မလေးရှားတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးစဥ် ထွက်ပြေးသော မြန်မာအမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး

 1576

သုတကျော် (NP News) နိုဝင်ဘာ ၆

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးစဥ် ထွက်ပြေးသော မြန်မာအမျိုးသမီးတစ်ဦး ရထား ကြိတ်ခံရပြီး သေဆုံးသည့်ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဥ်မှာ နိုဝင်ဘာလ ၅ ရက် ညနေပိုင်းက မလေးရှားနိုင်ငံ ရှိ နဂရီ ဆင်ပီလန်း ခရိုင်၊ ဆရင်ဗန်းမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ်ရှိသူဖြစ်သည်။

"အော်ပရာစီ က စက်ရုံကို ဝင်ဖမ်းတော့ စက်ရုံ အနောက်ဘက်ကနေ ပတ်ပြေးတာ။ အဲဒီမှာက ရထားလမ်း ရှိတယ်။ ရထားက လမ်းကွေ့ကနေလာတော့ မမြင်ဘူးပေါ့။ အဲဒီမှာ ကြိတ်မိသွားတာပါ။ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်သွား တာပေါ့" ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
သေဆုံးသူ မလေးရှားနိုင်ငံသို့ရောက်ရှိ၊ အလုပ်လုပ်ကိုင်နေသည်မှာ နှစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဇာတိမှာ ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့မှဖြစ်ကြောင်း သိရသည်။

"မိသားစုက အကူအညီတောင်းလာတာကြောင့် အလောင်းနဲ့ပတ်သက်ပြီး သဂြိုလ်ဖို့ ကိစ္စတွေ လုပ်သွားမှာပါ။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ မနက်ဖြန်မှာ ဋ္ဌာနဆိုင်ရာတွေနဲ့တွေ့ဖို့ ရှိပါတယ်။ စက်ရုံကတော့ တရားမဝင် အလုပ်သမားဆိုတော့ တာဝန်ခံရဲမယ် မထင်ဘူး" ဟု ၄င်းက ရှင်းပြသည်။

Zawgyi Version;
မေလးရွားတြင္ တရားမဝင္ေနထိုင္သူမ်ားကို ဖမ္းဆီးစဥ္ ထြက္ေျပးေသာ ျမန္မာအမ်ိဳးသမီးတစ္ဦး ရထားႀကိတ္ခံ ရၿပီး ေသဆုံး
သုတေက်ာ္ (NP News) ႏိုဝင္ဘာ ၆

မေလးရွားႏိုင္ငံတြင္ တရားမဝင္ေနထိုင္သူမ်ားကို ဖမ္းဆီးစဥ္ ထြက္ေျပးေသာ ျမန္မာအမ်ိဳးသမီးတစ္ဦး ရထား ႀကိတ္ခံရၿပီး ေသဆုံးသည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၅ ရက္ ညေနပိုင္းက မေလးရွားႏိုင္ငံ ရွိ နဂရီ ဆင္ပီလန္း ခ႐ိုင္၊ ဆရင္ဗန္းၿမိဳ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသဆုံးသူမွာ အသက္ ၄၄ ႏွစ္အ႐ြယ္ရွိသူျဖစ္သည္။

"ေအာ္ပရာစီ က စက္႐ုံကို ဝင္ဖမ္းေတာ့ စက္႐ုံ အေနာက္ဘက္ကေန ပတ္ေျပးတာ။ အဲဒီမွာက ရထားလမ္း ရွိတယ္။ ရထားက လမ္းေကြ႕ကေနလာေတာ့ မျမင္ဘူးေပါ့။ အဲဒီမွာ ႀကိတ္မိသြားတာပါ။ ခႏၶာကိုယ္က ႏွစ္ပိုင္းျပတ္သြား တာေပါ့" ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ေသဆုံးသူ မေလးရွားႏိုင္ငံသို႔ေရာက္ရွိ၊ အလုပ္လုပ္ကိုင္ေနသည္မွာ ႏွစ္ႏွစ္ခန္႔ၾကာျမင့္ေနၿပီျဖစ္ၿပီး ဇာတိမွာ ပဲခူးတိုင္းေဒသႀကီး၊ အင္းတေကာ္ၿမိဳ႕မွျဖစ္ေၾကာင္း သိရသည္။

"မိသားစုက အကူအညီေတာင္းလာတာေၾကာင့္ အေလာင္းနဲ႔ပတ္သက္ၿပီး သၿဂိဳလ္ဖို႔ ကိစၥေတြ လုပ္သြားမွာပါ။ ဒီေန႔က ႐ုံးပိတ္ရက္ဆိုေတာ့ မနက္ျဖန္မွာ ႒ာနဆိုင္ရာေတြနဲ႔ေတြ႕ဖို႔ ရွိပါတယ္။ စက္႐ုံကေတာ့ တရားမဝင္ အလုပ္သမားဆိုေတာ့ တာဝန္ခံရဲမယ္ မထင္ဘူး" ဟု ၄င္းက ရွင္းျပသည္။

Related news

© 2021. All rights reserved.