နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်အောင် ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း ကတိပြု

 164

Pika (NP News) - အောက်တိုဘာ ၈

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေနဲ့အတူ စစ်ဘက်အင်အားကြီးနိုင်ငံဖြစ်လာစေမယ့် ခြေလှမ်းတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားကို ရန်သူတွေက တိုက်ခိုက်ခဲ့မယ်ဆိုရင် နျူကလီးယားလက်နက်တွေကို အသုံးပြုသွား မယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ အောက်တိုဘာလ(၇)ရက်က ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုအတွင်း ယခုလိုမိန့်ခွန်းပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တောင်ကိုရီးယား နိုင်ငံကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်တွေ ၎င်းမှာ မရှိဘူးလို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရန်သူတွေဟာ မြောက်ကိုရီးယားနိုင်ငံကို ဆန့်ကျင်ဖို့အတွက် အင်အားတွေအသုံးပြုဖို့ ကြိုးပမ်းခဲ့ မယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်ဟာ တုံ့ဆိုင်းတာမျိုးမရှိဘဲ ရှိသမျှအင်အားအားလုံးကို အသုံးပြုပြီး လက်တုံ့ ပြန်သွားမှာဖြစ်တယ်လို့ ကင်ဂျုံအန်းက ထပ်မံပြောကြားခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရဲ့ကာကွယ်ရေးပိုင်းကို ပိုမို အားကောင်းအောင်လုပ်ဆောင်ဖို့ ကင်ဂျုံအန်းက တိုက်တွန်းခဲ့တယ်လို့ KCNA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကင်ဂျုံအန်းဟာ ရုရှားသမ္မတပူတင်ထံ မွေးနေ့စာစောင်တစ်စောင်ကို ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ဒေသအတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊တရားမျှတမှုတို့ကို ကာကွယ်ဖို့အတွက် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို အဆင့်တစ်ခုအထိရောက်အောင် မြှင့်တင် သွားမယ်လို့လည်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
န်ဴကလီးယားအင္အားႀကီးႏိုင္ငံျဖစ္ေအာင္ ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ကတိျပဳ
Pika (NP News) - ေအာက္တိုဘာ ၈

ေျမာက္ကိုရီးယားႏိုင္ငံဟာ န်ဴကလီးယားလက္နက္ေတြနဲ႔အတူ စစ္ဘက္အင္အားႀကီးႏိုင္ငံျဖစ္လာေစမယ့္ ေျခလွမ္းေတြကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားကို ရန္သူေတြက တိုက္ခိုက္ခဲ့မယ္ဆိုရင္ န်ဴကလီးယားလက္နက္ေတြကို အသုံးျပဳသြား မယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းဟာ ေအာက္တိုဘာလ(၇)ရက္က က်င္းပခဲ့တဲ့ အခမ္းအနားတစ္ခုအတြင္း ယခုလိုမိန႔္ခြန္းေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယား ႏိုင္ငံကို တိုက္ခိုက္ဖို႔ရည္႐ြယ္ခ်က္ေတြ ၎မွာ မရွိဘူးလို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ရန္သူေတြဟာ ေျမာက္ကိုရီးယားႏိုင္ငံကို ဆန႔္က်င္ဖို႔အတြက္ အင္အားေတြအသုံးျပဳဖို႔ ႀကိဳးပမ္းခဲ့ မယ္ဆိုရင္ ေျမာက္ကိုရီးယားစစ္တပ္ဟာ တုံ႔ဆိုင္းတာမ်ိဳးမရွိဘဲ ရွိသမွ်အင္အားအားလုံးကို အသုံးျပဳၿပီး လက္တုံ႔ ျပန္သြားမွာျဖစ္တယ္လို႔ ကင္ဂ်ဳံအန္းက ထပ္မံေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ႏိုင္ငံရဲ႕ကာကြယ္ေရးပိုင္းကို ပိုမို အားေကာင္းေအာင္လုပ္ေဆာင္ဖို႔ ကင္ဂ်ဳံအန္းက တိုက္တြန္းခဲ့တယ္လို႔ KCNA ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ကင္ဂ်ဳံအန္းဟာ ႐ုရွားသမၼတပူတင္ထံ ေမြးေန႔စာေစာင္တစ္ေစာင္ကို ေပးပို႔ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားတို႔ဟာ ေဒသအတြင္းနဲ႔ ႏိုင္ငံတကာၿငိမ္းခ်မ္းေရး၊တရားမွ်တမႈတို႔ကို ကာကြယ္ဖို႔အတြက္ ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈဆက္ဆံေရးကို အဆင့္တစ္ခုအထိေရာက္ေအာင္ ျမႇင့္တင္ သြားမယ္လို႔လည္း ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.