ဂါဇာလိုမျိုးပျက်စီးမှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ လက်ဘနွန်နိုင်ငံကို အစ္စရေးဝန်ကြီးချုပ် ခြိမ်းခြောက်သတိပေး

 392

Pika (NP News) - အောက်တိုဘာ ၉

လက်ဘနွန်ကမ်းရိုးတန်း တောင်ဖက်ခြမ်းတစ်လျှောက်က ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေရဲ့နေရာတွေကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေတိုးမြှင့်လုပ်ဆောင်မှုနဲ့အတူ ဂါဇာကမ်းမြောင်ဒေသလိုမျိုး ပျက်စီးမှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အောက်တိုဘာလ(၈)ရက်နေ့မှာ လက်ဘနွန်နိုင်ငံကို သတိပေးပြောဆိုလိုက်ပါတယ်။

လက်ဘနွန်ကမ်းရိုးတန်းဧရိယာတွေမှာရှိတဲ့ ပြည်သူတွေကို ဘေးလွတ် ကင်းရာကိုရွှေ့ပြောင်းကြဖို့ တိုက်တွန်းမှုတွေနဲ့အတူ အစ္စရေးစစ်တပ်က နောက်ထပ်တပ်ဖွဲ့ဝင်တွေကို ပိုမိုဖြန့်ကြက်ချထားချိန်မှာ နေတန်ရာဟုရဲ့ သတိပေးပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ နေတန်ရာဟုက"ဂါဇာကမ်းမြောင်ဒေသမှာ တွေ့ကြုံနေရသလို ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဒုက္ခတွေဆီကို ဦးတည်သွားစေမယ့် ရှည်လျားတဲ့စစ်ပွဲကြီးမဖြစ်ပွားခင် လက်ဘနွန်ကို ကယ်တင်ဖို့ အခွင့်အရေးရှိပါသေးတယ်။ လက်ဘနွန်ပြည်သူတွေအနေနဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်ကြပါ။ အဲဒါမှ ဒီစစ်ပွဲကြီးအဆုံး သတ်သွားမှာပါ"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမတ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေ နှစ်ရက်ဆက်တိုက်ပေါက် ကွဲခဲ့ပြီးနောက် အစ္စရေးနဲ့လက်ဘနွန်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့အောက်တိုဘာလ(၁)ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ပြီးမကြာခင်မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ (၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ဂါဇာလိုမ်ိဳးပ်က္စီးမႈေတြ ႀကဳံေတြ႕ရလိမ့္မယ္လို႔ လက္ဘႏြန္ႏိုင္ငံကို အစၥေရးဝန္ႀကီးခ်ဳပ္ၿခိမ္းေျခာက္သတိေပး
Pika (NP News) - ေအာက္တိုဘာ ၉

လက္ဘႏြန္ကမ္း႐ိုးတန္း ေတာင္ဖက္ျခမ္းတစ္ေလွ်ာက္က ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ေနရာေတြကို အစၥေရးက ေျမျပင္ထိုးစစ္ဆင္မႈေတြတိုးျမႇင့္လုပ္ေဆာင္မႈနဲ႔အတူ ဂါဇာကမ္းေျမာင္ေဒသလိုမ်ိဳး ပ်က္စီးမႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေအာက္တိုဘာလ(၈)ရက္ေန႔မွာ လက္ဘႏြန္ႏိုင္ငံကို သတိေပးေျပာဆိုလိုက္ပါတယ္။

လက္ဘႏြန္ကမ္း႐ိုးတန္းဧရိယာေတြမွာရွိတဲ့ ျပည္သူေတြကို ေဘးလြတ္ ကင္းရာကိုေ႐ႊ႕ေျပာင္းၾကဖို႔ တိုက္တြန္းမႈေတြနဲ႔အတူ အစၥေရးစစ္တပ္က ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြကို ပိုမိုျဖန႔္ၾကက္ခ်ထားခ်ိန္မွာ ေနတန္ရာဟုရဲ႕ သတိေပးေျပာဆိုခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။ ေနတန္ရာဟုက"ဂါဇာကမ္းေျမာင္ေဒသမွာ ေတြ႕ႀကဳံေနရသလို ပ်က္စီးဆုံးရႈံးမႈေတြနဲ႔ ဒုကၡေတြဆီကို ဦးတည္သြားေစမယ့္ ရွည္လ်ားတဲ့စစ္ပြဲႀကီးမျဖစ္ပြားခင္ လက္ဘႏြန္ကို ကယ္တင္ဖို႔ အခြင့္အေရးရွိပါေသးတယ္။ လက္ဘႏြန္ျပည္သူေတြအေနနဲ႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕ကို ဆန႔္က်င္ၾကပါ။ အဲဒါမွ ဒီစစ္ပြဲႀကီးအဆုံး သတ္သြားမွာပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမတ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက လက္ဘႏြန္ႏိုင္ငံတြင္းမွာ ေထာင္နဲ႔ခ်ီတဲ့ အီလက္ထ႐ြန္းနစ္ပစၥည္းေတြ ႏွစ္ရက္ဆက္တိုက္ေပါက္ ကြဲခဲ့ၿပီးေနာက္ အစၥေရးနဲ႔လက္ဘႏြန္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁)ရက္ေန႔မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြစတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးက ေျမျပင္ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ၿပီးမၾကာခင္မွာပဲ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ (၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ေဒသတြင္းမွာ တင္းမာမႈေတြ ပိုမိုအရွိန္ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.