စင်ကာပူပို့ဆောင်ရေးဝန်ကြီး အစ်ရှဝါရမ်ရဲ့လာဘ်စားမှုအပေါ် “စိတ်ပျက်မှုနဲ့အတူ စိတ်မကောင်းလည်း ဖြစ်ပါတယ်”လို့ မှတ်ချက်ပြုလိုက်တဲ့ ဝန်ကြီးချုပ်သစ် လောရင့်ဝေါင်းန်

 547

လင်းမြတ် (NP News) - အောက်တိုဘာ ၉

ကမ္ဘာ့မြေပုံထဲမှာ အခြားနိုင်ငံများအရွယ် အစားနှင့် နှိုင်းယှဉ်ပါတယ် အနီရောင်အစက်လေး တစက်မျှသာရှိသောကြောင့် အများအခေါ် (Red Dot) လို့ ခေါ်သမုတ်ခံရတယ် အရှေ့တောင်အာရှ မိသားစုဝင် မြို့ပြကျွန်းနိုင်ငံ (City State) (သို့မဟုတ်) စီးပွားရေးအင်အားကြီး ကုန်သွယ်မှုဆိပ်ကမ်းနိုင်ငံ စင်ကာပူနိုင်ငံဟာ အစိုးရ၏ တာဝန်ယူထားသော နိုင်ငံရေးရာထူးများဖြစ်ကြတဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊ ဝါရင့်ဝန်ကြီးများ၊ ဝန်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ လက်ရုံးတပ်ဦးစီးချုပ်များမှအစ အများပြည်သူဝန် ဆောင်မှု (Public Service) အစိုးရဆိုင်ရာ ရာထူးကြီးမှသည် အငယ်ဆုံးထိ ခံစားခွင့် လစာများမှာ ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ပါက အများဆုံးပေးထားပြီး အဂတိလိုက်စားမှု အကင်းဆုံးနိုင်ငံဖြစ်ကြောင်း လူသိများလှပါတယ်။

ဥပမာ အစိုးရပိုင်း ဝန်ကြီးများလစာအား လုပ်သက်၊ ကျွမ်းကျင်မှုနှင့် တာဝန်ယူ တာဝန်ခံနိုင်မှုများအရ ဝန်ကြီးအဆင့်(၄) MR-4 မှ ဝန်ကြီး အဆင့်(၁) MR-1 အထိ သတ်မှတ်ထားပြီး တစ်နှစ်လုံးစာ လစာဝင်ငွေများအားဖြင့် စင်ကာပူဒေါ်လာ (၉)သိန်း (၃)သောင်း (၅)ထောင် မှသည် (၁.၇၆) သန်းကျော်အထိ ရရှိပြီး၊ ဒုတိယဝန်ကြီးချုပ်များ၏ တစ်နှစ်လစာမှာ စင်ကာပူဒေါ်လာ (၁.၈၇)သန်းကျော်၊ ဝန်ကြီးချုပ်၏ တစ်နှစ်လစာမှာ စင်ကာပူဒေါ်လာ (၂.၂)သန်းနှင့် သမ္မတ၏ တစ်နှစ်လစာမှာ စင်ကာပူဒေါ်လာ (၁.၅၄)သန်းရရှိပါတယ်။ ထိုကဲ့သို့ ကမ္ဘာ့အမြင့်ဆုံး လစာများကို ခံစားခွင့် ပေးထားသည့်နည်းတူ နိုင်ငံတည်ထောင်သူ လီကွမ်ယု လက်ထက်ကပင် နည်းမျိုးစုံသော အဂတိလိုက်စားမှုများကို ကျောသားရင်သားမခွဲခြားပဲ အချိန်နှင့် တပြေးညီ အရေးယူ ကိုင်တွယ် အပြစ်ပေးလေ့ရှိပါတယ်။

ဝန်ကြီးချုပ်ဟောင်းလီရှန်လွန်း အနားမယူခင် အစိုးရအဖွဲ့ အကြီးအကဲ အနေဖြင့် ၎င်းထံသို့ အဂတိ စုံစမ်းရေးကော်မရှင်မှ ပို့ဆောင်ရေးဝန်ကြီး အစ်ရှဝါရမ် နှင့်ပက်သက်ပြီးစုံစမ်းဖော်ထုတ်ရရှိသော အချက်အလက်များအရ အဂတိ အမှုအချို့မှာ ဝန်ကြီးပါဝင်ပက်သက်နေကြောင်း အစီရင်ခံလာပါတယ်။ ထို့ကြောင့် လီရှန်လွန်းက ပို့ဆောင်ရေးဝန်ကြီး အစ်ရှဝါရမ်အား ခေါ်ယူတွေ့ဆုံပြီး လက်ရှိရာထူးအား ဒုတိယ ဝန်ကြီးထံချက်ခြင်း လွှဲ ပြောင်းကာ ရာထူးမှခွင့်ယူပြီး အဂတိစုံစမ်းရေးကော်မရှင်အား ပူးပေါင်းဆောင်ရွက်ရန်လမ်းညွှန်မှုနဲ့အတူ ဝန်ကြီးမှာ စတင်အစစ်ဆေးခံခဲ့ရပါတယ်။ ထို့နောက် စစ်ဆေးဖော်ထုတ်ရရှိသော် အချက်အလက်အထောက်အထားများမှာ ထင်ရှားသည်အတွက် ဝန်ကြီးအား ဝန်ကြီးရာထူး၊ ပါတီရာထူးမှ နှုတ်ထွက်စာတင်စေပြီး ဝန်ကြီးအား ပြည်သူ့ဝန်ထမ်း ဥပဒေပုဒ်မ အခန်း (၁၆၅) အရ ပြည်သူ့ ယုံကြည်မှု ပျက်ပြားစေခြင်း ဆွဲချက်ဖြင့် တရားရုံတင်ကာ လာဘ်ပေးမှုတွင်ပါဝင်သော ဆောက်လုပ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းကြီးများ၏ ပိုင်ရှင်သူဌေးကြီးများကိုပါ ဖမ်းဆီးကာ စတင်စစ်ဆေးမှုများ အဆတဆင့်ပြုလုပ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်သစ် လောရင့်ဝေါင်းန်လက်ထက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က ပို့ဆောင်ရေးဝန်ကြီး အစ်ရှဝါရမ်အား လာဘ်သပ်ပကာ လက်ခံခြင်း ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် (၁၂)လ ချမှတ်လိုက်ပါတယ်။ (လုပ်ငန်းရှင်ကြီးများထံမှ ဝန်ကြီးလက်ခံခဲ့သော လာဘ် သပ်ပကာများမှာအား အကျဉ်အားဖြင့် ဖော်ပြရလျှင်- Formula-1 ပြိုင်ကားပြိုင်ပွဲ အဆင့်အမြင့်ဆုံး ပွဲကြည့်လက်မှတ်၊ အင်္ဂလိပ်ပရီးမီးယားလိဒ်ပွဲကြည့်လက်မှတ်၊ အာရပ်နိုင်ငံ ဒိုဟာသို့ အသွားအပြန်အဆင့်မြင့် လေယာဉ်လက် မှတ်၊ ဟိုတယ်နှင့် ကုန်ကျစားရိတ်များ၊ အဆင့်မြင့် ဝီစကီ အရက်နှင့် ဝိုင် (၁၄)ပုလင်း၊ ဂေါက်တံအချို့၊ စင်ကာပူဒေါ်လာ (၈၀၀၀)ဝန်းကျင်တန် နာမည်ကြီး စက်ဘီး(၁)စီးတို့ပါဝင်ပါတယ်။)

စင်ကာပူ ပို့ဆောင်ရေးဝန်ကြီး အစ်ရှဝါရမ်အား လာဘ်စားမှုကြောင့် ထောင်ဒဏ်ချက်မှတ်လိုက်ချိန်မှာတော့ ဝန်ကြီး အစ်ရှဝါရမ်ထက် နိုင်ငံရေးလုပ်သက်နုသော်လည်း စင်ကာပူဝန်ကြီးချုပ် ဖြစ်လာသူ ဝန်ကြီးချုပ်သစ် လောရင့်ဝေါင်းန်က “စိတ်ပျက်မှုနဲ့အတူ စိတ်မကောင်းလည်းဖြစ်ပါတယ် ဒါပေမယ့် အမြဲတမ်း သန့်ရှင်းတဲ့ အစိုးရစနစ်အဖြစ် စံနမူနာပြဖြစ် နေဖို့အတွက် ဒါဟာ အစိုးရအနေနဲ့ လုပ်ကို လုပ်ရမယ့်တာဝန်ပဲ”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးချုပ် လောရင့်ဝေါင်းန်က ဝန်ကြီး အစ်ရှဝါရမ် ဟာ မိမိထက် ဝါရင့်သော ဝန်ကြီးတစ်ပါးဖြစ်ပြီး ယခုပြစ်မှုမတိုင်ခင်ထိ နိုင်ငံရေးလုပ်သက် (၂၅)နှစ်တိုင်အောင် ဝန်ကြီးဌာနများဖြစ်သော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှာ တိုင်းပြည်အတွက် များစွားတာဝန်ကျေ ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် ထိုသို့ဝန်ကြီး အစ်ရှဝါရမ်ရဲ့ ရှေးက ပေး ဆပ်ခဲ့မှု ရလာဘ်ကောင်းတွေဟာ ယနေ့ ဖော်ထုတ်တွေ့ရှိတဲ့ ၎င်းရဲ့ အမှားတွေကို အမှန်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း မရှိပါဘူး။

ကျွန်တော်တို့ အစိုးရတဖွဲ့လုံးနှင့်အတူ ကျွန်တော်တို့ဟာ ပြည်သူကို အမြင့်ဆုံးသော သရုပ်ပြမှုနှင့်အတူ သန့်ရှင်းသော အစိုးရရဲ့စံတန်ဖိုးကို ဆက်လက်ထိန်းသိမ်းသွားရမှာ ဖြစ်တယ်။ စင်ကာပူရဲ့စနစ်ဟာ ပြည်သူ့ဝန်ထမ်းများဟာ ပြည်သူအပေါ်အမြဲတာဝန်ခံရအောင်လုပ်ဆောင်ပြီး မည်သည့်စုံစမ်းမှုကိုမျှ ကာကွယ်ရှောင်ရှားပြီး ဥပဒေအထက်မှာ မရှိပါကြောင်း အာမခံကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ အစိုးရစနစ်ဟာ အမြဲတမ်းသန့် ရှင်းနေပြီး အဂတိအမှုများမှ အစဉ်ကင်းရှင်းနေရမှာဖြစ်ပါတယ် ဟု ပြည်သူကို အသိပေးခဲ့ပါတယ်။

စင်ကာပူရဲ့ ပြည်သူဝန်ထမ်းဆိုင်ရာ ယုံကြည်မှု ကျဆင်းစေခြင်းနှင့် အဂတိ လိုက်စားမှုတွေမှာ ငွေကြေး၊ လက်ဆောင်၊ လုပ်ငန်းအပေးအယူများသာမက၊ လုပ်ငန်းဆိုင်ရာ မလွတ်ကင်းသူများနှင့် အတူစားသောက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ပက်သက်ကြခြင်းများကအစ အကျုံးဝင်တာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံဟာ အစိုးရအဖွဲ့ဝင် နိုင်ငံတော်အဆင့် ရာထူကြီးများ၊ အဆင့်မြင့်နှင့် သာမာန် အစိုးရဝန်ထမ်းများ၏ အဂတိလိုက်စားမှုများကို အရေးယူရာမှာ စုံစမ်းစစ်ဆေးချိန်၊ ရုံတင်တရားဆွဲချိန်များပြီးသည်နှင့် ကျူးလွန်သူရဲ့ ထင်ရှားသည့် အဂတိပြစ်မှုများကို နေ့ရက်၊ လ၊ နှစ် အစဉ်လိုက် ချက်အလက်အတိအကျဖြင့် နိုင်ငံပိုင်သတင်းစာ၊ ဝက်ဘ်ဆိုဒ်၊ ရုပ်သံ မီဒီယာများတွင် ပြစ်မှုပြစ်ဒဏ်မည်မျှစီရင်လိုက်သည်ကိုပါ ယုံကြည်မှုရှိရှိ ဂုဏ်ယူစွာချပြလေ့ရှိပါတယ်။ ထို့အတူ လာဘ်ယူသူ အစိုးရဝန်ထမ်းနှင့် တစ်ပါတည်း လာဘ်ပေးသူများအားလည်း တရားစွဲဆိုကာ ထိရောက်စွာ ပြစ်မှုပြစ်ဒဏ်စီရင်ခြင်း လုပ်ငန်းနှင့် ဆက်နွယ်နေပါက လုပ်ငန်းအား ကြီးလေးသော ဒဏ်ငွေရိုက်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းများပါ ပြုလုပ်လေ့ရှိပါတယ်။ ထို့အပြင် ပါဝင်ပက်သူများ ဘဝမှာအရှက်ရဖွယ် ဖြစ်စေယုံမျှမက လူသိရှင် အဖော်ပြခံရစေခြင်းများကြောင့် အဂတိနှင့် ပက်သက်သူ၏ မိသားစုများပါ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ စိတ်မသက်သာ အနေခက်စေအောင် အများပြည်သူသို့သိရှိစေပြီး ပြည်သူ၏ အစိုးရအပေါ် ယုံကြည်မှု စိတ်ချမှုကို ချွင်းချက်မရှိ ဂုဏ်ယူစွာ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကြောင်းလေ့လာမှတ်သားရပါတယ်။

zawgyi version
စင္ကာပူပို႔ေဆာင္ေရးဝန္ႀကီး အစ္ရွဝါရမ္ရဲ႕လာဘ္စားမႈအေပၚ “စိတ္ပ်က္မႈနဲ႔အတူ စိတ္မေကာင္းလည္း ျဖစ္ပါတယ္”လို႔ မွတ္ခ်က္ျပဳလိုက္တဲ့ ဝန္ႀကီးခ်ဳပ္သစ္ ေလာရင့္ေဝါင္းန္
လင္းျမတ္ (NP News) - ေအာက္တိုဘာ ၉

ကမာၻ႔ေျမပုံထဲမွာ အျခားႏိုင္ငံမ်ားအ႐ြယ္ အစားႏွင့္ ႏႈိင္းယွဥ္ပါတယ္ အနီေရာင္အစက္ေလး တစက္မွ်သာရွိေသာေၾကာင့္ အမ်ားအေခၚ (Red Dot) လို႔ ေခၚသမုတ္ခံရတယ္ အေရွ႕ေတာင္အာရွ မိသားစုဝင္ ၿမိဳ႕ျပကြၽန္းႏိုင္ငံ (City State) (သို႔မဟုတ္) စီးပြားေရးအင္အားႀကီး ကုန္သြယ္မႈဆိပ္ကမ္းႏိုင္ငံ စင္ကာပူႏိုင္ငံဟာ အစိုးရ၏ တာဝန္ယူထားေသာ ႏိုင္ငံေရးရာထူးမ်ားျဖစ္ၾကတဲ့ သမၼတ၊ ဝန္ႀကီးခ်ဳပ္၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဝါရင့္ဝန္ႀကီးမ်ား၊ ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ ဥကၠ႒၊ အၿမဲတမ္းအတြင္းဝန္၊ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္၊ လက္႐ုံးတပ္ဦးစီးခ်ဳပ္မ်ားမွအစ အမ်ားျပည္သူဝန္ ေဆာင္မႈ (Public Service) အစိုးရဆိုင္ရာ ရာထူးႀကီးမွသည္ အငယ္ဆုံးထိ ခံစားခြင့္ လစာမ်ားမွာ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ယွဥ္ပါက အမ်ားဆုံးေပးထားၿပီး အဂတိလိုက္စားမႈ အကင္းဆုံးႏိုင္ငံျဖစ္ေၾကာင္း လူသိမ်ားလွပါတယ္။

ဥပမာ အစိုးရပိုင္း ဝန္ႀကီးမ်ားလစာအား လုပ္သက္၊ ကြၽမ္းက်င္မႈႏွင့္ တာဝန္ယူ တာဝန္ခံႏိုင္မႈမ်ားအရ ဝန္ႀကီးအဆင့္(၄) MR-4 မွ ဝန္ႀကီး အဆင့္(၁) MR-1 အထိ သတ္မွတ္ထားၿပီး တစ္ႏွစ္လုံးစာ လစာဝင္ေငြမ်ားအားျဖင့္ စင္ကာပူေဒၚလာ (၉)သိန္း (၃)ေသာင္း (၅)ေထာင္ မွသည္ (၁.၇၆) သန္းေက်ာ္အထိ ရရွိၿပီး၊ ဒုတိယဝန္ႀကီးခ်ဳပ္မ်ား၏ တစ္ႏွစ္လစာမွာ စင္ကာပူေဒၚလာ (၁.၈၇)သန္းေက်ာ္၊ ဝန္ႀကီးခ်ဳပ္၏ တစ္ႏွစ္လစာမွာ စင္ကာပူေဒၚလာ (၂.၂)သန္းႏွင့္ သမၼတ၏ တစ္ႏွစ္လစာမွာ စင္ကာပူေဒၚလာ (၁.၅၄)သန္းရရွိပါတယ္။ ထိုကဲ့သို႔ ကမာၻ႔အျမင့္ဆုံး လစာမ်ားကို ခံစားခြင့္ ေပးထားသည့္နည္းတူ ႏိုင္ငံတည္ေထာင္သူ လီကြမ္ယု လက္ထက္ကပင္ နည္းမ်ိဳးစုံေသာ အဂတိလိုက္စားမႈမ်ားကို ေက်ာသားရင္သားမခြဲျခားပဲ အခ်ိန္ႏွင့္ တေျပးညီ အေရးယူ ကိုင္တြယ္ အျပစ္ေပးေလ့ရွိပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းလီရွန္လြန္း အနားမယူခင္ အစိုးရအဖြဲ႕ အႀကီးအကဲ အေနျဖင့္ ၎ထံသို႔ အဂတိ စုံစမ္းေရးေကာ္မရွင္မွ ပို႔ေဆာင္ေရးဝန္ႀကီး အစ္ရွဝါရမ္ ႏွင့္ပက္သက္ၿပီးစုံစမ္းေဖာ္ထုတ္ရရွိေသာ အခ်က္အလက္မ်ားအရ အဂတိ အမႈအခ်ိဳ႕မွာ ဝန္ႀကီးပါဝင္ပက္သက္ေနေၾကာင္း အစီရင္ခံလာပါတယ္။ ထို႔ေၾကာင့္ လီရွန္လြန္းက ပို႔ေဆာင္ေရးဝန္ႀကီး အစ္ရွဝါရမ္အား ေခၚယူေတြ႕ဆုံၿပီး လက္ရွိရာထူးအား ဒုတိယ ဝန္ႀကီးထံခ်က္ျခင္း လႊဲ ေျပာင္းကာ ရာထူးမွခြင့္ယူၿပီး အဂတိစုံစမ္းေရးေကာ္မရွင္အား ပူးေပါင္းေဆာင္႐ြက္ရန္လမ္းၫႊန္မႈနဲ႔အတူ ဝန္ႀကီးမွာ စတင္အစစ္ေဆးခံခဲ့ရပါတယ္။ ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ရရွိေသာ္ အခ်က္အလက္အေထာက္အထားမ်ားမွာ ထင္ရွားသည္အတြက္ ဝန္ႀကီးအား ဝန္ႀကီးရာထူး၊ ပါတီရာထူးမွ ႏႈတ္ထြက္စာတင္ေစၿပီး ဝန္ႀကီးအား ျပည္သူ႔ဝန္ထမ္း ဥပေဒပုဒ္မ အခန္း (၁၆၅) အရ ျပည္သူ႔ ယုံၾကည္မႈ ပ်က္ျပားေစျခင္း ဆြဲခ်က္ျဖင့္ တရား႐ုံတင္ကာ လာဘ္ေပးမႈတြင္ပါဝင္ေသာ ေဆာက္လုပ္ေရးႏွင့္ သက္ဆိုင္သည့္ လုပ္ငန္းႀကီးမ်ား၏ ပိုင္ရွင္သူေဌးႀကီးမ်ားကိုပါ ဖမ္းဆီးကာ စတင္စစ္ေဆးမႈမ်ား အဆတဆင့္ျပဳလုပ္ခဲ့ၾကပါတယ္။

ဝန္ႀကီးခ်ဳပ္သစ္ ေလာရင့္ေဝါင္းန္လက္ထက္ ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလ (၃)ရက္ေန႔က ပို႔ေဆာင္ေရးဝန္ႀကီး အစ္ရွဝါရမ္အား လာဘ္သပ္ပကာ လက္ခံျခင္း ျပစ္မႈထင္ရွားသျဖင့္ တရား႐ုံးက ေထာင္ဒဏ္ (၁၂)လ ခ်မွတ္လိုက္ပါတယ္။ (လုပ္ငန္းရွင္ႀကီးမ်ားထံမွ ဝန္ႀကီးလက္ခံခဲ့ေသာ လာဘ္ သပ္ပကာမ်ားမွာအား အက်ဥ္အားျဖင့္ ေဖာ္ျပရလွ်င္- Formula-1 ၿပိဳင္ကားၿပိဳင္ပြဲ အဆင့္အျမင့္ဆုံး ပြဲၾကည့္လက္မွတ္၊ အဂၤလိပ္ပရီးမီးယားလိဒ္ပြဲၾကည့္လက္မွတ္၊ အာရပ္ႏိုင္ငံ ဒိုဟာသို႔ အသြားအျပန္အဆင့္ျမင့္ ေလယာဥ္လက္ မွတ္၊ ဟိုတယ္ႏွင့္ ကုန္က်စားရိတ္မ်ား၊ အဆင့္ျမင့္ ဝီစကီ အရက္ႏွင့္ ဝိုင္ (၁၄)ပုလင္း၊ ေဂါက္တံအခ်ိဳ႕၊ စင္ကာပူေဒၚလာ (၈၀၀၀)ဝန္းက်င္တန္ နာမည္ႀကီး စက္ဘီး(၁)စီးတို႔ပါဝင္ပါတယ္။)

စင္ကာပူ ပို႔ေဆာင္ေရးဝန္ႀကီး အစ္ရွဝါရမ္အား လာဘ္စားမႈေၾကာင့္ ေထာင္ဒဏ္ခ်က္မွတ္လိုက္ခ်ိန္မွာေတာ့ ဝန္ႀကီး အစ္ရွဝါရမ္ထက္ ႏိုင္ငံေရးလုပ္သက္ႏုေသာ္လည္း စင္ကာပူဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ ဝန္ႀကီးခ်ဳပ္သစ္ ေလာရင့္ေဝါင္းန္က “စိတ္ပ်က္မႈနဲ႔အတူ စိတ္မေကာင္းလည္းျဖစ္ပါတယ္ ဒါေပမယ့္ အၿမဲတမ္း သန႔္ရွင္းတဲ့ အစိုးရစနစ္အျဖစ္ စံနမူနာျပျဖစ္ ေနဖို႔အတြက္ ဒါဟာ အစိုးရအေနနဲ႔ လုပ္ကို လုပ္ရမယ့္တာဝန္ပဲ”လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဆက္လက္ၿပီး ဝန္ႀကီးခ်ဳပ္ ေလာရင့္ေဝါင္းန္က ဝန္ႀကီး အစ္ရွဝါရမ္ ဟာ မိမိထက္ ဝါရင့္ေသာ ဝန္ႀကီးတစ္ပါးျဖစ္ၿပီး ယခုျပစ္မႈမတိုင္ခင္ထိ ႏိုင္ငံေရးလုပ္သက္ (၂၅)ႏွစ္တိုင္ေအာင္ ဝန္ႀကီးဌာနမ်ားျဖစ္ေသာ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ ဝန္ႀကီးဌာန၊ ကုန္သြယ္ေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ပို႔ေဆာင္ေရးဝန္ႀကီးဌာနတို႔မွာ တိုင္းျပည္အတြက္ မ်ားစြားတာဝန္ေက် ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သို႔ေသာ္ ထိုသို႔ဝန္ႀကီး အစ္ရွဝါရမ္ရဲ႕ ေရွးက ေပး ဆပ္ခဲ့မႈ ရလာဘ္ေကာင္းေတြဟာ ယေန႔ ေဖာ္ထုတ္ေတြ႕ရွိတဲ့ ၎ရဲ႕ အမွားေတြကို အမွန္အျဖစ္ ေျပာင္းလဲေပးႏိုင္စြမ္း မရွိပါဘူး။

ကြၽန္ေတာ္တို႔ အစိုးရတဖြဲ႕လုံးႏွင့္အတူ ကြၽန္ေတာ္တို႔ဟာ ျပည္သူကို အျမင့္ဆုံးေသာ သ႐ုပ္ျပမႈႏွင့္အတူ သန႔္ရွင္းေသာ အစိုးရရဲ႕စံတန္ဖိုးကို ဆက္လက္ထိန္းသိမ္းသြားရမွာ ျဖစ္တယ္။ စင္ကာပူရဲ႕စနစ္ဟာ ျပည္သူ႔ဝန္ထမ္းမ်ားဟာ ျပည္သူအေပၚအၿမဲတာဝန္ခံရေအာင္လုပ္ေဆာင္ၿပီး မည္သည့္စုံစမ္းမႈကိုမွ် ကာကြယ္ေရွာင္ရွားၿပီး ဥပေဒအထက္မွာ မရွိပါေၾကာင္း အာမခံၾကရမွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႕နဲ႔ အစိုးရစနစ္ဟာ အၿမဲတမ္းသန႔္ ရွင္းေနၿပီး အဂတိအမႈမ်ားမွ အစဥ္ကင္းရွင္းေနရမွာျဖစ္ပါတယ္ ဟု ျပည္သူကို အသိေပးခဲ့ပါတယ္။

စင္ကာပူရဲ႕ ျပည္သူဝန္ထမ္းဆိုင္ရာ ယုံၾကည္မႈ က်ဆင္းေစျခင္းႏွင့္ အဂတိ လိုက္စားမႈေတြမွာ ေငြေၾကး၊ လက္ေဆာင္၊ လုပ္ငန္းအေပးအယူမ်ားသာမက၊ လုပ္ငန္းဆိုင္ရာ မလြတ္ကင္းသူမ်ားႏွင့္ အတူစားေသာက္ျခင္း၊ လိင္ပိုင္းဆိုင္ရာ ပက္သက္ၾကျခင္းမ်ားကအစ အက်ဳံးဝင္တာျဖစ္ပါတယ္။ စကၤာပူႏိုင္ငံဟာ အစိုးရအဖြဲ႕ဝင္ ႏိုင္ငံေတာ္အဆင့္ ရာထူႀကီးမ်ား၊ အဆင့္ျမင့္ႏွင့္ သာမာန္ အစိုးရဝန္ထမ္းမ်ား၏ အဂတိလိုက္စားမႈမ်ားကို အေရးယူရာမွာ စုံစမ္းစစ္ေဆးခ်ိန္၊ ႐ုံတင္တရားဆြဲခ်ိန္မ်ားၿပီးသည္ႏွင့္ က်ဴးလြန္သူရဲ႕ ထင္ရွားသည့္ အဂတိျပစ္မႈမ်ားကို ေန႔ရက္၊ လ၊ ႏွစ္ အစဥ္လိုက္ ခ်က္အလက္အတိအက်ျဖင့္ ႏိုင္ငံပိုင္သတင္းစာ၊ ဝက္ဘ္ဆိုဒ္၊ ႐ုပ္သံ မီဒီယာမ်ားတြင္ ျပစ္မႈျပစ္ဒဏ္မည္မွ်စီရင္လိုက္သည္ကိုပါ ယုံၾကည္မႈရွိရွိ ဂုဏ္ယူစြာခ်ျပေလ့ရွိပါတယ္။ ထို႔အတူ လာဘ္ယူသူ အစိုးရဝန္ထမ္းႏွင့္ တစ္ပါတည္း လာဘ္ေပးသူမ်ားအားလည္း တရားစြဲဆိုကာ ထိေရာက္စြာ ျပစ္မႈျပစ္ဒဏ္စီရင္ျခင္း လုပ္ငန္းႏွင့္ ဆက္ႏြယ္ေနပါက လုပ္ငန္းအား ႀကီးေလးေသာ ဒဏ္ေငြ႐ိုက္ျခင္း၊ ျပစ္ဒဏ္ေပးျခင္းမ်ားပါ ျပဳလုပ္ေလ့ရွိပါတယ္။ ထို႔အျပင္ ပါဝင္ပက္သူမ်ား ဘဝမွာအရွက္ရဖြယ္ ျဖစ္ေစယုံမွ်မက လူသိရွင္ အေဖာ္ျပခံရေစျခင္းမ်ားေၾကာင့္ အဂတိႏွင့္ ပက္သက္သူ၏ မိသားစုမ်ားပါ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းမွာ စိတ္မသက္သာ အေနခက္ေစေအာင္ အမ်ားျပည္သူသို႔သိရွိေစၿပီး ျပည္သူ၏ အစိုးရအေပၚ ယုံၾကည္မႈ စိတ္ခ်မႈကို ခြၽင္းခ်က္မရွိ ဂုဏ္ယူစြာ ဆက္လက္ထိန္းသိမ္းထားႏိုင္ဆဲ ျဖစ္ေၾကာင္းေလ့လာမွတ္သားရပါတယ္။

Picture

Mr John

09/10/2024 17:55

မတန်လိုက်တာဝန်ကြီးရာခင်ဗျားမြန်မာပြည်မှာဆို တစ်သက်စားမကုန်အောင် လာဘ်စားလည်း ထောင်မကျအလုပ်မပြုတ်တဲ့အပြင် ခင်းဗျားကို ဘုရားထူးပြီးဘောမကြပြီးဝန်းရံမဲ့လူဒုနဲ့ဒေး

Related news

© 2021. All rights reserved.