အစ္စရေးနိုင်ငံရှိမြို့များတွင် ဂါဇာစစ်ပွဲ တစ်နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ပြီး သေဆုံးသူများ၏ မိသားစုဝင်များ တက်ရောက်

 333

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

အောက်တိုဘာ၇ရက်နေ့တွင်အစ္စရေးနိုင်ငံရှိမြို့များတွင် ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အထိမ်း အမှတ်ပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်းအခြေစိုက် ဟားမက်စ်အဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ရုတ်တရက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၅၀ ဦးသေဆုံးခဲ့ပြိး လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အစ္စရေးနိုင်ငံအတွင်းကျင်းပသော ဟားမက်စ်အဖွဲ့၏ တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အခမ်းနားကို ဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့သူများ၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ တက်ရောက်ခဲ့သလို အစ္စရေး သမ္မတ ဟာဇော့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့သော သေဆုံးသူများ၊ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များသည် အစ္စရေးသမ္မတနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစ္စရေး နှင့် ဟားမက်စ်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် အချိန် ၁ နှစ်ပြည့်ခဲ့သော်လည်း ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးခြင်းမျိုး မရှိကြောင်း သိရသည်။

ဂါဇာစစ်ပွဲတစ်နှစ်မပြည့်ခင် အောက်တိုဘာ ၆ ရက်က ကမ္ဘာတဝှမ်းရှိ မြို့ကြီးများတွင် ပါလက်စတိုင်း လိုလားသူ အုပ်စုများက စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။ သေဆုံးသူများ၏ မိသားစုဝင်များ နှင့် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ပြီး သေဆုံးသူများ၊ ဖမ်းဆီးခံရသူများ၏ ရုပ်ပုံ ဗီနိုင်းများ ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

ဂါဇာစစ်ပွဲ တစ်နှစ်ပြည့်ခဲ့သော်လည်း ဂါဇာဒေသတွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အစ္စရေးစစ်တပ်က ဂါဇာဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဂါဇာစစ်ပွဲ နှင့် ဆက်နွယ်ပြီး အစ္စရေးနိုင်ငံသည် အီရန်၊ ဟားမက်စ်အဖွဲ့၊ ဟစ်ဘိုလာအဖွဲ့များ နှင့် အငြင်းပွားမှုများ၊ အပြန်အလှန်ပစ်ခတ်မှုများ ရှိနေကြောင်း သိရသည်။

Zawgyi Version;
အစၥေရးႏိုင္ငံရွိၿမိဳ႕မ်ားတြင္ ဂါဇာစစ္ပြဲ တစ္ႏွစ္ျပည့္အခမ္းအနားက်င္းပခဲ့ၿပီး ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ား တက္ေရာက္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

ေအာက္တိုဘာ၇ရက္ေန႔တြင္အစၥေရးႏိုင္ငံရွိၿမိဳ႕မ်ားတြင္ ဟားမက္စ္အဖြဲ႕၏ တိုက္ခိုက္ခံရမႈ တစ္ႏွစ္ျပည့္အထိမ္း အမွတ္ပြဲမ်ားကို က်င္းပခဲ့ေၾကာင္း သိရသည္။ ပါလက္စတိုင္းအေျခစိုက္ ဟားမက္စ္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္တြင္ အစၥေရးႏိုင္ငံကို ႐ုတ္တရက္တိုက္ခိုက္ခဲ့ရာ လူေပါင္း ၁၂၅၀ ဦးေသဆုံးခဲ့ၿပိး လူေပါင္း ၂၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

အစၥေရးႏိုင္ငံအတြင္းက်င္းပေသာ ဟားမက္စ္အဖြဲ႕၏ တိုက္ခိုက္ခံရမႈ တစ္ႏွစ္ျပည့္အခမ္းနားကို ဂါဇာစစ္ပြဲအတြင္း ေသဆုံးခဲ့သူမ်ား၊ ဖမ္းဆီးခံရသူမ်ား၏ မိသားစုဝင္မ်ား၊ မိတ္ေဆြသူငယ္ခ်င္းမ်ား တက္ေရာက္ခဲ့သလို အစၥေရး သမၼတ ဟာေဇာ့ ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး ဝမ္းနည္းေၾကာင္း အထိမ္းအမွတ္အျဖစ္ တစ္မိနစ္ၿငိမ္သက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားကို တက္ေရာက္ခဲ့ေသာ ေသဆုံးသူမ်ား၊ ဖမ္းဆီးခံထားရသူမ်ား၏ မိသားစုဝင္မ်ားသည္ အစၥေရးသမၼတႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ အစၥေရး ႏွင့္ ဟားမက္စ္အဖြဲ႕ၾကား ျဖစ္ပြားေနသည့္ စစ္ပြဲသည္ အခ်ိန္ ၁ ႏွစ္ျပည့္ခဲ့ေသာ္လည္း ဟားမက္စ္အဖြဲ႕က ဖမ္းဆီးထားသူအားလုံး ျပန္လႊတ္ေပးျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။

ဂါဇာစစ္ပြဲတစ္ႏွစ္မျပည့္ခင္ ေအာက္တိုဘာ ၆ ရက္က ကမာၻတဝွမ္းရွိ ၿမိဳ႕ႀကီးမ်ားတြင္ ပါလက္စတိုင္း လိုလားသူ အုပ္စုမ်ားက စစ္ပြဲအဆုံးသတ္ရန္ ေတာင္းဆိုဆႏၵျပခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ား ႏွင့္ ဖမ္းဆီးခံထားရသူမ်ား၏ မိသားစုဝင္မ်ား တက္ေရာက္ခဲ့ၿပီး ေသဆုံးသူမ်ား၊ ဖမ္းဆီးခံရသူမ်ား၏ ႐ုပ္ပုံ ဗီႏိုင္းမ်ား ကိုင္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ဂါဇာစစ္ပြဲ တစ္ႏွစ္ျပည့္ခဲ့ေသာ္လည္း ဂါဇာေဒသတြင္တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ၿပီး အစၥေရးစစ္တပ္က ဂါဇာေဒသသို႔ ထိုးစစ္ဆင္တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဂါဇာစစ္ပြဲ ႏွင့္ ဆက္ႏြယ္ၿပီး အစၥေရးႏိုင္ငံသည္ အီရန္၊ ဟားမက္စ္အဖြဲ႕၊ ဟစ္ဘိုလာအဖြဲ႕မ်ား ႏွင့္ အျငင္းပြားမႈမ်ား၊ အျပန္အလွန္ပစ္ခတ္မႈမ်ား ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.