တိကျပြီးသေစေလောက်တဲ့ လက်တုံ့ပြန်မှုတွေကို အီရန်ရင်ဆိုင်ရမယ်လို့ အစ္စရေးစစ်ဘက် ခြိမ်းခြောက်

 566

Pika (NP News) - အောက်တိုဘာ ၁ဝ

အီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုအပေါ် အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေက တိကျပြီး သေစေလောက်တဲ့ လက်တုံ့ပြန်မှုမျိုးတွေ ဖြစ်လိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က သတိပေးပြောဆိုခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ အီရန်ဟာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဟားမတ်စ်လက်နက် ကိုင်အဖွဲ့နဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ ခေါင်းဆောင်တွေကို အစ္စရေးရဲ့လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ယခုလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အီရန်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။Yoav Gallant က "အီရန်ရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ပြင်းထန်ပေမယ့် တိကျမှုတွေမရှိပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ လက်တုံ့ပြန်မှုတွေကတော့ တိကျပြီး သေစေလောက်တဲ့လက်တုံ့ပြန်မှုမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ သူတို့ဘယ်တော့မှသိရမှာမဟုတ်ပါဘူး။ သူတို့က ဒီအတိုင်းရလဒ်တွေကို တွေ့မြင်ရမှာပါ"လို့ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အစ္စရေးနဲ့ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ နှစ်ရက်ဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် အစ္စရေးနဲ့လက်ဘနွန်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့အောက်တိုဘာလ(၁)ရက်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ပြီး မကြာခင်မှာပဲ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ (၂ဝဝ)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

zawgyi version
တိက်ၿပီးေသေစေလာက္တဲ့ လက္တုံ႔ျပန္မႈေတြကို အီရန္ရင္ဆိုင္ရမယ္လို႔ အစၥေရးစစ္ဘက္ ၿခိမ္းေျခာက္
Pika (NP News) - ေအာက္တိုဘာ ၁ဝ

အီရန္ကဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈအေပၚ အစၥေရးရဲ႕ လက္တုံ႔ျပန္မႈေတြက တိက်ၿပီး ေသေစေလာက္တဲ့ လက္တုံ႔ျပန္မႈမ်ိဳးေတြ ျဖစ္လိမ့္မယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant က သတိေပးေျပာဆိုခဲ့ပါတယ္။

ယခုလအေစာပိုင္းမွာ အီရန္ဟာ အစၥေရးကို ဒုံးက်ည္အစင္းေရ(၂ဝဝ)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဟားမတ္စ္လက္နက္ ကိုင္အဖြဲ႕နဲ႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ ေခါင္းေဆာင္ေတြကို အစၥေရးရဲ႕လုပ္ႀကံသတ္ျဖတ္မႈေတြေၾကာင့္ ယခုလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အီရန္ဘက္ကသတင္းထုတ္ျပန္ထားပါတယ္။Yoav Gallant က "အီရန္ရဲ႕ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈဟာ ျပင္းထန္ေပမယ့္ တိက်မႈေတြမရွိပါဘူး။ ဒါေပမဲ့ကြၽန္ေတာ္တို႔ရဲ႕ လက္တုံ႔ျပန္မႈေတြကေတာ့ တိက်ၿပီး ေသေစေလာက္တဲ့လက္တုံ႔ျပန္မႈမ်ိဳးေတြ ျဖစ္ပါလိမ့္မယ္။ ဘယ္ေနရာမွာ ဘယ္လိုျဖစ္သြားမယ္ဆိုတာ သူတို႔ဘယ္ေတာ့မွသိရမွာမဟုတ္ပါဘူး။ သူတို႔က ဒီအတိုင္းရလဒ္ေတြကို ေတြ႕ျမင္ရမွာပါ"လို႔ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ အစၥေရးနဲ႔ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြ နဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့လက လက္ဘႏြန္ႏိုင္ငံတြင္းမွာ ေထာင္နဲ႔ခ်ီတဲ့ အီလက္ထေရာနစ္ပစၥည္းေတြ ႏွစ္ရက္ဆက္တိုက္ေပါက္ကြဲခဲ့ၿပီးေနာက္ အစၥေရးနဲ႔လက္ဘႏြန္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့ျပင္ ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁)ရက္ေန႔မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံတြင္းကို ေျမျပင္ထိုးစစ္ဆင္မႈေတြစတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးက ေျမျပင္ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ၿပီး မၾကာခင္မွာပဲ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ (၂ဝဝ)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ေဒသတြင္းမွာ တင္းမာမႈေတြ ပိုမိုအရွိန္ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.