ပစိဖိတ်သမုဒ္ဒရာအတွင်း ရုရှားနဲ့တရုတ်တို့ရဲ့ စစ်သင်္ဘောတွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

 221

Pika (NP News) - အောက်တိုဘာ ၈

ရုရှားနှင့် တရုတ်တို့ရဲ့စစ်သင်္ဘောတွေဟာ အာရှ-ပစိဖိတ်ဒေသမှာ ပူးတွဲကင်းလှည့်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းမှာ ရေငုပ်သင်္ဘောဆန့်ကျင်ရေးမစ်ရှင်တွေကို လုပ်ဆောင်ခဲ့တယ်လို့ ရုရှား သတင်းအေဂျင်စီတွေက အောက်တိုဘာလ(၈)ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Interfax သတင်းအေဂျင်စီ က "ရုရှားနဲ့တရုတ်တို့ရဲ့စစ်သင်္ဘောတွေဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ရေငုပ်သင်္ဘော ဆန့်ကျင်ရေးမစ်ရှင်တွေကို လုပ်ဆောင်ခဲ့ပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်တို့ရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ Beibu/Interaction 2024 ရေတပ် စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ခဲ့ပြီးနောက် ယခုလိုပူးတွဲကင်းလှည့်မှုတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။

ပူးတွဲကင်းလှည့်မှု မစ်ရှင်တွေအတွင်း ရေငုပ်သင်္ဘောဆန့်ကျင်ရေးမစ်ရှင်တွေနဲ့ ပင်လယ်ပြင်မှာ ကယ်ဆယ်ရေး မစ်ရှင်တွေ လုပ်ဆောင်တာ အပါအဝင် လေ့ကျင့်ရေးသင်တန်းတွေ နဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုအများအပြားကို လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း ဒီလေ့ကျင့်မှုတွေနဲ့ပတ်သက်တဲ့ အချိန်ဇယား အတိအကျကို Interfax သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် ရုရှားဘက်က ရေငုပ်သင်္ဘောဖျက်သင်္ဘောကြီး Admiral Panteleyev နဲ့ ရုရှားပစိဖိတ်ရေတပ်ရဲ့ ဖျက်သင်္ဘော Admiral Tributs တို့ ပါဝင်ခဲ့တယ်လို့ Interfax က ရေးသားဖော်ပြထားပါတယ်။ တရုတ်ဘက်ကတော့ ဖျက်သင်္ဘော Xining နဲ့ Wuxi ၊ ဖရီးဂိတ်သင်္ဘောLinyiနဲ့ ပေါင်းစပ်ထောက်ပံ့ရေးသင်္ဘော Taihu တို့ ပါဝင်ခဲ့တယ်လို့ Interfax က ဖော်ပြခဲ့ပါတယ်။

Zawgyi Version;
ပစိဖိတ္သမုဒၵရာအတြင္း ႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕ စစ္သေဘၤာေတြ ပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္
Pika (NP News) - ေအာက္တိုဘာ ၈

႐ုရွားႏွင့္ တ႐ုတ္တို႔ရဲ႕စစ္သေဘၤာေတြဟာ အာရွ-ပစိဖိတ္ေဒသမွာ ပူးတြဲကင္းလွည့္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ ပစိဖိတ္သမုဒၵရာအေနာက္ေျမာက္ပိုင္းမွာ ေရငုပ္သေဘၤာဆန႔္က်င္ေရးမစ္ရွင္ေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွား သတင္းေအဂ်င္စီေတြက ေအာက္တိုဘာလ(၈)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

Interfax သတင္းေအဂ်င္စီ က "႐ုရွားနဲ႔တ႐ုတ္တို႔ရဲ႕စစ္သေဘၤာေတြဟာ ပစိဖိတ္သမုဒၵရာအတြင္းမွာ ေရငုပ္သေဘၤာ ဆန႔္က်င္ေရးမစ္ရွင္ေတြကို လုပ္ေဆာင္ခဲ့ပါတယ္" လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
႐ုရွားနဲ႔ တ႐ုတ္တို႔ရဲ႕စစ္သေဘၤာေတြဟာ ၿပီးခဲ့တဲ့စက္တင္ဘာလမွာ က်င္းပခဲ့တဲ့ Beibu/Interaction 2024 ေရတပ္ စစ္ေရးေလ့က်င့္မႈေတြမွာ ပါဝင္ခဲ့ၿပီးေနာက္ ယခုလိုပူးတြဲကင္းလွည့္မႈေတြကို စတင္လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ Interfax သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။

ပူးတြဲကင္းလွည့္မႈ မစ္ရွင္ေတြအတြင္း ေရငုပ္သေဘၤာဆန႔္က်င္ေရးမစ္ရွင္ေတြနဲ႔ ပင္လယ္ျပင္မွာ ကယ္ဆယ္ေရး မစ္ရွင္ေတြ လုပ္ေဆာင္တာ အပါအဝင္ ေလ့က်င့္ေရးသင္တန္းေတြ နဲ႔ တိုက္ခိုက္ေရးေလ့က်င့္မႈအမ်ားအျပားကို လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း ဒီေလ့က်င့္မႈေတြနဲ႔ပတ္သက္တဲ့ အခ်ိန္ဇယား အတိအက်ကို Interfax သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႐ုရွားဘက္က ေရငုပ္သေဘၤာဖ်က္သေဘၤာႀကီး Admiral Panteleyev နဲ႔ ႐ုရွားပစိဖိတ္ေရတပ္ရဲ႕ ဖ်က္သေဘၤာ Admiral Tributs တို႔ ပါဝင္ခဲ့တယ္လို႔ Interfax က ေရးသားေဖာ္ျပထားပါတယ္။ တ႐ုတ္ဘက္ကေတာ့ ဖ်က္သေဘၤာ Xining နဲ႔ Wuxi ၊ ဖရီးဂိတ္သေဘၤာLinyiနဲ႔ ေပါင္းစပ္ေထာက္ပံ့ေရးသေဘၤာ Taihu တို႔ ပါဝင္ခဲ့တယ္လို႔ Interfax က ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.