ချင်း PDF ကဖမ်းဆီးသွားပြီး (၇)လကျော်အထိ ကလေးတက္ကသိုလ်မှပညာရေးဝန်ထမ်းနှင့် ကျောင်းသား(၁၀ဝ)နီးပါးကို ပြန်မလွှတ်သေး

 579

သုတကျော် (NP News) - အောက်တိုဘာ ၉

ကလေးတက္ကသိုလ်မှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအ ဝင် လူ(၁၀ဝ)နီးပါးကို NUG က အကြောင်းပြချက်မရှိဖမ်းထားပြီး ယခု ထက်တိုင် ပြန်မလွှတ်သေးကြောင်း မိသားစုဝင်များ နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့ရှိ ကလေးတက္ကသိုလ်အတွင်းသို့ ချင်း PDF များက ဝင်ရောက်ကာ အဆိုပါ တက္ကသိုလ်တွင် ပညာသင်ကြားပြသနေသော ဆရာ၊ ဆရာမများ၊ တက်ရောက် ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်သွား ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အချို့ကို ပြန်လွှတ်ပေးသော်လည်း အများစုမှာ ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်းလည်း သိရသည်။

‘အခု သိထားသလောက်ကတော့ ကျောင်းဆရာ၊ ဆရာမတွေ ချည်းပဲလား။ နောက်တစ်ခုက ကျောင်းသား တွေရောလား။ ဝန်ထမ်းတွေရော ပါတာလား မသိဘူး။ တစ်ရာကျော်ပေါ့။ တစ်ရာကျော်မှာ ပထမပိုင်း ဖမ်းဆီးခါ စတုန်းကတော့ ဆယ်ယောက် အသုတ်လိုက်တော့ နည်းနည်းလွှတ်တယ်လို့ ကြား တယ်ပေါ့နော်။ အခုက တစ်ရာနီးပါး တော့ ရှိသေးတယ်လို့ ကြားတယ်။ အဲဒီတော့တစ်ရာနီး ပါးလောက်တော့ ကျန်သေးတယ်’ဟု အထက်ပါ မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ထိုသို့လူအုပ်စုလိုက်ကို ဖမ်းဆီး ထိန်းသိမ်းထား သည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ ဖမ်းဆီး ထားရသည့် ရည်ရွယ်ချက်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ ‘အဲဒီတော့ ဒီလောက်အုပ်စု အကြီးကြီးကို ဖမ်းထားတဲ့ရည် ရွယ်ချက်က ချင်းမှာရှိတဲ့ PDF တွေက ဖမ်းထားတာပေါ့နော်။ အဲဒီလို ဖမ်းထား လိုက်တဲ့အခါ အဲဒါဘာရည်ရွယ်ချက်လဲလို့ မိသားစုတွေက သိချင်တာ။ NUG က ဘာရည်ရွယ်ချက်နဲ့ ဒီလိုဖမ်းခိုင်းတာလဲလို့ သိချင်ကြတာပါ’ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ ၎င်းတို့ဖမ်းသွားသည့် ကာလ(၇)လ ကျော်ကြာပြီးနောက် ယခုအချိန်တွင် အဆိုပါ လူအုပ်ကို မကျွေးနိုင် တော့သည့်အတွက် အဖမ်းခံထားရသူများ ကိုယ်တိုင်က မိသားစုကို ဆက်သွယ်ကာ ငွေပြန်တောင်းနေရသည့် အခြေ အနေဆိုက်နေကြောင်းလည်း ၎င်းက သိရသမျှကို ပြန်လည်ပြောကြားသည်။ ‘ဘယ်နေရာမှာ ထားထားတယ်ဆိုတာ လည်း မသိဘူး။ ဒီအုပ်စုလိုက်ကြီးကို ဘယ်လိုထားထားလဲဆို တာမသိဘူး။ ဒါပေမဲ့ အသိကနေပြီးတော့ ဘာပြော လည်းဆိုတော့ ဒီလူတွေက သူတို့မိသားစုတွေကို ဆက်သွယ်ပြီးတော့ ပိုက်ဆံတောင်းတယ်တဲ့။ ပိုက်ဆံတောင်းပြီးတော့ Kpay ကနေတစ်ဆင့် ပိုက်ဆံလွှဲခိုင်းတယ်တဲ့။ တစ်ယောက်ကို ပိုက်ဆံ တစ်သိန်း၊ နှစ်သိန်း။ ပိုက်ဆံတောင်းတယ်ဆိုတာ PDF က မဟုတ်ဘူးနော်။ အဖမ်းခံထားရတဲ့ ကာယကံရှင်တွေက သူတို့ဘာသာသူတို့ ဆက်သွယ်ပြီးတော့ ပိုက်ဆံ တောင်းတယ်လို့ကြားတယ်။ အဲဒီလိုပိုက်ဆံတောင်းတာ ဘာအတွက်လဲဆိုတော့ သူတို့ကိုဖမ်းသွားတုန်းက အဝတ် တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ကားပေါ်ကို အတင်း တင်သွားတာလေ။ သူတို့မှာ ဘာမှမပါသွားဘူး လေ။ ဘာမှမပါသွား တော့ ဟိုမှာသူတို့ရဲ့နေထိုင်မှုက ခုနစ်လလောက်ကြာလာပြီဖြစ်တဲ့အခါကျတော့ သူတို့ စားဖို့၊ သောက်ဖို့၊ သုံးဖို့ပစ္စည်း လေးတွေ ဝယ်ဖို့ဒါအတွက်ကို အိမ်ကနေပိုက်ဆံပြန်ပေးရတယ်လို့ကြား တယ်။ ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့’ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းထားသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဘက်က ကယ်တင် ပေးရန် မိသားစုများဘက်က မျှော်လင့်နေကြောင်းလည်း သိရသည်။ ‘မိသားစုတွေရဲ့ အခက်အခဲကကျတော့ သူတို့က ဝန်ထမ်းတွေဖြစ်တော့ ပျောက်ဆုံးစာရင်းထဲကို ပါသွားတာပေါ့နော်။ ဒီဝန်ထမ်းတွေက CDM လုပ်တဲ့ ဝန်ထမ်းတွေ မဟုတ်ဘူး။ ဒါပေမဲ့ အခုကျတော့ ဌာနနဲ့အဆက် အသွယ်မရတော့ ပျောက်ဆုံးစာရင်းထဲကို ဖြစ်သွားတယ်။ ပျောက်ဆုံး စာရင်းထဲကို ပါသွားတော့ သူတို့က လစာလည်းမရတော့ဘူး။ မိသားစုကလည်း လစာမရဘူးပေါ့နော်။ အဲဒီလိုဖြစ်နေတဲ့ အခါတော့ မိသားစုလည်း အခက်အခဲဖြစ်တာပေါ့။ အဓိက မိသားစု အခက်အခဲထက် ဒီလောက်အထိ အကြာကြီးဖမ်း ထားတာကို မေးချင်တာက ဒီလောက် လူအုပ်စုအကြီးကြီးကို ဖမ်းထားတာက ဘာအဓိပ္ပာယ်နဲ့ ဖမ်းထားတာလဲလို့ သိချင်တာပေါ့နော်။ သူတို့ကို ဖမ်းထားခြင်းအားဖြင့် ဘာမှလည်းအကျိုးမရှိပါဘူး။ နှစ်ဦးနှစ်ဖက်လည်း အကျိုးမရှိပါဘူး။ နောက်တစ်ခု တက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေကို ဖမ်းထားတယ်ဆိုတာက ပညာတတ်တွေကို ဖမ်းထားတာလေ။ ဒီဆရာ၊ ဆရာမတွေရဲ့ အင်အားတွေကို တိုင်းပြည်က သုံးလို့ မရဘူး ဖြစ်နေတာပေါ့။ အဓိကက မိသားစုတွေရဲ့ စိတ်ပူမှုပေါ့။ တဖြည်းဖြည်းနဲ့ တစ်လ၊ နှစ်လလောက်ပဲ ကြာမလား၊ ပြန်လွှတ်မှာလား ဆိုတဲ့ဟာကနေ အခုက ပြန်မလွှတ်တဲ့ဟာက အခြေအနေက တော်တော်ကြာ သွားပြီဆိုတဲ့အခါကျတော့ နစကအနေနဲ့ရော လွတ် မြောက်ဖို့ကို ပြန်ပြီးတော့ ဒီဟာကို ကူညီဆောင်ရွက် ပေးနိုင်သလား သိချင်သလို သူတို့တွေလည်း မျှော်လင့် နေကြတာ ပေါ့နော်”ဟု ၎င်းက ဆိုသည်။

zawgyi version
ခ်င္း PDF ကဖမ္းဆီးသြားၿပီး (၇)လေက်ာ္အထိ ကေလးတကၠသိုလ္မွပညာ ေရးဝန္ထမ္းႏွင့္ ေက်ာင္းသား(၁၀ဝ)နီးပါးကို ျပန္မလႊတ္ေသး
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၉

ကေလးတကၠသိုလ္မွ ဝန္ထမ္းမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အပါအ ဝင္ လူ(၁၀ဝ)နီးပါးကို NUG က အေၾကာင္းျပခ်က္မရွိဖမ္းထားၿပီး ယခု ထက္တိုင္ ျပန္မလႊတ္ေသးေၾကာင္း မိသားစုဝင္မ်ား ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းက စစ္ကိုင္း တိုင္းေဒသႀကီး ကေလးၿမိဳ႕ရွိ ကေလးတကၠသိုလ္အတြင္းသို႔ ခ်င္း PDF မ်ားက ဝင္ေရာက္ကာ အဆိုပါ တကၠသိုလ္တြင္ ပညာသင္ၾကားျပသေနေသာ ဆရာ၊ ဆရာမမ်ား၊ တက္ေရာက္ ပညာသင္ယူလ်က္ရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ားကို အတင္းအဓမၼ ဖမ္းဆီးေခၚ ေဆာင္သြား ခဲ့ျခင္း ျဖစ္သည္။ ထို႔ေနာက္ အခ်ိဳ႕ကို ျပန္လႊတ္ေပးေသာ္လည္း အမ်ားစုမွာ ဖမ္းဆီးခံထားရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

‘အခု သိထားသေလာက္ကေတာ့ ေက်ာင္းဆရာ၊ ဆရာမေတြ ခ်ည္းပဲလား။ ေနာက္တစ္ခုက ေက်ာင္းသား ေတြေရာလား။ ဝန္ထမ္းေတြေရာ ပါတာလား မသိဘူး။ တစ္ရာေက်ာ္ေပါ့။ တစ္ရာေက်ာ္မွာ ပထမပိုင္း ဖမ္းဆီးခါ စတုန္းကေတာ့ ဆယ္ေယာက္ အသုတ္လိုက္ေတာ့ နည္းနည္းလႊတ္တယ္လို႔ ၾကား တယ္ေပါ့ေနာ္။ အခုက တစ္ရာနီးပါး ေတာ့ ရွိေသးတယ္လို႔ ၾကားတယ္။ အဲဒီေတာ့တစ္ရာနီး ပါးေလာက္ေတာ့ က်န္ေသးတယ္’ဟု အထက္ပါ မိသားစုႏွင့္ နီးစပ္သူက ဆိုသည္။

ထိုသို႔လူအုပ္စုလိုက္ကို ဖမ္းဆီး ထိန္းသိမ္းထား သည္ဟုဆိုေသာ္လည္း လက္ရွိအခ်ိန္အထိ ဖမ္းဆီး ထားရသည့္ ရည္႐ြယ္ခ်က္ကို မသိရေသးေၾကာင္း ၎က ဆိုသည္။ ‘အဲဒီေတာ့ ဒီေလာက္အုပ္စု အႀကီးႀကီးကို ဖမ္းထားတဲ့ရည္ ႐ြယ္ခ်က္က ခ်င္းမွာရွိတဲ့ PDF ေတြက ဖမ္းထားတာေပါ့ေနာ္။ အဲဒီလို ဖမ္းထား လိုက္တဲ့အခါ အဲဒါဘာရည္႐ြယ္ခ်က္လဲလို႔ မိသားစုေတြက သိခ်င္တာ။ NUG က ဘာရည္႐ြယ္ခ်က္နဲ႔ ဒီလိုဖမ္းခိုင္းတာလဲလို႔ သိခ်င္ၾကတာပါ’ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိ ၎တို႔ဖမ္းသြားသည့္ ကာလ(၇)လ ေက်ာ္ၾကာၿပီးေနာက္ ယခုအခ်ိန္တြင္ အဆိုပါ လူအုပ္ကို မေကြၽးႏိုင္ ေတာ့သည့္အတြက္ အဖမ္းခံထားရသူမ်ား ကိုယ္တိုင္က မိသားစုကို ဆက္သြယ္ကာ ေငြျပန္ေတာင္းေနရသည့္ အေျခ အေနဆိုက္ေနေၾကာင္းလည္း ၎က သိရသမွ်ကို ျပန္လည္ေျပာၾကားသည္။ ‘ဘယ္ေနရာမွာ ထားထားတယ္ဆိုတာ လည္း မသိဘူး။ ဒီအုပ္စုလိုက္ႀကီးကို ဘယ္လိုထားထားလဲဆို တာမသိဘူး။ ဒါေပမဲ့ အသိကေနၿပီးေတာ့ ဘာေျပာ လည္းဆိုေတာ့ ဒီလူေတြက သူတို႔မိသားစုေတြကို ဆက္သြယ္ၿပီးေတာ့ ပိုက္ဆံေတာင္းတယ္တဲ့။ ပိုက္ဆံေတာင္းၿပီးေတာ့ Kpay ကေနတစ္ဆင့္ ပိုက္ဆံလႊဲခိုင္းတယ္တဲ့။ တစ္ေယာက္ကို ပိုက္ဆံ တစ္သိန္း၊ ႏွစ္သိန္း။ ပိုက္ဆံေတာင္းတယ္ဆိုတာ PDF က မဟုတ္ဘူးေနာ္။ အဖမ္းခံထားရတဲ့ ကာယကံရွင္ေတြက သူတို႔ဘာသာသူတို႔ ဆက္သြယ္ၿပီးေတာ့ ပိုက္ဆံ ေတာင္းတယ္လို႔ၾကားတယ္။ အဲဒီလိုပိုက္ဆံေတာင္းတာ ဘာအတြက္လဲဆိုေတာ့ သူတို႔ကိုဖမ္းသြားတုန္းက အဝတ္ တစ္ထည္၊ ကိုယ္တစ္ခုနဲ႔ပဲ ကားေပၚကို အတင္း တင္သြားတာေလ။ သူတို႔မွာ ဘာမွမပါသြားဘူး ေလ။ ဘာမွမပါသြား ေတာ့ ဟိုမွာသူတို႔ရဲ႕ေနထိုင္မႈက ခုနစ္လေလာက္ၾကာလာၿပီျဖစ္တဲ့အခါက်ေတာ့ သူတို႔ စားဖို႔၊ ေသာက္ဖို႔၊ သုံးဖို႔ပစၥည္း ေလးေတြ ဝယ္ဖို႔ဒါအတြက္ကို အိမ္ကေနပိုက္ဆံျပန္ေပးရတယ္လို႔ၾကား တယ္။ ဒါေတာ့ မျဖစ္သင့္တဲ့ ကိစၥေပါ့’ဟု ၎က ဆိုသည္။

ယခုကဲ့သို႔ အစုလိုက္အၿပဳံလိုက္ ဖမ္းထားသည့္အတြက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဘက္က ကယ္တင္ ေပးရန္ မိသားစုမ်ားဘက္က ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။ ‘မိသားစုေတြရဲ႕ အခက္အခဲကက်ေတာ့ သူတို႔က ဝန္ထမ္းေတြျဖစ္ေတာ့ ေပ်ာက္ဆုံးစာရင္းထဲကို ပါသြားတာေပါ့ေနာ္။ ဒီဝန္ထမ္းေတြက CDM လုပ္တဲ့ ဝန္ထမ္းေတြ မဟုတ္ဘူး။ ဒါေပမဲ့ အခုက်ေတာ့ ဌာနနဲ႔အဆက္ အသြယ္မရေတာ့ ေပ်ာက္ဆုံးစာရင္းထဲကို ျဖစ္သြားတယ္။ ေပ်ာက္ဆုံး စာရင္းထဲကို ပါသြားေတာ့ သူတို႔က လစာလည္းမရေတာ့ဘူး။ မိသားစုကလည္း လစာမရဘူးေပါ့ေနာ္။ အဲဒီလိုျဖစ္ေနတဲ့ အခါေတာ့ မိသားစုလည္း အခက္အခဲျဖစ္တာေပါ့။ အဓိက မိသားစု အခက္အခဲထက္ ဒီေလာက္အထိ အၾကာႀကီးဖမ္း ထားတာကို ေမးခ်င္တာက ဒီေလာက္ လူအုပ္စုအႀကီးႀကီးကို ဖမ္းထားတာက ဘာအဓိပၸာယ္နဲ႔ ဖမ္းထားတာလဲလို႔ သိခ်င္တာေပါ့ေနာ္။ သူတို႔ကို ဖမ္းထားျခင္းအားျဖင့္ ဘာမွလည္းအက်ိဳးမရွိပါဘူး။ ႏွစ္ဦးႏွစ္ဖက္လည္း အက်ိဳးမရွိပါဘူး။ ေနာက္တစ္ခု တကၠသိုလ္က ဆရာ၊ ဆရာမေတြ၊ ေက်ာင္းသားေတြကို ဖမ္းထားတယ္ဆိုတာက ပညာတတ္ေတြကို ဖမ္းထားတာေလ။ ဒီဆရာ၊ ဆရာမေတြရဲ႕ အင္အားေတြကို တိုင္းျပည္က သုံးလို႔ မရဘူး ျဖစ္ေနတာေပါ့။ အဓိကက မိသားစုေတြရဲ႕ စိတ္ပူမႈေပါ့။ တျဖည္းျဖည္းနဲ႔ တစ္လ၊ ႏွစ္လေလာက္ပဲ ၾကာမလား၊ ျပန္လႊတ္မွာလား ဆိုတဲ့ဟာကေန အခုက ျပန္မလႊတ္တဲ့ဟာက အေျခအေနက ေတာ္ေတာ္ၾကာ သြားၿပီဆိုတဲ့အခါက်ေတာ့ နစကအေနနဲ႔ေရာ လြတ္ ေျမာက္ဖို႔ကို ျပန္ၿပီးေတာ့ ဒီဟာကို ကူညီေဆာင္႐ြက္ ေပးႏိုင္သလား သိခ်င္သလို သူတို႔ေတြလည္း ေမွ်ာ္လင့္ ေနၾကတာ ေပါ့ေနာ္”ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.