အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးကိုဖြေရှင်းနိုင်ရန် အဆိုပြုကမ်းလှမ်းချက်အသစ်များလုပ်ဆောင်မည်ဟု ထိုင်းအစိုးရပြော

 824

ဂျန်ဇက် (NP News) - အောက်တိုဘာ ၉

ထိုင်းအစိုးရသည် အောက်တိုဘာ ၉ ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးကိုဖြေရှင်းနိုင်မည့် နည်းလမ်းအစီအစဉ်အသစ်များ အဆိုပြုတင်သွားဖွယ်ရှိနေကြောင်းသိရသည်။

အဆိုပါထိပ်သီးအစည်းအဝေးအတွင်း အာဆီယံနိုင်ငံများ၏ခေါင်းဆောင်များသည် မြန်မာအရေးကို ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းအစိုးရသည် လူပေါင်းသန်းချီနေရပ်စွန့်ခွာနေရသည့် မြန်မာအရေးကို အဖြေရှာရန်ကြိုးပမ်းမှုအဖြစ် ဒီဇင်ဘာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအလွတ်သဘောတွေ့ဆုံဆွေးနွေးမည့် ဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူနီကွမ်ဒီ ဘလန်ကူရာက " မြန်မာအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးအဖြေရတာတွေ့မြင်လိုတယ်။ ထိုင်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိစေဖို့ ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အဆင့်သင့်ရှိနေတယ်။ မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ကနဦးကြိုးပမ်းမှုတွေဟာ အာဆီယံရဲ့လက်ရှိကြိုးပမ်းမှုတွေကို အားဖြည့်ပေးမှာဖြစ်တယ်'ဟု ပြောသည်။ မြန်မာအရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံနိုင်ငံ(၁ဝ)နိုင်ငံ၏အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အာဆီယံဒေသအပြင်ဘက်မှ နိုင်ငံပေါင်းမည်မျှပါဝင်မည်ဆိုသည့်အချက်ကို မသိသေးကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။ မြန်မာအစိုးရကိုယ်စားလှယ်များသည် အောက်တိုဘာ ၈ ရက်နေ့က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးအတွင်း မြန်မာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရာတွင် SAC အဖွဲ့အပေါ် နားလည်မှုရှိပြီး အားတက်စေမည့် ကိစ္စများပြောဆိုရန် တောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှရေးရာထိပ်တန်းသံတမန်တစ်ဦးက မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်မှုများကိုလျှော့ချရန်၊ ဖမ်းဆီးထားသောနိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန် နှင့် အတိုက်ခံများနှင့်တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းအားထုတ်ရာတွင် တိုးတက်မှုမရှိကြောင်း ဝေဖန်ထားသည်။

zawgyi version
အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ျမန္မာ့အေရးကိုေျဖရွင္းႏိုင္ရန္ အဆိုျပဳကမ္းလွမ္းခ်က္အသစ္မ်ားလုပ္ေဆာင္မည္ဟု ထိုင္းအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၉

ထိုင္းအစိုးရသည္ ေအာက္တိုဘာ ၉ ရက္ေန႔တြင္ စတင္က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ျမန္မာအေရးကိုေျဖရွင္းႏိုင္မည့္ နည္းလမ္းအစီအစဥ္အသစ္မ်ား အဆိုျပဳတင္သြားဖြယ္ရွိေနေၾကာင္းသိရသည္။

အဆိုပါထိပ္သီးအစည္းအေဝးအတြင္း အာဆီယံႏိုင္ငံမ်ား၏ေခါင္းေဆာင္မ်ားသည္ ျမန္မာအေရးကို ေျဖရွင္းႏိုင္ရန္ နည္းလမ္းရွာေဖြမည္ျဖစ္ေၾကာင္းသိရသည္။ ထိုင္းအစိုးရသည္ လူေပါင္းသန္းခ်ီေနရပ္စြန႔္ခြာေနရသည့္ ျမန္မာအေရးကို အေျဖရွာရန္ႀကိဳးပမ္းမႈအျဖစ္ ဒီဇင္ဘာလအတြင္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမည့္ ေဆြးေႏြးပြဲကိုအိမ္ရွင္အျဖစ္လက္ခံက်င္းပရန္ ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူနီကြမ္ဒီ ဘလန္ကူရာက " ျမန္မာအေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးအေျဖရတာေတြ႕ျမင္လိုတယ္။ ထိုင္းဟာ ျမန္မာႏိုင္ငံမွာ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေစဖို႔ ႀကိဳးပမ္းေနတဲ့ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔အဆင့္သင့္ရွိေနတယ္။ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး ထိုင္းႏိုင္ငံရဲ႕ကနဦးႀကိဳးပမ္းမႈေတြဟာ အာဆီယံရဲ႕လက္ရွိႀကိဳးပမ္းမႈေတြကို အားျဖည့္ေပးမွာျဖစ္တယ္'ဟု ေျပာသည္။ ျမန္မာအေရးႏွင့္ပတ္သက္ၿပီး ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ အာဆီယံႏိုင္ငံ(၁ဝ)ႏိုင္ငံ၏အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးပြဲကို အာဆီယံေဒသအျပင္ဘက္မွ ႏိုင္ငံေပါင္းမည္မွ်ပါဝင္မည္ဆိုသည့္အခ်က္ကို မသိေသးေၾကာင္း ၎ကထပ္မံေျပာဆိုခဲ့သည္။ ျမန္မာအစိုးရကိုယ္စားလွယ္မ်ားသည္ ေအာက္တိုဘာ ၈ ရက္ေန႔က က်င္းပခဲ့ေသာ အာဆီယံႏိုင္ငံျခား ေရးဝန္ႀကီးမ်ားအစည္းအေဝးအတြင္း ျမန္မာအေရးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးရာတြင္ SAC အဖြဲ႕အေပၚ နားလည္မႈရွိၿပီး အားတက္ေစမည့္ ကိစၥမ်ားေျပာဆိုရန္ ေတာင္းဆိုခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာ ေရးဆိုခြင့္ရွိသူက ထပ္မံေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အေရွ႕အာရွေရးရာထိပ္တန္းသံတမန္တစ္ဦးက ျမန္မာအစိုးရအေနျဖင့္ အၾကမ္းဖက္မႈမ်ားကိုေလွ်ာ့ခ်ရန္၊ ဖမ္းဆီးထားေသာႏိုင္ငံေရးသမားမ်ားကို ျပန္လႊတ္ေပးရန္ ႏွင့္ အတိုက္ခံမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးရန္ ႀကိဳးပမ္းအားထုတ္ရာတြင္ တိုးတက္မႈမရွိေၾကာင္း ေဝဖန္ထားသည္။

Related news

© 2021. All rights reserved.