ဥရောပသမဂ္ဂဈေးကွက် ပျောက်သွားနိုင်သည့်အချက် ပြင်သစ်သမ္မတ သတိပေး

 914

Pika (NP News) - အောက်တိုဘာ ၇

ဥရောပသမဂ္ဂ၏စီးပွားရေးသည် အမေရိကန်၊ တရုတ်တို့၏စီးပွားရေးတို့နှင့် ပြိုင်ဆိုင်မှုများပိုမိုလုပ်ဆောင်ရန် လိုအပ်နေပြီး ယင်းကဲ့သို့မလုပ်ဆောင်ပါက ဥရောပသမဂ္ဂဈေးကွက်ပျောက်ကွယ်သွားနိုင်ကြောင်း ပြင်သစ်သမ္မတမက် ခရွန်က ထုတ်ဖော်ပြောဆိုသည်။

အဖွဲ့ဝင်နိုင်ငံ(၂၇)နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသည် အမေရိကန်နှင့်တရုတ်တို့၏ နောက်သို့ တဖြည်းဖြည်းရောက်ရှိလာနေပြီး ၎င်းတို့နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ဥရောပသမဂ္ဂ ကိုကျော်တက်သွားခဲ့ကြောင်း မက်ခရွန်ကပြောကြားခဲ့သည်။

ထို့ပြင် ဥရောပသမဂ္ဂသည် မသေချာမရေရာ သောအခြေအနေတွင်ရှိနေပြီး ၎င်း၏တစ်ခုတည်း သောဈေးကွက်ကို ပိုမိုနက်ရှိုင်းအောင်မလုပ်ဆောင်ပါက ပြဿနာများနှင့်ကြုံတွေ့ရနိုင်ကြောင်း မက်ခရွန်ကသတိပေး ပြောဆိုခဲ့သည်။ မက်ခရွန်က “ဥရောပသမဂ္ဂရဲ့ဈေးကွက်က ပျောက်ကွယ်သွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အရမ်းအရေးကြီးတဲ့ အခိုက် အတန့်ကိုရောက်ရှိနေပါပြီ။ ဥရောပသမဂ္ဂရဲ့ မော်ဒယ်ပုံစံဟောင်းက အဆုံးသတ်သွားပါပြီ။ကျွန်တော်တို့မှာ စည်းကမ်း တွေအရမ်းများပြီး ရင်းနှီးမြှုပ်နှံမှုတွေ နည်းပါးနေပါတယ်။ လာမယ့်(၂)နှစ်ကနေ(၃)နှစ်အတွင်းမှာ အရင်တုန်းက အစီအစဉ်တွေအတိုင်းဆက်လက်လိုက်နာသွားမယ်ဆိုရင် ကျွန်တော်တို့ဈေးကွက်ထဲကနေ ထွက်ခွာသွားရပါ လိမ့်မယ်” ဟုပြောသည်။

ထို့ပြင်ဥရောပသမဂ္ဂအနေဖြင့် စည်းမျဉ်းများကို အမြန်ပြုပြင်ပြောင်းလဲရန် ပျက်ကွက်ပါက အရေးပေါ် အစီအစဉ်ကို (၅)နှစ်မှ (၁၀)နှစ်အတွင်း အကောင်အထည်ဖော်ရန် တွန်း အားပေးခံရနိုင်ကြောင်း မက်ခရွန်က သတိပေးပြောဆိုခဲ့သည်။ အဆိုပါဖြစ်ရပ်များ ဖြစ်မလာစေရန်အတွက် မျှတသောကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစည်းမျဉ်းများကို လုပ် ဆောင်ရန် အဖွဲ့ဝင်နိုင်ငံများကို မက်ခရွန်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ ဥရောပသမဂ္ဂသည် အမေရိကန်နှင့်တရုတ်တို့၏စီးပွားရေးကို လိုက်မီနိုင်ရန်အတွက် အစုအဖွဲ့ တစ်ခုလုံး၏ဂျီဒီပီ၏ (၄ ဒသမ ၅ )ရာခိုင်နှုန်း ခန့်ရှိသော ယူရို(၈၀ဝ)ဘီလျံ နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုကိုလိုအပ်နေကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဖြစ်သလို အီတလီ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မာရီယိုဒရာဂီက ပြောကြားခဲ့သည်။

zawgyi version
ဥေရာပသမဂၢေဈးကြက္ ေပ်ာက္သြားႏိုင္သည့္အခ်က္ ျပင္သစ္သမၼတ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၇

ဥေရာပသမဂၢ၏စီးပြားေရးသည္ အေမရိကန္၊ တ႐ုတ္တို႔၏စီးပြားေရးတို႔ႏွင့္ ၿပိဳင္ဆိုင္မႈမ်ားပိုမိုလုပ္ေဆာင္ရန္ လိုအပ္ေနၿပီး ယင္းကဲ့သို႔မလုပ္ေဆာင္ပါက ဥေရာပသမဂၢေဈးကြက္ေပ်ာက္ကြယ္သြားႏိုင္ေၾကာင္း ျပင္သစ္သမၼတမက္ ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုသည္။

အဖြဲ႕ဝင္ႏိုင္ငံ(၂၇)ႏိုင္ငံပါဝင္ေသာ ဥေရာပသမဂၢသည္ အေမရိကန္ႏွင့္တ႐ုတ္တို႔၏ ေနာက္သို႔ တျဖည္းျဖည္းေရာက္ရွိလာေနၿပီး ၎တို႔ႏွစ္ႏိုင္ငံစလုံးသည္ စီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈတို႔တြင္ ဥေရာပသမဂၢ ကိုေက်ာ္တက္သြားခဲ့ေၾကာင္း မက္ခ႐ြန္ကေျပာၾကားခဲ့သည္။

ထို႔ျပင္ ဥေရာပသမဂၢသည္ မေသခ်ာမေရရာ ေသာအေျခအေနတြင္ရွိေနၿပီး ၎၏တစ္ခုတည္း ေသာေဈးကြက္ကို ပိုမိုနက္ရႈိင္းေအာင္မလုပ္ေဆာင္ပါက ျပႆနာမ်ားႏွင့္ႀကဳံေတြ႕ရႏိုင္ေၾကာင္း မက္ခ႐ြန္ကသတိေပး ေျပာဆိုခဲ့သည္။ မက္ခ႐ြန္က “ဥေရာပသမဂၢရဲ႕ေဈးကြက္က ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အရမ္းအေရးႀကီးတဲ့ အခိုက္ အတန႔္ကိုေရာက္ရွိေနပါၿပီ။ ဥေရာပသမဂၢရဲ႕ ေမာ္ဒယ္ပုံစံေဟာင္းက အဆုံးသတ္သြားပါၿပီ။ကြၽန္ေတာ္တို႔မွာ စည္းကမ္း ေတြအရမ္းမ်ားၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြ နည္းပါးေနပါတယ္။ လာမယ့္(၂)ႏွစ္ကေန(၃)ႏွစ္အတြင္းမွာ အရင္တုန္းက အစီအစဥ္ေတြအတိုင္းဆက္လက္လိုက္နာသြားမယ္ဆိုရင္ ကြၽန္ေတာ္တို႔ေဈးကြက္ထဲကေန ထြက္ခြာသြားရပါ လိမ့္မယ္” ဟုေျပာသည္။

ထို႔ျပင္ဥေရာပသမဂၢအေနျဖင့္ စည္းမ်ဥ္းမ်ားကို အျမန္ျပဳျပင္ေျပာင္းလဲရန္ ပ်က္ကြက္ပါက အေရးေပၚ အစီအစဥ္ကို (၅)ႏွစ္မွ (၁၀)ႏွစ္အတြင္း အေကာင္အထည္ေဖာ္ရန္ တြန္း အားေပးခံရႏိုင္ေၾကာင္း မက္ခ႐ြန္က သတိေပးေျပာဆိုခဲ့သည္။ အဆိုပါျဖစ္ရပ္မ်ား ျဖစ္မလာေစရန္အတြက္ မွ်တေသာကမာၻလုံးဆိုင္ရာကုန္သြယ္မႈစည္းမ်ဥ္းမ်ားကို လုပ္ ေဆာင္ရန္ အဖြဲ႕ဝင္ႏိုင္ငံမ်ားကို မက္ခ႐ြန္က တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္းသိရသည္။ ဥေရာပသမဂၢသည္ အေမရိကန္ႏွင့္တ႐ုတ္တို႔၏စီးပြားေရးကို လိုက္မီႏိုင္ရန္အတြက္ အစုအဖြဲ႕ တစ္ခုလုံး၏ဂ်ီဒီပီ၏ (၄ ဒသမ ၅ )ရာခိုင္ႏႈန္း ခန႔္ရွိေသာ ယူ႐ို(၈၀ဝ)ဘီလ်ံ ႏွစ္စဥ္ရင္းႏွီးျမႇဳပ္ႏွံမႈကိုလိုအပ္ေနေၾကာင္း ဥေရာပဗဟိုဘဏ္ဥကၠ႒ေဟာင္းျဖစ္သလို အီတလီ ဝန္ႀကီးခ်ဳပ္ေဟာင္းျဖစ္သူ မာရီယိုဒရာဂီက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.