အသက်ရှင်လွတ်မြောက်နိုင်ခြေနည်းတဲ့ ဟာရီကိန်းမုန်တိုင်းမီလ်တန်ကို အမေရိကန်ရင်ဆိုင်ရနိုင်ဖွယ်ရှိနေ

 1022

Pika (NP News) - အောက်တိုဘာ ၉

အမေရိကန်အာဏာပိုင်တွေဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးမုန်တိုင်းဖြစ်လာနိုင်တဲ့ အဆင့်(၅) ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်မတိုက်ခတ်မီ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ လူတစ်သန်းကျော်ကို ဘေးလွတ် ကင်းရာကို ချက်ချင်းရွှေ့ပြောင်းကြဖို့ အမိန်ပေးခဲ့တယ်လို့သိရပါတယ်။

ဟာရီကိန်းမုန်တိုင်းမီလ်တန်ဟာ နှစ်ရက်အတွင်း အပူပိုင်းမုန်တိုင်းကနေ အဆင့်(၅)ဟာရီကိန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာခဲ့တာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားထားပါတယ်။ ဒါ့ပြင် ဟာရီကိန်းမုန် တိုင်းမီလ်တန်ဟာ အောက်တိုဘာလ(၉)ရက်နေ့နှောင်းပိုင်းမှာ တန်ပါမြို့အနီးကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ဒီဟာရီကိန်းမုန်တိုင်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်တိုက်ခတ်မယ့် အဆိုးရွားဆုံးမုန်တိုင်းဖြစ်လာနိုင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ဒီဟာရီကိန်းမုန်တိုင်းနဲ့ပတ်သက်ပြီး တိုက်တွန်းချက်တွေကို အလေးအနက်ထားကြဖို့နဲ့ ဘေးကင်းစွာရွှေ့ပြောင်းဖို့က အချိန်ကုန်သွားပြီဖြစ်တယ်လို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးဒီဆန်းတစ်က သတိပေးပြောဆိုခဲ့ပါတယ်။ ဒီဆန်းတစ်က "ရွှေ့ပြောင်းမှုတွေလုပ်ဆောင်မယ်ဆိုရင် အခုချက် ချင်းလုပ်ဆောင်ကြပါ။ ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုတန်းမှာရှိတဲ့နေရာတွေ အားလုံးနီးပါးဟာ အဆိုးရွားဆုံးမုန်တိုင်း ဝင်ရောက်တိုက် ခတ်မှုကို ကြုံတွေ့ရနိုင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ဆာရာဆိုတာမြို့ တော်ဝန် လစ်ဇ်အယ်လ်ပါ့က "ဟာရီကိန်းမုန်တိုင်းမီလ်တန်က အသက်ရှင်လွတ်မြောက်နိုင်ခြေနည်းတဲ့ မုန်တိုင်းတစ်ခုပါ။ ပြည်သူတွေအားလုံးအနေနဲ့ ချက်ချင်းရွှေ့ပြောင်းမှုတွေကို လုပ်ဆောင်ရပါမယ်"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟယ်လင်နာကြောင့် ဖလော်ရီဒါပြည်နယ်ရဲ့ အစိတ်အပိုင်းအတော်များများမှာ ပျက်စီးဆုံးရှုံးမှုတွေရှိနေဆဲအချိန်မှာပဲ ဟာရီကိန်းမုန်တိုင်းမီလ်တန်နဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် ဟာရီကိန်းမုန်တိုင်းမီလ်တန်ဟာ တစ်နာရီလျှင်လေတိုက်နှုန်း(၃၂၀) ကီလိုမီတာလောက်အထိတိုက်ခတ်နိုင်ပြီး မကြုံစဖူး မိုးကြိုးပစ်နိုင်ခြေတွေနဲ့အတူ အားကောင်းပြီးကြီးမားတဲ့မုန်တိုင်းတစ်ခုဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောကြားထားပါတယ်။

zawgyi version
အသက္ရွင္လြတ္ေျမာက္ႏိုင္ေျခနည္းတဲ့ ဟာရီကိန္းမုန္တိုင္းမီလ္တန္ကို အေမရိကန္ရင္ဆိုင္ရႏိုင္ဖြယ္ရွိေန
Pika (NP News) - ေအာက္တိုဘာ ၉

အေမရိကန္အာဏာပိုင္ေတြဟာ ရာစုႏွစ္တစ္ခုေက်ာ္အတြင္း အဆိုး႐ြားဆုံးမုန္တိုင္းျဖစ္လာႏိုင္တဲ့ အဆင့္(၅) ဟာရီကိန္းမုန္တိုင္း မီလ္တန္ ဝင္ေရာက္မတိုက္ခတ္မီ ဖေလာ္ရီဒါျပည္နယ္မွာရွိတဲ့ လူတစ္သန္းေက်ာ္ကို ေဘးလြတ္ ကင္းရာကို ခ်က္ခ်င္းေ႐ႊ႕ေျပာင္းၾကဖို႔ အမိန္ေပးခဲ့တယ္လို႔သိရပါတယ္။

ဟာရီကိန္းမုန္တိုင္းမီလ္တန္ဟာ ႏွစ္ရက္အတြင္း အပူပိုင္းမုန္တိုင္းကေန အဆင့္(၅)ဟာရီကိန္းမုန္တိုင္းအျဖစ္ ပိုမိုအားေကာင္းလာခဲ့တာျဖစ္တယ္လို႔ မိုးေလဝသပညာရွင္ေတြက ေျပာၾကားထားပါတယ္။ ဒါ့ျပင္ ဟာရီကိန္းမုန္ တိုင္းမီလ္တန္ဟာ ေအာက္တိုဘာလ(၉)ရက္ေန႔ေႏွာင္းပိုင္းမွာ တန္ပါၿမိဳ႕အနီးကို ဝင္ေရာက္တိုက္ခတ္ႏိုင္ေျခရွိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က "ဒီဟာရီကိန္းမုန္တိုင္းဟာ ရာစုႏွစ္တစ္ခုေက်ာ္အတြင္း ဖေလာ္ရီဒါျပည္နယ္ကို ဝင္ေရာက္တိုက္ခတ္မယ့္ အဆိုး႐ြားဆုံးမုန္တိုင္းျဖစ္လာႏိုင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒီဟာရီကိန္းမုန္တိုင္းနဲ႔ပတ္သက္ၿပီး တိုက္တြန္းခ်က္ေတြကို အေလးအနက္ထားၾကဖို႔နဲ႔ ေဘးကင္းစြာေ႐ႊ႕ေျပာင္းဖို႔က အခ်ိန္ကုန္သြားၿပီျဖစ္တယ္လို႔ ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမႉးဒီဆန္းတစ္က သတိေပးေျပာဆိုခဲ့ပါတယ္။ ဒီဆန္းတစ္က "ေ႐ႊ႕ေျပာင္းမႈေတြလုပ္ေဆာင္မယ္ဆိုရင္ အခုခ်က္ ခ်င္းလုပ္ေဆာင္ၾကပါ။ ဖေလာ္ရီဒါျပည္နယ္ အေနာက္ဘက္ကမ္း႐ိုတန္းမွာရွိတဲ့ေနရာေတြ အားလုံးနီးပါးဟာ အဆိုး႐ြားဆုံးမုန္တိုင္း ဝင္ေရာက္တိုက္ ခတ္မႈကို ႀကဳံေတြ႕ရႏိုင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ဆာရာဆိုတာၿမိဳ႕ ေတာ္ဝန္ လစ္ဇ္အယ္လ္ပါ့က "ဟာရီကိန္းမုန္တိုင္းမီလ္တန္က အသက္ရွင္လြတ္ေျမာက္ႏိုင္ေျခနည္းတဲ့ မုန္တိုင္းတစ္ခုပါ။ ျပည္သူေတြအားလုံးအေနနဲ႔ ခ်က္ခ်င္းေ႐ႊ႕ေျပာင္းမႈေတြကို လုပ္ေဆာင္ရပါမယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္ခန႔္က ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ ဟာရီကိန္းမုန္တိုင္းဟယ္လင္နာေၾကာင့္ ဖေလာ္ရီဒါျပည္နယ္ရဲ႕ အစိတ္အပိုင္းအေတာ္မ်ားမ်ားမွာ ပ်က္စီးဆုံးရႈံးမႈေတြရွိေနဆဲအခ်ိန္မွာပဲ ဟာရီကိန္းမုန္တိုင္းမီလ္တန္နဲ႔ပတ္သက္တဲ့ သတိေပးခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ ဟာရီကိန္းမုန္တိုင္းမီလ္တန္ဟာ တစ္နာရီလွ်င္ေလတိုက္ႏႈန္း(၃၂၀) ကီလိုမီတာေလာက္အထိတိုက္ခတ္ႏိုင္ၿပီး မႀကဳံစဖူး မိုးႀကိဳးပစ္ႏိုင္ေျခေတြနဲ႔အတူ အားေကာင္းၿပီးႀကီးမားတဲ့မုန္တိုင္းတစ္ခုျဖစ္တယ္လို႔ မိုးေလဝသပညာရွင္ေတြက ေျပာၾကားထားပါတယ္။

Related news

© 2021. All rights reserved.