ထိုင်ဝမ်ကျွန်းနားမှာ တရုတ်နိုင်ငံက ဒီသီတင်းပတ်အတွင်း စစ်ရေးလေ့ကျင့်ခန်း ထပ်မံလုပ်ဆောင်မယ်

 100

ဂျန်ဇက် (NP News) - အောက်တိုဘာ ၇

တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့အငြင်းပွားမှုများ ပိုမိုမြင့်တက်လာခဲ့ပြီးနောက် ဒီသီတင်းပတ်အတွင်းမှာပဲ ထိုင်ဝမ်ကျွန်း အနီး စစ်ရေးလေ့ကျင့်ခန်းတွေ တစ်ကျော့ပြန်ထပ်မံလုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ထိုင်ဝမ်သမ္မတက အချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွက် မိန့်ခွန်းပြောဆိုမှာဖြစ်ရာ တရုတ်နိုင်ငံနဲ့အငြင်းပွားမှုတွေ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းကြာမှပဲ တရုတ်နိုင်ငံဟာ အပြစ်ပေးခြင်းအမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို ထိုင်ဝမ်ကျွန်းအနီးမှာ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တရုတ်အစိုးရက အဲဒီစစ်ရေး လေ့ကျင့်ခန်းတွေဟာ တရုတ်နိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးပမ်းသူတွေကိုလက်တုံ့ပြန်တာမျိုးဖြစ်ကြောင်း ပြောပါတယ်။

ထိုင်ဝမ်သမ္မတဟာ အောက်တိုဘာ ၁ဝ ရက်မှာ မိန့်ခွန်းပြောဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံနဲ့ ပြုလုပ်မယ့်စစ်ရေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ထိုင်ဝမ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်ဝမ်အစိုးရ တာဝန်ရှိသူတစ်ဦးက "တရုတ်နိုင်ငံဟာ နိုင်ငံအသီးသီးရဲ့အနီရောင်လိုင်းကို ဖြတ်ကျော်ဖို့ ကြိုးပမ်းနေတယ်" လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ အခြားနိုင်ငံတွေကို စစ်ရေးအရ ဖိအားပေးဖို့ နဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို စမ်းသပ်ဖို့ ကြိုးပမ်းနေခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ထိုင်ဝမ်ကတော့ တရုတ်လက်အောက် က ခွဲထွက်ပြီးကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေရာ တင်းမာမှုတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ထိုင်ဝမ် သမ္မတ အသစ်လိုင်ချန်တေးဟာ တရုတ်ဆန့်ကျင့်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး အနောက်အုပ်စု နိုင်ငံတွေနဲ့ နီးစပ်သူတစ်ဦးဖြစ်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ဖြတ်သန်းဝင်ရောက်တာတွေ မကြာခဏလုပ်ဆောင်ခဲ့ရာ နှစ်ဖက်တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္ႏိုင္ငံက ဒီသီတင္းပတ္အတြင္း စစ္ေရးေလ့က်င့္ခန္း ထပ္မံလုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၇

တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္နဲ႔အျငင္းပြားမႈမ်ား ပိုမိုျမင့္တက္လာခဲ့ၿပီးေနာက္ ဒီသီတင္းပတ္အတြင္းမွာပဲ ထိုင္ဝမ္ကြၽန္း အနီး စစ္ေရးေလ့က်င့္ခန္းေတြ တစ္ေက်ာ့ျပန္ထပ္မံလုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ထိုင္ဝမ္သမၼတက အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈအတြက္ မိန႔္ခြန္းေျပာဆိုမွာျဖစ္ရာ တ႐ုတ္ႏိုင္ငံနဲ႔အျငင္းပြားမႈေတြ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

ထိုင္ဝမ္သမၼတအသစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ ရက္ပိုင္းၾကာမွပဲ တ႐ုတ္ႏိုင္ငံဟာ အျပစ္ေပးျခင္းအမည္ရွိ စစ္ေရးေလ့က်င့္ခန္းကို ထိုင္ဝမ္ကြၽန္းအနီးမွာ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရက အဲဒီစစ္ေရး ေလ့က်င့္ခန္းေတြဟာ တ႐ုတ္ႏိုင္ငံကေန ခြဲထြက္ဖို႔ ႀကိဳးပမ္းသူေတြကိုလက္တုံ႔ျပန္တာမ်ိဳးျဖစ္ေၾကာင္း ေျပာပါတယ္။

ထိုင္ဝမ္သမၼတဟာ ေအာက္တိုဘာ ၁ဝ ရက္မွာ မိန႔္ခြန္းေျပာဆိုသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ ျပဳလုပ္မယ့္စစ္ေရးေလ့က်င့္ခန္းနဲ႔ပတ္သက္ၿပီး ထိုင္ဝမ္အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။ ထိုင္ဝမ္အစိုးရ တာဝန္ရွိသူတစ္ဦးက "တ႐ုတ္ႏိုင္ငံဟာ ႏိုင္ငံအသီးသီးရဲ႕အနီေရာင္လိုင္းကို ျဖတ္ေက်ာ္ဖို႔ ႀကိဳးပမ္းေနတယ္" လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံဟာ အျခားႏိုင္ငံေတြကို စစ္ေရးအရ ဖိအားေပးဖို႔ နဲ႔ တိုက္ခိုက္ေရးစြမ္းရည္ေတြကို စမ္းသပ္ဖို႔ ႀကိဳးပမ္းေနျခင္းမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားေပမယ့္ ထိုင္ဝမ္ကေတာ့ တ႐ုတ္လက္ေအာက္ က ခြဲထြက္ၿပီးကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းေနရာ တင္းမာမႈေတြျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ ထိုင္ဝမ္ သမၼတ အသစ္လိုင္ခ်န္ေတးဟာ တ႐ုတ္ဆန႔္က်င့္ေရးသမားတစ္ဦးအျဖစ္ သတ္မွတ္ခံရၿပီး အေနာက္အုပ္စု ႏိုင္ငံေတြနဲ႔ နီးစပ္သူတစ္ဦးျဖစ္ပါတယ္။ တ႐ုတ္ဟာ ထိုင္ဝမ္ကြၽန္းနားမွာ စစ္သေဘၤာေတြ၊ တိုက္ေလယာဥ္ေတြ ျဖတ္သန္းဝင္ေရာက္တာေတြ မၾကာခဏလုပ္ေဆာင္ခဲ့ရာ ႏွစ္ဖက္တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.