ထိုင်းနိုင်ငံသားအချို့၏ တိုင်ကြားမှုကြောင့် ထိုင်းရှိကိုယ်ထူကိုယ်ထ မြန်မာစာသင်ကျောင်းအချို့ ဖမ်းဆီးခံရမှု များပြားလာ

 1566

ယွန်း (NP News) - အောက်တိုဘာ ၁ဝ

ထိုင်းနိုင်ငံသားအချို့၏ တိုင်ကြားမှုကြောင့် ယခုနှစ်တွင် ထိုင်းရှိကိုယ်ထူ ကိုယ်ထ မြန်မာစာသင်ကျောင်းအချို့ ဖမ်းဆီးခံရမှု များပြားလာကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက NP News ကိုပြောသည်။

ထိုင်းရှိ နိုင်ငံရေး၊ အမျိုးသားရေး အစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွာ‌ရေးလုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားကာ စီးပွားရေးပိတ်ပင်မှုများကိုကြိုးပမ်းလာသည့်အပြင် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးများသင်ကြားနေသည့် စာသင်ကျောင်းအချို့ကိုလည်း တိုင်ကြားမှုများရှိလာကြောင်း သိရသည်။ ထို့ကြောင့် ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအပါအဝင် မြန်မာလုပ်သားများဖွင့်လှစ်ထားသည့် ဈေးဆိုင်အချို့နှင့် စာသင်ကျောင်းများဖမ်းဆီးခံရမှု ယခင်ထက် ပိုများပြားလာကြောင်း သိရသည်။

"အရင်တုန်းကတော့ အဲဒီလိုစာသင်ကျောင်းတွေဖမ်းတာတော့မရှိသလောက်ပဲ။ အခုနောက်ပိုင်းမှပဲ အဖမ်းအဆီးတွေကပိုများလာတာ။ အဓိကကတော့ ထိုင်းတွေဘက်ကနေပြီးတော့ တိုင်တာတွေဖြစ်လာတဲ့အတွက်ကြောင့် အခုလိုမျိုးဖမ်းဆီးတာတွေဖြစ်လာတာ။ ဒီနှစ်ထဲမှာပဲ အဖမ်းအဆီးတွေကပိုများလာတယ်"ဟု အထက်ပါ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေး ‌ဆောင်ရွက်သူကဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို အစရှိသည့် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများကို ထိုင်းအစိုးရကျောင်းများတွင် ပညာသင်ကြားခွင့်ပေးထားသော်လည်း အချို့မှာ စာသင်ကျောင်းများကို တရားမဝင်ဖွင့်လှစ်သည့်အတွက် အထက်ပါကဲ့သို့ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်ကလေးမဆို ထိုင်းအစိုးရကျောင်းတွေမှာ အခမဲ့သင်လို့ရတယ်။ မြန်မာတင်မဟုတ်ဘူး။ ကမ္ဘောဒီးယားရော၊ လာအိုရော အကုန်သင်လို့ရတယ်။ အဲဒီတော့ ဖမ်းဆီးခံရတဲ့ကျောင်းတွေက ကလေးတွေကတော့ ထိုင်းအစိုးရကျောင်းတွေမှာ အခမဲ့ပညာသင်ကြားခွင့်တွေပေးထားတဲ့အတွက် အဲဒီမှာတော့ ပညာသင်ကြားခွင့်ရမှာပေါ့။ ကြားထဲမှာတော့ အဖမ်းခံရတဲ့ စာသင်ကျောင်း လေးတွေလည်းရှိတယ်။ အဓိကကတော့ တရားမဝင်လို့အဖမ်းခံရတာ။ အသစ်ဖွင့်မယ့် စာသင်ကျောင်းတွေလည်းရှိတယ်။ အဲဒါတွေကျတော့ NGO လက်အောက်ကနေပြီးတော့ NGO အဖွဲ့စာသင်ကျောင်းတွေနဲ့သွားတာဆိုတော့ သူတို့ကတော့ ဘာမှတော့မဖြစ်ပါဘူး။ အဓိက ကတော့ ဘယ်သူ့လောင်းရိပ်အောက်မှမရှိပဲနဲ့ ကိုယ့်ဟာကိုယ် ကိုယ်ထူကိုယ်ထလုပ်နေတဲ့ ကျောင်းတွေကတော့ အဖမ်းခံရတာပေါ့။ အဓိက ကတော့ တရားမဝင်လို့အဖမ်းခံရတာ။ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ လုပ်လို့မရတဲ့ အလုပ်တွေကိုလုပ်တော့ သူတို့ကိုဖမ်းတာပေါ့"ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချုမ်ဖော်ခရိုင်အတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဆူရတ်ဌာနီခရိုင်ရှိ "မေတ္တာရိပ်စာသင်ကျောင်း" အပါအဝင် မြန်မာစာသင်ကျောင်း(၇)ကျောင်းကို ထိုင်းအာဏာပိုင်များက ပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံသားအခ်ိဳ႕၏ တိုင္ၾကားမႈေၾကာင့္ ထိုင္းရွိကိုယ္ထူကိုယ္ထ ျမန္မာစာသင္ေက်ာင္းအခ်ိဳ႕ ဖမ္းဆီးခံရမႈ မ်ားျပားလာ
ယြန္း (NP News) - ေအာက္တိုဘာ ၁ဝ

ထိုင္းႏိုင္ငံသားအခ်ိဳ႕၏ တိုင္ၾကားမႈေၾကာင့္ ယခုႏွစ္တြင္ ထိုင္းရွိကိုယ္ထူ ကိုယ္ထ ျမန္မာစာသင္ေက်ာင္းအခ်ိဳ႕ ဖမ္းဆီးခံရမႈ မ်ားျပားလာေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရး ေဆာင္႐ြက္သူတစ္ဦးက NP News ကိုေျပာသည္။

ထိုင္းရွိ ႏိုင္ငံေရး၊ အမ်ိဳးသားေရး အစြန္းေရာက္လူနည္းစုက ကိုယ္ပိုင္စီးပြာ‌ေရးလုပ္ကိုင္ေနၾကသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ပစ္မွတ္ထားကာ စီးပြားေရးပိတ္ပင္မႈမ်ားကိုႀကိဳးပမ္းလာသည့္အျပင္ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားမ်ား၏ ကေလးမ်ားသင္ၾကားေနသည့္ စာသင္ေက်ာင္းအခ်ိဳ႕ကိုလည္း တိုင္ၾကားမႈမ်ားရွိလာေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ယခုႏွစ္တြင္ ထိုင္းႏိုင္ငံ၌ တရားမဝင္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအပါအဝင္ ျမန္မာလုပ္သားမ်ားဖြင့္လွစ္ထားသည့္ ေဈးဆိုင္အခ်ိဳ႕ႏွင့္ စာသင္ေက်ာင္းမ်ားဖမ္းဆီးခံရမႈ ယခင္ထက္ ပိုမ်ားျပားလာေၾကာင္း သိရသည္။

"အရင္တုန္းကေတာ့ အဲဒီလိုစာသင္ေက်ာင္းေတြဖမ္းတာေတာ့မရွိသေလာက္ပဲ။ အခုေနာက္ပိုင္းမွပဲ အဖမ္းအဆီးေတြကပိုမ်ားလာတာ။ အဓိကကေတာ့ ထိုင္းေတြဘက္ကေနၿပီးေတာ့ တိုင္တာေတြျဖစ္လာတဲ့အတြက္ေၾကာင့္ အခုလိုမ်ိဳးဖမ္းဆီးတာေတြျဖစ္လာတာ။ ဒီႏွစ္ထဲမွာပဲ အဖမ္းအဆီးေတြကပိုမ်ားလာတယ္"ဟု အထက္ပါ ထိုင္းႏိုင္ငံေရာက္ ျမန္မာလုပ္သားအေရး ‌ေဆာင္႐ြက္သူကဆိုသည္။

ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာ အပါအဝင္ ကေမာၻဒီးယား၊ လာအို အစရွိသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ ကေလးမ်ားကို ထိုင္းအစိုးရေက်ာင္းမ်ားတြင္ ပညာသင္ၾကားခြင့္ေပးထားေသာ္လည္း အခ်ိဳ႕မွာ စာသင္ေက်ာင္းမ်ားကို တရားမဝင္ဖြင့္လွစ္သည့္အတြက္ အထက္ပါကဲ့သို႔ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

"ဘယ္ကေလးမဆို ထိုင္းအစိုးရေက်ာင္းေတြမွာ အခမဲ့သင္လို႔ရတယ္။ ျမန္မာတင္မဟုတ္ဘူး။ ကေမာၻဒီးယားေရာ၊ လာအိုေရာ အကုန္သင္လို႔ရတယ္။ အဲဒီေတာ့ ဖမ္းဆီးခံရတဲ့ေက်ာင္းေတြက ကေလးေတြကေတာ့ ထိုင္းအစိုးရေက်ာင္းေတြမွာ အခမဲ့ပညာသင္ၾကားခြင့္ေတြေပးထားတဲ့အတြက္ အဲဒီမွာေတာ့ ပညာသင္ၾကားခြင့္ရမွာေပါ့။ ၾကားထဲမွာေတာ့ အဖမ္းခံရတဲ့ စာသင္ေက်ာင္း ေလးေတြလည္းရွိတယ္။ အဓိကကေတာ့ တရားမဝင္လို႔အဖမ္းခံရတာ။ အသစ္ဖြင့္မယ့္ စာသင္ေက်ာင္းေတြလည္းရွိတယ္။ အဲဒါေတြက်ေတာ့ NGO လက္ေအာက္ကေနၿပီးေတာ့ NGO အဖြဲ႕စာသင္ေက်ာင္းေတြနဲ႔သြားတာဆိုေတာ့ သူတို႔ကေတာ့ ဘာမွေတာ့မျဖစ္ပါဘူး။ အဓိက ကေတာ့ ဘယ္သူ႔ေလာင္းရိပ္ေအာက္မွမရွိပဲနဲ႔ ကိုယ့္ဟာကိုယ္ ကိုယ္ထူကိုယ္ထလုပ္ေနတဲ့ ေက်ာင္းေတြကေတာ့ အဖမ္းခံရတာေပါ့။ အဓိက ကေတာ့ တရားမဝင္လို႔အဖမ္းခံရတာ။ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြအေနနဲ႔ လုပ္လို႔မရတဲ့ အလုပ္ေတြကိုလုပ္ေတာ့ သူတို႔ကိုဖမ္းတာေပါ့"ဟု ၎က ဆိုသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ ရက္ေန႔တြင္ ထိုင္းႏိုင္ငံ၊ ခ်ဳမ္ေဖာ္ခ႐ိုင္အတြင္းရွိ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ ကေလးငယ္မ်ားအား ပညာသင္ၾကားေပးေနသည့္ စာသင္ဝိုင္းကို ထိုင္းအာဏာပိုင္မ်ားက ဝင္ေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။ အလားတူ ၿပီးခဲ့သည့္ စက္တင္ဘာလကလည္း ဆူရတ္ဌာနီခ႐ိုင္ရွိ "ေမတၱာရိပ္စာသင္ေက်ာင္း" အပါအဝင္ ျမန္မာစာသင္ေက်ာင္း(၇)ေက်ာင္းကို ထိုင္းအာဏာပိုင္မ်ားက ပိတ္သိမ္းအေရးယူခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.