အာဆီယံအဖွဲ့က မြန်မာအရေးကိုဖြေရှင်းနိုင်ရန် အဓိကအခန်းကဏ္ဍကပါဝင်ဆောင်ရွက်ရမည်ဟု ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါထရာ ပြော

 297

ဂျန်ဇက် (NP News) - အောက်တိုဘာ ၈

အာဆီယံအဖွဲအနေဖြင့် မြန်မာအရေးကို ဖြေရှင်းရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ်အသစ် ပီတွန်တန်ရှင်နာဝါထရာက အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ထုတ်ဖော်ပြောဆိုလိုက် သည်။
ထိုင်းဝန်ကြီးချုပ် ပီတွန်တန်ရှင်နာဝါရာက "အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည် ရရှိစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ရမယ်။" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ လက်ရှိ အချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာအရေးကိုဖြေရှင်းနိုင်ရန် လာမည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ်က ထပ်မံပြောခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာအရေးကိုဖြေရှင်းနိုင်ရန် သံတမန်ရေးလမ်းကြောင်းကို အသုံးပြုမည်ဖြစ်ကြောင်း မြန်မာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများဖြစ်လာစေရန် အဓိကကြားဝင်စေ့စပ်ပေးရန်ကြိုးပမ်းမည်ဖြစ်ကြောင်း ပါဝင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ ၅၅ သန်း ၏ သုံးပုံတစ်ပုံသည် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လိုအပ်နေကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်း လာအိုနိုင်ငံတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံသည် မြန်မာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကုလသမဂ္ဂအဖွဲတာဝန်ရှိသူများ နှင့် မြန်မာအစိုးရ၏ ပြိုင်ဘက်အဖွဲစည်းများ၏ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိစေရန် ကြိုးပမ်းမှုအဖြစ် မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က နိုင်ငံရေးပြဿနာဖြစ်လာခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလတွင် SAC အဖွဲအကြီးအကဲဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံသဘောတူညီချက်ငါးချက်ကို ရယူခဲ့ကြောင်း သိရသည်။ အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် တွေ့ဆုံဆွေးနွေးရေးအချက်ပါဝင်ခဲ့ပြီး လက်ရှိအချိန်အထိ အာဆီယံ သဘောတူညီချက်ငါးချက် တိုးတက်မှုမရှိသေးကြောင်း သိရသည်။

အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် တွေ့ဆုံဆွေးနွေးရေးအချက် ပါဝင်သော်လည်း လက်ရှိအချိန်အထိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Zawgyi Version;
အာဆီယံအဖြဲ႕က ျမန္မာအေရးကိုေျဖရွင္းႏိုင္ရန္ အဓိကအခန္းက႑ကပါဝင္ေဆာင္႐ြက္ရမည္ဟု ထိုင္းဝန္ႀကီးခ်ဳပ္ ပီတြန္တန္ရွင္နာဝါထရာ ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၈

အာဆီယံအဖြဲအေနျဖင့္ ျမန္မာအေရးကို ေျဖရွင္းရာတြင္ အဓိကအခန္းက႑က ပါဝင္ရမည္ျဖစ္ေၾကာင္း ထိုင္း ဝန္ႀကီးခ်ဳပ္အသစ္ ပီတြန္တန္ရွင္နာဝါထရာက အာဆီယံထိပ္သီးအစည္းအေဝးမတိုင္ခင္ ထုတ္ေဖာ္ေျပာဆိုလိုက္ သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ ပီတြန္တန္ရွင္နာဝါရာက "အာဆီယံအဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးျပန္လည္ ရရွိေစဖို႔ အဓိကအခန္းက႑က ပါဝင္ရမယ္။" ဟု ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျပႆနာမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡမ်ား လက္ရွိ အခ်ိန္အထိ ျဖစ္ပြားေနဆဲျဖစ္သည္။ ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာအေရးကိုေျဖရွင္းႏိုင္ရန္ လာမည့္ႏွစ္တြင္ အာဆီယံ အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမည့္ မေလးရွားႏိုင္ငံႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ထိုင္း ဝန္ႀကီးခ်ဳပ္က ထပ္မံေျပာခဲ့သည္။

ထိုင္းအစိုးရအေနျဖင့္ ျမန္မာအေရးကိုေျဖရွင္းႏိုင္ရန္ သံတမန္ေရးလမ္းေၾကာင္းကို အသုံးျပဳမည္ျဖစ္ေၾကာင္း ျမန္မာအေရးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးပြဲမ်ားျဖစ္လာေစရန္ အဓိကၾကားဝင္ေစ့စပ္ေပးရန္ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ပါဝင္ရန္ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာသည္။

လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ျမန္မာႏိုင္ငံရွိ လူဦးေရ ၅၅ သန္း ၏ သုံးပုံတစ္ပုံသည္ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီမ်ား လိုအပ္ေနေၾကာင္း သိရသည္။ ယခုသီတင္းပတ္အတြင္း လာအိုႏိုင္ငံတြင္က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ျမန္မာအေရးကို အဓိကထားေဆြးေႏြးဖြယ္ရွိေနေၾကာင္း သိရသည္။
အာဆီယံထိပ္သီးအစည္းအေဝးမတိုင္ခင္ အင္ဒိုနီးရွားႏိုင္ငံသည္ ျမန္မာအေရးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့ၿပီး ကုလသမဂၢအဖြဲတာဝန္ရွိသူမ်ား ႏွင့္ ျမန္မာအစိုးရ၏ ၿပိဳင္ဘက္အဖြဲစည္းမ်ား၏ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အာဆီယံအဖြဲ႕သည္ ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရး ရရွိေစရန္ ႀကိဳးပမ္းမႈအျဖစ္ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က ႏိုင္ငံေရးျပႆနာျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ၂၀၂၁ ခုႏွစ္ ဧၿပီလတြင္ SAC အဖြဲအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ရယူခဲ့ေၾကာင္း သိရသည္။ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲတြင္ ေတြ႕ဆုံေဆြးေႏြးေရးအခ်က္ပါဝင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အာဆီယံ သေဘာတူညီခ်က္ငါးခ်က္ တိုးတက္မႈမရွိေသးေၾကာင္း သိရသည္။

အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲတြင္ ေတြ႕ဆုံေဆြးေႏြးေရးအခ်က္ ပါဝင္ေသာ္လည္း လက္ရွိအခ်ိန္အထိ သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံး ေတြ႕ဆုံေဆြးေႏြးႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.