မြန်မာ့အရေးက အာဆီယံအတွက်ကြီးမားသောစိန်ခေါ်မှုအဖြစ်ရှိနေဟု အင်ဒိုနီးရှားဒုတိယသမ္မတပြော

 585

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁ဝ

အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတက မြန်မာ့အရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေရကာ အာဆီယံအဖွဲ့အတွက်ကြီးမားသော စိန်ခေါ်မှုအဖြစ်ရှိနေကြောင်း လာအိုနိုင်ငံတွင် ကျင်းပနေသော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများသည် မြန်မာပြည်သူများကို တွေ့ကြုံခံစားစေရုံသာမက ဒေသအတွင်းတည်ငြိမ်ရေးကိုလည်း ခြိမ်းခြောက်လျက်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတဖြစ်သူ Ma'ruf Amin က ပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာအရေးကို ဖြေရှင်းရေးကြိုးပမ်းချိန်အတွင်းဘင်္ဂါလီအရေးကိစ္စကိုလည်း အဖြေရှာသွားရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကိုဖြေရှင်းရန် ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်သည်ဘုံရည်မှန်းချက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သကဲ့သို့ အဓိကရည်ညွှန်းစရာအဖြစ် ရှိနေမည်ဖြစ်ကြောင်း အင်ဒိုနီးရှားဒုတိယသမ္မတက ပြောသည်။ လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော အာဆီယံထိပ်သီးအစည်း အဝေးအတွင်း တောင်တရုတ်ပင်လယ်အရေးအပြင် မြန်မာအရေးကိုအဓိက ထားဆွေးနွေးခဲ့ပြီး မြန်မာအစိုးရက ယခုနှစ်ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ရန် နိုင်ငံရေးနှင့်မပတ်သက်သောကိုယ်စား လှယ်ကို သုံးနှစ်ကျော်အတွင်းပထမဆုံးအကြိမ်ပြန်လည်စေလွှတ်ခဲ့သည်။

လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော အာဆီယံထိပ်သီးအစည်းဝေးကို မလေးရှားဝန်ကြီးချုပ်၊ စင်ကာပူဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်၊ ဘရူးနိုင်းဝန်ကြီးချုပ် အပါအဝင် အာဆီယံဒေသအတွင်းမှ နိုင်ငံခေါင်းဆောင်အများစုတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကတော့ နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်တက်ရောက်ခဲ့ကြောင်းသိရသည်။

zawgyi version
ျမန္မာ့အေရးက အာဆီယံအတြက္ႀကီးမားေသာစိန္ေခၚမႈအျဖစ္ရွိေနဟု အင္ဒိုနီးရွားဒုတိယသမၼတေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁ဝ

အင္ဒိုနီးရွားႏိုင္ငံ ဒုတိယသမၼတက ျမန္မာ့အေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈျဖစ္ေနရကာ အာဆီယံအဖြဲ႕အတြက္ႀကီးမားေသာ စိန္ေခၚမႈအျဖစ္ရွိေနေၾကာင္း လာအိုႏိုင္ငံတြင္ က်င္းပေနေသာ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ားသည္ ျမန္မာျပည္သူမ်ားကို ေတြ႕ႀကဳံခံစားေစ႐ုံသာမက ေဒသအတြင္းတည္ၿငိမ္ေရးကိုလည္း ၿခိမ္းေျခာက္လ်က္ရွိေနေၾကာင္း အင္ဒိုနီးရွားႏိုင္ငံ ဒုတိယသမၼတျဖစ္သူ Ma'ruf Amin က ေျပာသည္။

အာဆီယံအဖြဲ႕အေနျဖင့္ ျမန္မာအေရးကို ေျဖရွင္းေရးႀကိဳးပမ္းခ်ိန္အတြင္းဘဂၤါလီအေရးကိစၥကိုလည္း အေျဖရွာသြားရမည္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာသည္။ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ားကိုေျဖရွင္းရန္ ႀကိဳးပမ္းရာတြင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္သည္ဘုံရည္မွန္းခ်က္အျဖစ္ ဆက္လက္ရွိေနမည္ျဖစ္သကဲ့သို႔ အဓိကရည္ၫႊန္းစရာအျဖစ္ ရွိေနမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွားဒုတိယသမၼတက ေျပာသည္။ လာအိုႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနေသာ အာဆီယံထိပ္သီးအစည္း အေဝးအတြင္း ေတာင္တ႐ုတ္ပင္လယ္အေရးအျပင္ ျမန္မာအေရးကိုအဓိက ထားေဆြးေႏြးခဲ့ၿပီး ျမန္မာအစိုးရက ယခုႏွစ္က်င္းပေသာ အာဆီယံထိပ္သီးအစည္းအေဝးကိုတက္ေရာက္ရန္ ႏိုင္ငံေရးႏွင့္မပတ္သက္ေသာကိုယ္စား လွယ္ကို သုံးႏွစ္ေက်ာ္အတြင္းပထမဆုံးအႀကိမ္ျပန္လည္ေစလႊတ္ခဲ့သည္။

လာအိုႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပေနေသာ အာဆီယံထိပ္သီးအစည္းေဝးကို မေလးရွားဝန္ႀကီးခ်ဳပ္၊ စင္ကာပူဝန္ႀကီးခ်ဳပ္၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၊ ထိုင္းဝန္ႀကီးခ်ဳပ္၊ ဘ႐ူးႏိုင္းဝန္ႀကီးခ်ဳပ္ အပါအဝင္ အာဆီယံေဒသအတြင္းမွ ႏိုင္ငံေခါင္းေဆာင္အမ်ားစုတက္ေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံကေတာ့ ႏိုင္ငံေရးႏွင့္မပတ္သက္ေသာ ကိုယ္စားလွယ္တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.