ရှမ်းမြောက်တိုက်ပွဲ မန္တလေးသို့ကူးစက်လာစဥ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ခြိမ်းခြောက်‌ငွေညှစ်ခံရသည့်ဖြစ်စဥ် ပိုမိုဖြစ်ပွားလာနေ၍ လုံခြုံရေးတင်းကြပ်ပေးရန် တောင်းဆိုမှုများရှိ

 1293

ယွန်း (NP News) - အောက်တိုဘာ ၁ဝ

ရှမ်းမြောက်တိုက်ပွဲ မန္တလေးသို့ကူးစက်လာစဥ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ခြိမ်းခြောက်‌ငွေညှစ်ခံရသည့်ဖြစ်စဥ် ပိုမိုဖြစ်ပွားလာနေ၍ လုံခြုံရေးတင်းကြပ်ပေးရန် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့က အကြံပြုထားသည်။

ပြီးခဲ့သော ကာလများတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းစစ်မီးသည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းသို့ ဆက်လက်ကူးစက်လာခဲ့ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ အဆိုပါတိုက်ပွဲများသည် မန္တလေးမြို့ပေါ်အထိ ကူးစက်လာမည်ကိုလည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိနေသကဲ့သို့ ‌ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံသို့လည်း စာပေးပို့ ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံနေသည့်ဖြစ်စဥ်များ ပိုမိုဖြစ်ပွားလာကြောင်း လုပ်ငန်းတစ်ချို့က NP News ကိုပြောသည်။

"ကျွန်တော်ဆိုရင် သုံးကြိမ်တိတိကို ခြိမ်းခြောက်စာအပေးခံရဖူးတယ်။ လုပ်ငန်းဆက်မလုပ်ဖို့နဲ့။ စစ်အစိုးရနဲ့ ပူးပေါင်းမလုပ်ဖို့ဆိုပြီး အပို့ခံရတယ်။ နောက်ပိုင်းကျတော့လည်း အခွန်ပေးဖို့ဆိုတဲ့စာရွက်မျိုးတွေ အထိကို အပေးခံရဖူးတယ်။ အဲဒီတုန်းကဆိုရင် အခွန်မဆောင်တဲ့ကုမ္ပဏီတွေကို Blacklist ထည့်မယ်ဆိုတဲ့ သူတို့ရဲ့ အခွန်ဝန်ကြီးဌာနကိုယ်တိုင်က အီးမေးလ်ပို့တာတွေတောင် ရှိတယ်။ စိတ်အနှောင့်အယှက်ဖြစ်ရတာပေါ့။ ဂရုမစိုက်ရင်လည်း ဘာမှတော့မဖြစ်ပါဘူး"ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

နိုင်ငံရေးအခင်းအကျင်းစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၁ ခုနှစ်တွင် ပြည်တွင်းရှိလုပ်ငန်းရှင်များထံ ခြိမ်းခြောက်စာပေးပို့ခံရမှု အများအပြားရှိခဲ့ရာ လက်ရှိကာလတွင် မန္တလေးမြို့ရှိ လုပ်ငန်းရှင်များထံသို့ ခြိမ်းခြောက်စာပေးပို့ခံရမှု ယခင်ထက်ပိုများလာကြောင်း သိရသည်။

"အခုကပြန်များလာတာ။ မန္တလေးသိမ်းမယ်တို့ဘာတို့ ပြောထားတာတွေရှိတော့ လူတွေအကြောက်တရားဝင်တဲ့အချိန်မှာ ပြန်လုပ်ကြတာ။ အစပိုင်း ၁နှစ်၊ ၂နှစ်လောက်မှာတော့ အကုန်လုံး ကြောက်နေတဲ့အချိန်မှာ ဒါမျိုးလုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ကြားထဲမှာ မကြောက်ကြတော့ဘူး အေးအေးဆေး ဆေးဖြစ်သွားတော့ သူတို့လည်းလုပ်လို့မရတော့ဘူး။ အခုကျတော့ လားရှိုး သိမ်းပြီး‌နောက်ပိုင်းမှာ မန္တလေးသိမ်းမယ်ဆိုပြီး သတင်းတွေထွက်နေတော့ လုပ်ငန်းရှင်တွေ ပြန်လန့်လာတဲ့အချိန်မှာ တစ်ခေါက်ပြန်လုပ်ကြတာ။ မန္တလေးမှာပဲ ဖြစ်ကြတာများတယ်။ သူတို့နဲ့ မရင်းနှီးတဲ့လုပ်ငန်းရှင်မျိုး၊ သူတို့နဲ့မပေါင်းတဲ့လုပ်ငန်းရှင်မျိုးတွေကို လုပ်တာများတယ်။ နာမည်သိပ်မရှိတဲ့လုပ်ငန်းရှင်တွေကို ပို့တာများပါတယ်။ ဒါပေမဲ့ သူတို့တောင်းတာကိုလည်း မပေးတဲ့သူများပါတယ်" ဟု အထက်ပါ စီးပွား‌ရေးလုပ်ငန်းရှင်က ပြောသည်။

ထိုသို့ခြိမ်းခြောက်စာပေးပို့ရာတွင် လုပ်ငန်းခွင်အတွင်းသို့ လာရောက်ထားရှိခြင်းအပြင် အချို့ကုမ္ပဏီများ၌ စာအိတ်များဖြင့် ပေးပို့ခံရမှုများလည်းရှိကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် လုံခြုံရေးကို ယခင်ထက်ပိုမိုတင်းကြပ်သင့်ပြီး စိစစ်အရေးယူမှုများကိုလည်း ပိုမိုလုပ်‌ဆောင်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုထား သည်။

"နိုင်ငံတော်ကလည်း လုံခြုံရေးကိုပိုတင်းတင်းကြပ်ကြပ်တော့ လုပ်သင့်တာ‌ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင်တွေက နိုင်ငံတော်ကိုလည်း အခွန်လည်းဆောင်နေတယ်။ အခက်အခဲတွေ ကြားကလုပ်နေတယ်။ ပုံမှန်လည်းအစိုးရကတော့ လုံခြုံရေးဆိုတာလုပ်ရမှာပဲ။ ဒါပေမဲ့ ဒီလိုစာတွေလာရင်တော့ ပုံမှန်ထက်ပိုလုပ်သင့်တာပေါ့။ ဧည့်စာရင်းတွေကို မှန်မှန်စစ်သင့်တယ်။ လူစိမ်းတွေဝင်လာရင် စိစစ်ပြီးအရေးယူသင့်တယ်။ အဲဒီလိုမလုပ်ရင်တော့ ဒီဟာတွေကရှိနေမှာပဲ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုထားသည်။

ထို့ပြင် တိုက်ပွဲစိုးရိမ်မှုများကြောင့် မန္တ‌လေးမြို့တွင် လက်ခွဲဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းအများအပြား ပိတ်သိမ်း၊ ပြောင်းရွှေ့ခြင်းများရှိနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

zawgyi version
ရွမ္းေျမာက္တိုက္ပြဲ မႏၲေလးသို႔ကူးစက္လာစဥ္ ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ား ၿခိမ္းေျခာက္‌ေငြညႇစ္ခံရသည့္ျဖစ္စဥ္ ပိုမိုျဖစ္ပြားလာေန၍ လုံၿခဳံေရးတင္းၾကပ္ေပးရန္ ေတာင္းဆိုမႈမ်ားရွိ

ယြန္း (NP News) - ေအာက္တိုဘာ ၁ဝ

ရွမ္းေျမာက္တိုက္ပြဲ မႏၲေလးသို႔ကူးစက္လာစဥ္ ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ား ၿခိမ္းေျခာက္‌ေငြညႇစ္ခံရသည့္ျဖစ္စဥ္ ပိုမိုျဖစ္ပြားလာေန၍ လုံၿခဳံေရးတင္းၾကပ္ေပးရန္ ျပည္တြင္းရွိ လုပ္ငန္းရွင္အခ်ိဳ႕က အႀကံျပဳထားသည္။

ၿပီးခဲ့ေသာ ကာလမ်ားတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ၎စစ္မီးသည္ မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္အတြင္းသို႔ ဆက္လက္ကူးစက္လာခဲ့ကာ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့သည္ကို ေတြ႕ရသည္။ အဆိုပါတိုက္ပြဲမ်ားသည္ မႏၲေလးၿမိဳ႕ေပၚအထိ ကူးစက္လာမည္ကိုလည္း ေဒသခံျပည္သူမ်ားအေနျဖင့္ စိုးရိမ္မႈမ်ားရွိေနသကဲ့သို႔ ‌ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ားထံသို႔လည္း စာေပးပို႔ ၿခိမ္းေျခာက္ကာ ေငြေၾကးေတာင္းခံေနသည့္ျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာေၾကာင္း လုပ္ငန္းတစ္ခ်ိဳ႕က NP News ကိုေျပာသည္။

"ကြၽန္ေတာ္ဆိုရင္ သုံးႀကိမ္တိတိကို ၿခိမ္းေျခာက္စာအေပးခံရဖူးတယ္။ လုပ္ငန္းဆက္မလုပ္ဖို႔နဲ႔။ စစ္အစိုးရနဲ႔ ပူးေပါင္းမလုပ္ဖို႔ဆိုၿပီး အပို႔ခံရတယ္။ ေနာက္ပိုင္းက်ေတာ့လည္း အခြန္ေပးဖို႔ဆိုတဲ့စာ႐ြက္မ်ိဳးေတြ အထိကို အေပးခံရဖူးတယ္။ အဲဒီတုန္းကဆိုရင္ အခြန္မေဆာင္တဲ့ကုမၸဏီေတြကို Blacklist ထည့္မယ္ဆိုတဲ့ သူတို႔ရဲ႕ အခြန္ဝန္ႀကီးဌာနကိုယ္တိုင္က အီးေမးလ္ပို႔တာေတြေတာင္ ရွိတယ္။ စိတ္အေႏွာင့္အယွက္ျဖစ္ရတာေပါ့။ ဂ႐ုမစိုက္ရင္လည္း ဘာမွေတာ့မျဖစ္ပါဘူး"ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ႏိုင္ငံေရးအခင္းအက်င္းစတင္ျဖစ္ပြားခဲ့သည့္ ၂ဝ၂၁ ခုႏွစ္တြင္ ျပည္တြင္းရွိလုပ္ငန္းရွင္မ်ားထံ ၿခိမ္းေျခာက္စာေပးပို႔ခံရမႈ အမ်ားအျပားရွိခဲ့ရာ လက္ရွိကာလတြင္ မႏၲေလးၿမိဳ႕ရွိ လုပ္ငန္းရွင္မ်ားထံသို႔ ၿခိမ္းေျခာက္စာေပးပို႔ခံရမႈ ယခင္ထက္ပိုမ်ားလာေၾကာင္း သိရသည္။

"အခုကျပန္မ်ားလာတာ။ မႏၲေလးသိမ္းမယ္တို႔ဘာတို႔ ေျပာထားတာေတြရွိေတာ့ လူေတြအေၾကာက္တရားဝင္တဲ့အခ်ိန္မွာ ျပန္လုပ္ၾကတာ။ အစပိုင္း ၁ႏွစ္၊ ၂ႏွစ္ေလာက္မွာေတာ့ အကုန္လုံး ေၾကာက္ေနတဲ့အခ်ိန္မွာ ဒါမ်ိဳးလုပ္ခဲ့ေသးတယ္။ ဒါေပမဲ့ ၾကားထဲမွာ မေၾကာက္ၾကေတာ့ဘူး ေအးေအးေဆး ေဆးျဖစ္သြားေတာ့ သူတို႔လည္းလုပ္လို႔မရေတာ့ဘူး။ အခုက်ေတာ့ လားရႈိး သိမ္းၿပီး‌ေနာက္ပိုင္းမွာ မႏၲေလးသိမ္းမယ္ဆိုၿပီး သတင္းေတြထြက္ေနေတာ့ လုပ္ငန္းရွင္ေတြ ျပန္လန႔္လာတဲ့အခ်ိန္မွာ တစ္ေခါက္ျပန္လုပ္ၾကတာ။ မႏၲေလးမွာပဲ ျဖစ္ၾကတာမ်ားတယ္။ သူတို႔နဲ႔ မရင္းႏွီးတဲ့လုပ္ငန္းရွင္မ်ိဳး၊ သူတို႔နဲ႔မေပါင္းတဲ့လုပ္ငန္းရွင္မ်ိဳးေတြကို လုပ္တာမ်ားတယ္။ နာမည္သိပ္မရွိတဲ့လုပ္ငန္းရွင္ေတြကို ပို႔တာမ်ားပါတယ္။ ဒါေပမဲ့ သူတို႔ေတာင္းတာကိုလည္း မေပးတဲ့သူမ်ားပါတယ္" ဟု အထက္ပါ စီးပြား‌ေရးလုပ္ငန္းရွင္က ေျပာသည္။

ထိုသို႔ၿခိမ္းေျခာက္စာေပးပို႔ရာတြင္ လုပ္ငန္းခြင္အတြင္းသို႔ လာေရာက္ထားရွိျခင္းအျပင္ အခ်ိဳ႕ကုမၸဏီမ်ား၌ စာအိတ္မ်ားျဖင့္ ေပးပို႔ခံရမႈမ်ားလည္းရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ လုံၿခဳံေရးကို ယခင္ထက္ပိုမိုတင္းၾကပ္သင့္ၿပီး စိစစ္အေရးယူမႈမ်ားကိုလည္း ပိုမိုလုပ္‌ေဆာင္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက အႀကံျပဳေျပာဆိုထား သည္။

"ႏိုင္ငံေတာ္ကလည္း လုံၿခဳံေရးကိုပိုတင္းတင္းၾကပ္ၾကပ္ေတာ့ လုပ္သင့္တာ‌ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လုပ္ငန္းရွင္ေတြက ႏိုင္ငံေတာ္ကိုလည္း အခြန္လည္းေဆာင္ေနတယ္။ အခက္အခဲေတြ ၾကားကလုပ္ေနတယ္။ ပုံမွန္လည္းအစိုးရကေတာ့ လုံၿခဳံေရးဆိုတာလုပ္ရမွာပဲ။ ဒါေပမဲ့ ဒီလိုစာေတြလာရင္ေတာ့ ပုံမွန္ထက္ပိုလုပ္သင့္တာေပါ့။ ဧည့္စာရင္းေတြကို မွန္မွန္စစ္သင့္တယ္။ လူစိမ္းေတြဝင္လာရင္ စိစစ္ၿပီးအေရးယူသင့္တယ္။ အဲဒီလိုမလုပ္ရင္ေတာ့ ဒီဟာေတြကရွိေနမွာပဲ"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက အႀကံျပဳထားသည္။

ထို႔ျပင္ တိုက္ပြဲစိုးရိမ္မႈမ်ားေၾကာင့္ မႏၲ‌ေလးၿမိဳ႕တြင္ လက္ခြဲဖြင့္လွစ္ထားသည့္ စီးပြားေရးလုပ္ငန္းအမ်ားအျပား ပိတ္သိမ္း၊ ေျပာင္းေ႐ႊ႕ျခင္းမ်ားရွိေနေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.