ရဝမ်ဒါအတွက် Marburg ကာကွယ်ဆေးများ အမေရိကန်တင်ပို့

 201

ရောင်နီ(NP News) - အောက်တိုဘာ ၇

အမေရိကန်အစိုးရဟာ Marburg ရောဂါအတွက် ကာကွယ်ဆေးတွေနဲ့ ကုသရေး ဆေးဝါးတွေကို အောက်တိုဘာ ၄ ရက်က ရဝမ်ဒါနိုင်ငံကို တင်ပို့ပေးခဲ့တယ်လို့ ရဝမ်ဒါ ရှိ US CDC ဌာနေ ညွှန်ကြားရေးမှူး သီရီရိုစ်က စနေနေ့ (အောက်တိုဘာ ၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။

စမ်းသပ်မှုတွေကို ရဝမ်ဒါ ကျန်းမာရေး ဝန်ကြီးဌာနဟာ အမေရိကန်အစိုးရ၊ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေနဲ့ နီးကပ်စွာ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အမေရိကန်ဟာ ဆေးဘယ်လောက်များများ ရဝမ်ဒါကို တင်ပို့လိုက် တယ်ဆိုတာ မသိရသေးပါဘူး။ ရဝမ်ဒါမှာ Marburg ဗိုင်းရပ်စ် အဖျားရောဂါကို စက်တင်ဘာလ နှောင်းပိုင်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိအတွင်း ရောဂါဖြစ်ပွားသူ ၃၆ ဦး၊ သေဆုံးသူ ၁၁ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။ Marburg ဗိုင်းရပ်စ်ဟာ သေဆုံးမှုနှုန်း ၈၈ ရာခိုင်နှုန်းအထိမြင့်မားတဲ့ ပြင်းထန်ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။

ရဝမ်ဒါကျန်းမာရေးဝန်ကြီး ဆာဘင်နန်ဆမ်ဇီမန်ကလည်း နိုင်ငံမှာ ရောဂါအတွက် ကာကွယ်ဆေးတွေနဲ့ ကုသမှု တွေကို လက်တွေ့စမ်းသပ်မှုတွေ စတင်လုပ်ဆောင်တော့မှာဖြစ်တယ်လို့ ကြာသပတေးနေ့(အောက်တိုဘာ ၃ ရက်) က ပြောကြားခဲ့ပါတယ်။

Sabin Vaccine Institute က ၎င်းရဲ့ ကာကွယ်ဆေး ၇၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူတွေ အပါအဝင် ရှေ့တန်းလုပ်သားတွေ စမ်းသပ် အသုံးပြုနိုင်ဖို့ ရဝမ်ဒါကို ပေးပို့ခဲ့တယ်လို့ စနေနေ့(အောက်တိုဘာ ၅ ရက်) က ပြောကြားခဲ့ပါတယ်။ Rwanda အစိုးရထံမှ တောင်းဆိုချက်နဲ့ US Center for the Biomedical Advanced Research and Development Authority (BARDA) ထံမှ ခွင့်ပြုချက်ရတာနဲ့ အပိုဆောင်းကာကွယ် ဆေးတွေလည်း ထောက်ပံ့ပေးဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။ Gilead Sciences ကလည်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်ဖို့နဲ့ အရေးပေါ်အသုံးပြုဖို့အတွက် Rwanda Medical Supply ကို ၎င်းရဲ့ ဗိုင်းရပ်စ် ပိုးသတ်ဆေး remdesivir ပုလင်းပေါင်း ၅,၀၀၀ ခန့် လှူဒါန်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Marburg ဗိုင်းရပ်စ်ဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ကူးစက်ခံရပြီဆိုရင် ဖျားခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းလက္ခဏာတွေ တွေ့ရလေ့ရှိကာ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန် တယ်လို့ သိရပါတယ်။

Zawgyi Version;
ရဝမ္ဒါအတြက္ Marburg ကာကြယ္ေဆးမ်ား အေမရိကန္တင္ပို႔
ေရာင္နီ(NP News) - ေအာက္တိုဘာ ၇

အေမရိကန္အစိုးရဟာ Marburg ေရာဂါအတြက္ ကာကြယ္ေဆးေတြနဲ႔ ကုသေရး ေဆးဝါးေတြကို ေအာက္တိုဘာ ၄ ရက္က ရဝမ္ဒါႏိုင္ငံကို တင္ပို႔ေပးခဲ့တယ္လို႔ ရဝမ္ဒါ ရွိ US CDC ဌာေန ၫႊန္ၾကားေရးမႉး သီရီ႐ိုစ္က စေနေန႔ (ေအာက္တိုဘာ ၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

စမ္းသပ္မႈေတြကို ရဝမ္ဒါ က်န္းမာေရး ဝန္ႀကီးဌာနဟာ အေမရိကန္အစိုးရ၊ ႏိုင္ငံတကာလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ နီးကပ္စြာ လုပ္ေဆာင္ေနပါတယ္။ ဒါေပမယ့္ အေမရိကန္ဟာ ေဆးဘယ္ေလာက္မ်ားမ်ား ရဝမ္ဒါကို တင္ပို႔လိုက္ တယ္ဆိုတာ မသိရေသးပါဘူး။ ရဝမ္ဒါမွာ Marburg ဗိုင္းရပ္စ္ အဖ်ားေရာဂါကို စက္တင္ဘာလ ေႏွာင္းပိုင္းက စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိအတြင္း ေရာဂါျဖစ္ပြားသူ ၃၆ ဦး၊ ေသဆုံးသူ ၁၁ ဦးထိ ရွိေနၿပီ ျဖစ္ပါတယ္။ Marburg ဗိုင္းရပ္စ္ဟာ ေသဆုံးမႈႏႈန္း ၈၈ ရာခိုင္ႏႈန္းအထိျမင့္မားတဲ့ ျပင္းထန္ဗိုင္းရပ္စ္တစ္မ်ိဳး ျဖစ္ပါတယ္။

ရဝမ္ဒါက်န္းမာေရးဝန္ႀကီး ဆာဘင္နန္ဆမ္ဇီမန္ကလည္း ႏိုင္ငံမွာ ေရာဂါအတြက္ ကာကြယ္ေဆးေတြနဲ႔ ကုသမႈ ေတြကို လက္ေတြ႕စမ္းသပ္မႈေတြ စတင္လုပ္ေဆာင္ေတာ့မွာျဖစ္တယ္လို႔ ၾကာသပေတးေန႔(ေအာက္တိုဘာ ၃ ရက္) က ေျပာၾကားခဲ့ပါတယ္။

Sabin Vaccine Institute က ၎ရဲ႕ ကာကြယ္ေဆး ၇၀၀ ခန႔္ကို က်န္းမာေရးေစာင့္ေရွာက္မႈ ကြၽမ္းက်င္သူေတြ အပါအဝင္ ေရွ႕တန္းလုပ္သားေတြ စမ္းသပ္ အသုံးျပဳႏိုင္ဖို႔ ရဝမ္ဒါကို ေပးပို႔ခဲ့တယ္လို႔ စေနေန႔(ေအာက္တိုဘာ ၅ ရက္) က ေျပာၾကားခဲ့ပါတယ္။ Rwanda အစိုးရထံမွ ေတာင္းဆိုခ်က္နဲ႔ US Center for the Biomedical Advanced Research and Development Authority (BARDA) ထံမွ ခြင့္ျပဳခ်က္ရတာနဲ႔ အပိုေဆာင္းကာကြယ္ ေဆးေတြလည္း ေထာက္ပံ့ေပးဖို႔စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ Gilead Sciences ကလည္း ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို တုံ႔ျပန္ဖို႔နဲ႔ အေရးေပၚအသုံးျပဳဖို႔အတြက္ Rwanda Medical Supply ကို ၎ရဲ႕ ဗိုင္းရပ္စ္ ပိုးသတ္ေဆး remdesivir ပုလင္းေပါင္း ၅,၀၀၀ ခန႔္ လႉဒါန္းသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Marburg ဗိုင္းရပ္စ္ဟာ ျခင္ေၾကာင့္ျဖစ္တဲ့ေရာဂါျဖစ္ၿပီး ကူးစက္ခံရၿပီဆိုရင္ ဖ်ားျခင္း၊ ျပင္းျပင္းထန္ထန္ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ ဝမ္းေလွ်ာျခင္းလကၡဏာေတြ ေတြ႕ရေလ့ရွိကာ အသက္ဆုံးရႈံးတဲ့အထိ ျပင္းထန္ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.