှစ်ယောက်က ဒီလှည်းလမ်းပေါ့ လမ်းဘေးမှာ ကပ်ပြီးလျှောက်လာတယ်။ အဲဒီအချိန်မှာ အနောက်က ကားက အရှိန်မထိန်းနိုင်ဘဲနဲ့ ဝင်တိုက်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၄၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ဘယ်ဘက်လက်ကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသူအမျိုးသမီးရဲ့ ဘယ်ဘက်ခြေထောက်က ခြေကျင်းဝတ်နားကနေ ကျိုးသွားတယ်။ ခါးကျိုးသွားတယ်။ ပြီးတော့ နားနောက်က ပွင့်သွားတယ်ပေါ့။ ကားကလည်း လယ်ကွင်းထဲအထိကျသွားတယ်ဆိုတော့ အရှိန်က ပါတော့ပါလောက်မယ် ထင်တယ်ဗျ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် သေဆုံးသူရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတို့ကို မနောဖြူ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မြို့သစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေကာက္စိုက္ရန္သြားေသာ အမ်ိဳးသမီးႏွစ္ဦးကို အိမ္စီးကားတစ္စီးက ဝင္တိုက္မိခဲ့ရာ တစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၄

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ ေကာက္စိုက္ရန္သြားေသာ အမ်ိဳးသမီးႏွစ္ဦးကို အိမ္စီးကားတစ္စီးမွ ဝင္တိုက္ခဲ့ရာ တစ္ဦး ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း ပရဟိတမင္းေခါင္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၄ ရက္)၊ နံနက္ပိုင္း ၇ နာရီ အခ်ိန္ခန႔္က ကန္ျပား- ၿမိဳသစ္-ေနျပည္ေတာ္ ကားလမ္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ လဲလူေက်း႐ြာအနီး မိုင္တိုင္အမွတ္ ၅၄ မိုင္၂ ဖာလုံအနီးတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“ျဖစ္စဥ္ျဖစ္တာကေတာ့ လယ္စိုက္သြားမယ့္ အလုပ္သမားႏွစ္ေယာက္က ဒီလွည္းလမ္းေပါ့ လမ္းေဘးမွာ ကပ္ၿပီးေလွ်ာက္လာတယ္။ အဲဒီအခ်ိန္မွာ အေနာက္က ကားက အရွိန္မထိန္းႏိုင္ဘဲနဲ႔ ဝင္တိုက္တာေပါ့ေနာ္” ဟု ၎က ေျပာသည္။

အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၄၀)ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး က်န္အမ်ိဳးသမီးတစ္ဦးမွာ ဦးေခါင္းေပါက္ၿပဲဒဏ္ရာႏွင့္ ဘယ္ဘက္လက္က်ိဳး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“ေသဆုံးသူအမ်ိဳးသမီးရဲ႕ ဘယ္ဘက္ေျခေထာက္က ေျခက်င္းဝတ္နားကေန က်ိဳးသြားတယ္။ ခါးက်ိဳးသြားတယ္။ ၿပီးေတာ့ နားေနာက္က ပြင့္သြားတယ္ေပါ့။ ကားကလည္း လယ္ကြင္းထဲအထိက်သြားတယ္ဆိုေတာ့ အရွိန္က ပါေတာ့ပါေလာက္မယ္ ထင္တယ္ဗ်” ဟု ၎ကေျပာသည္။

လက္ရွိတြင္ ေသဆုံးသူ႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာ ရရွိသူတို႔ကို မေနာျဖဴ လူမႈကူညီေရးအသင္းမွ လူနာတင္ယာဥ္ျဖင့္ ၿမိဳ႕သစ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.