သဘာဝဘေးကြောင့် ပျက်စီးခဲ့သော သီးနှံများအတွက် အတိုးမဲ့ချေးငွေ ထုတ်ချေးရန် MRF က ရန်ပုံငွေ ကျပ်သိန်း(၁၂၅ဝဝ) ပထမဆုံးအကြိမ်အဖြစ် မတည်

 191

ယွန်း (NP News) - အောက်တိုဘာ ၁ဝ

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် သီးနှံများအတွက် အတိုးမဲ့ချေးငွေ ထုတ်ချေးနိုင်ရန် MRF မှ ရန်ပုံငွေ ကျပ်သိန်း(၁၂၅ဝဝ)ကို ပထမဆုံးအကြိမ် မတည်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ရာသီဥတုဖြစ်စဥ်များ ပြောင်းလဲလာမှုကြောင့် သဘာဝဘေးအန္တရာယ်များ ယခင်ထက်ပိုမိုဖြစ်ပေါ်လာရာ စပါးအပါအဝင် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးသီးနှံများအတွက် အဆိုပါရန်ပုံငွေကို ပထမဆုံးအကြိမ်အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုမှ စပြီးလုပ်တာပေါ့။ နောက်ပိုင်းကျရင် ရာသီဥတုပြောင်းလဲတာတို့၊ ထိခိုက်ပျက်စီးတာတို့က ပြောလို့မရဘူးလေ။ ခဏခဏတော့မဖြစ်ချင်ဘူးလေ။ ခဏခဏဖြစ်နေတယ်ဆိုရင် ရန်ပုံငွေစနစ်တစ်ခု ထူထောင်ထားမှ စိုက်ပျိုးရေးအတွက် ပြန်လည်ထူထောင်ရေးက အဆင်ပြေမှာလေ။ လှူတယ်ဆိုတာတစ်ခုထဲနဲ့ ရေရှည်ဆိုရင် ပြန်လည်ထူထောင်ရေးက လုပ်ဖို့ဆိုတာခက်နိုင်တယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ရန်ပုံငွေတစ်ခုထားပြီး နိုင်ငံတော်က ကြီးကြပ်ပြီးတော့ နိုင်ငံတော်ရဲ့အစီအစဥ်နဲ့ လုပ်သွားမှာပါ။ ရန်ပုံငွေကတော့ ဆန်စပါးအသင်းချုပ်တစ်ခုထဲကပဲ လုပ်တာ။ ပထမဆုံးအကြိမ်ပါပဲ" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

အဆိုပါရန်ပုံငွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ငွေကျပ်သိန်း (၁၂၅၀၀)ဖြင့် မတည်ထားခြင်းဖြစ်ပြီး ရန်ပုံငွေပမာဏကိုလည်း တိုးချဲ့နိုင်ရန် စီစဥ်နေကြောင်း သိရသည်။ ထို့ပြင် သဘာဝဘေးကြောင့် ထိခိုက်ခဲ့သည့် စိုက်ဧကများမှ ပြန်လည်ထွက်ရှိလာမည့် သီးနှံများကိုလည်း ဝယ်ယူရန်လိုအပ်ပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြီးခဲ့သည့် စက်တင်ဘာလကဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဧက(၇၀၀၀)ကျော်ကို ၎င်းရန်ပုံငွေမှ ပထမဆုံးအကြိမ် အတိုးမဲ့ချေးငွေထုတ်ချေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့သည့် တောင်သူများအတွက် အရင်းမပျောက်မတည်ငွေမှ တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများရှိတောင်သူများအတွက် အခြားသီးနှံများအစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ်သိန်း(၅၀၀၀)ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း (၂၀) ထက်မနည်းတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စပါးစိုက်ဧက (၁)သိန်းကျော် ‌ရေကြီးနစ်မြုပ်ခဲ့ရာ စပါး အပါအဝင် အခြားသီးနှံများ ပြန်လည်စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း(၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း(၁၀၈၈)သန်းရှိကြောင်း သိရသည်။

zawgyi version
သဘာဝေဘးေၾကာင့္ ပ်က္စီးခဲ့ေသာ သီးႏွံမ်ားအတြက္ အတိုးမဲ့ေခ်းေငြ ထုတ္ေခ်းရန္ MRF က ရန္ပုံေငြ က်ပ္သိန္း(၁၂၅ဝဝ) ပထမဆုံးအႀကိမ္အျဖစ္ မတည္
ယြန္း (NP News) - ေအာက္တိုဘာ ၁ဝ

သဘာဝေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးသည့္ သီးႏွံမ်ားအတြက္ အတိုးမဲ့ေခ်းေငြ ထုတ္ေခ်းႏိုင္ရန္ MRF မွ ရန္ပုံေငြ က်ပ္သိန္း(၁၂၅ဝဝ)ကို ပထမဆုံးအႀကိမ္ မတည္ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွ သိရသည္။

ရာသီဥတုျဖစ္စဥ္မ်ား ေျပာင္းလဲလာမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္မ်ား ယခင္ထက္ပိုမိုျဖစ္ေပၚလာရာ စပါးအပါအဝင္ ထိခိုက္ပ်က္စီးခဲ့သည့္ စိုက္ပ်ိဳးသီးႏွံမ်ားအတြက္ အဆိုပါရန္ပုံေငြကို ပထမဆုံးအႀကိမ္အျဖစ္ ထူေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုမွ စၿပီးလုပ္တာေပါ့။ ေနာက္ပိုင္းက်ရင္ ရာသီဥတုေျပာင္းလဲတာတို႔၊ ထိခိုက္ပ်က္စီးတာတို႔က ေျပာလို႔မရဘူးေလ။ ခဏခဏေတာ့မျဖစ္ခ်င္ဘူးေလ။ ခဏခဏျဖစ္ေနတယ္ဆိုရင္ ရန္ပုံေငြစနစ္တစ္ခု ထူေထာင္ထားမွ စိုက္ပ်ိဳးေရးအတြက္ ျပန္လည္ထူေထာင္ေရးက အဆင္ေျပမွာေလ။ လႉတယ္ဆိုတာတစ္ခုထဲနဲ႔ ေရရွည္ဆိုရင္ ျပန္လည္ထူေထာင္ေရးက လုပ္ဖို႔ဆိုတာခက္ႏိုင္တယ္။ စိုက္ပ်ိဳးေရးနဲ႔ပတ္သက္တဲ့ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမွာ ရန္ပုံေငြတစ္ခုထားၿပီး ႏိုင္ငံေတာ္က ႀကီးၾကပ္ၿပီးေတာ့ ႏိုင္ငံေတာ္ရဲ႕အစီအစဥ္နဲ႔ လုပ္သြားမွာပါ။ ရန္ပုံေငြကေတာ့ ဆန္စပါးအသင္းခ်ဳပ္တစ္ခုထဲကပဲ လုပ္တာ။ ပထမဆုံးအႀကိမ္ပါပဲ" ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

အဆိုပါရန္ပုံေငြကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေငြက်ပ္သိန္း (၁၂၅၀၀)ျဖင့္ မတည္ထားျခင္းျဖစ္ၿပီး ရန္ပုံေငြပမာဏကိုလည္း တိုးခ်ဲ႕ႏိုင္ရန္ စီစဥ္ေနေၾကာင္း သိရသည္။ ထို႔ျပင္ သဘာဝေဘးေၾကာင့္ ထိခိုက္ခဲ့သည့္ စိုက္ဧကမ်ားမွ ျပန္လည္ထြက္ရွိလာမည့္ သီးႏွံမ်ားကိုလည္း ဝယ္ယူရန္လိုအပ္ပါက ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေဈးကြက္ေပါက္ေဈးျဖင့္ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလကျဖစ္ေပၚခဲ့ေသာ ေရႀကီးေရလွ်ံမႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ဧက(၇၀၀၀)ေက်ာ္ကို ၎ရန္ပုံေငြမွ ပထမဆုံးအႀကိမ္ အတိုးမဲ့ေခ်းေငြထုတ္ေခ်း သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေရႀကီးေရလွ်ံမႈေၾကာင့္ ထိခိုက္ခဲ့သည့္ ေတာင္သူမ်ားအတြက္ အရင္းမေပ်ာက္မတည္ေငြမွ တစ္ဧကလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္ ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး မိုးစပါးျပန္လည္စိုက္ပ်ိဳးႏိုင္ျခင္းမရွိေသာ ဧရိယာမ်ားရွိေတာင္သူမ်ားအတြက္ အျခားသီးႏွံမ်ားအစားထိုးစိုက္ပ်ိဳးႏိုင္ရန္ ေထာက္ပံ့ေငြက်ပ္သိန္း(၅၀၀၀)ျဖင့္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဇူလိုင္အတြင္းကလည္း ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ေပါင္း (၂၀) ထက္မနည္းတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ရာ စပါးစိုက္ဧက (၁)သိန္းေက်ာ္ ‌ေရႀကီးနစ္ျမဳပ္ခဲ့ရာ စပါး အပါအဝင္ အျခားသီးႏွံမ်ား ျပန္လည္စိုက္ပ်ိဳးၿပီးျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း(၁၅)သန္းခန႔္ရွိခဲ့ၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း(၁၀၈၈)သန္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.