မူလတန်းအဆင့်နောက်ဆုံးနှစ် ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာစွမ်းရည်များအပေါ် စစ်ဆေးခြင်း SEA-PLM ကို မြန်မာ အပါအဝင် အရှေ့တောင်အာရှ(၇)နိုင်ငံ ပါဝင်ဆောင်ရွက်မည်

 472

ယွန်း (NP News) - နိုဝင်ဘာ ၂၄

မူလတန်းအဆင့်နောက်ဆုံးနှစ် ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာစွမ်းရည်များအပေါ် စစ်ဆေးခြင်း SEA-PLM ကိုမြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ(၇)နိုင်ငံ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုဝင်ဘာ(၂၃)ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည့် “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ်ဆေးအကဲဖြတ်ခြင်းဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာ စစ်ဆေးရေးစံ (SEA-PLM) သည် မူလတန်းအဆင့်နောက်ဆုံးနှစ် (မြန်မာနိုင်ငံတွင် Grade-5) ကျောင်းသားများ၏ အရေး၊ အဖတ်၊ သင်္ချာနှင့် ကမ္ဘာ့သားကောင်းဖြစ်မှုစွမ်းရည်များနှင့် ၎င်းတို့အပေါ် သက်ရောက်နေသော အကြောင်းခြင်းရာများကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သော ပညာရည်စစ်ဆေးမှုတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာ စစ်ဆေးရေးစံသည် အာဆီယံဒေသတွင်း သင်ယူမှုအခြေအနေကို ထင်ဟပ်စေပြီး ၂၁ ရာစု ကျွမ်းကျင်မှုများပါဝင်သည့် ပညာရည်စစ်ဆေးမှုကို ဖြည့်ဆည်းခြင်းအားဖြင့် ပိုမိုကောင်းမွန်တိကျသော သင်ယူမှုရလဒ်များ ဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်း ဒေါက်တာညွန့်ဖေက ပြောသည်။
ဒုတိယအကြိမ် SEA-PLM 2024 တိုင်းတာစစ်ဆေးမှုကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံခုနှစ်နိုင်ငံ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် SEA-PLM 2024 ပင်မစစ်ဆေးမှု(Main Survey)၏ အချက်အလက်ကောက်ခံခြင်းလုပ်ငန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့နယ် (၁၀၅) မြို့နယ်မှ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၁၉၂)ကျောင်းမှ ရွေးချယ်ထားသည့် Grade-5 ကျောင်းသား (၆၀၄၄) ဦးကို စာဖတ်စွမ်းရည် (Reading)၊ သင်္ချာစွမ်းရည် (Mathematics)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) တို့ပါဝင်သော Text Booklets များ၊ မိဘစစ်တမ်းလွှာ (Parents Questionnaires) နှင့် ကျောင်းသားစစ်တမ်းလွှာ (Student Questionnaires) တို့ဖြင့် တစ်နိုင်ငံလုံး တစ်ပြိုင်တည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်မှု သုတေသနလုပ်ငန်းကို နိုင်ငံတကာသတ်မှတ်ချက်စံနှုန်းများနှင့်အညီ ဆောင်ရွက်သွားရန် ဒေါက်တာညွန့်ဖေက အသိပေးထားသည်။
SEA-PLM ကို ပထမအကြိမ်အနေဖြင့် ၂၀၁၉ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ (၆)နိုင်ငံ ပါဝင်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံမှ ကျောင်းပေါင်း (၂၀၂)ကျောင်း၊ ကျောင်းသား(၅၇၀၇)ဦး၊ ဆရာ(၄၃၂)ဦးနှင့် မိဘ(၅၃၇၁)ဦးတို့ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
မူလတန္းအဆင့္ေနာက္ဆုံးႏွစ္ ေက်ာင္းသားမ်ား၏ အေရး၊ အဖတ္၊ သခ်ၤာစြမ္းရည္မ်ားအေပၚ စစ္ေဆးျခင္း SEA-PLM ကို ျမန္မာ အပါအဝင္ အေရွ႕ေတာင္အာရွ(၇)ႏိုင္ငံ ပါဝင္ေဆာင္႐ြက္မည္
ယြန္း (NP News) - ႏိုဝင္ဘာ ၂၄

မူလတန္းအဆင့္ေနာက္ဆုံးႏွစ္ ေက်ာင္းသားမ်ား၏ အေရး၊ အဖတ္၊ သခ်ၤာစြမ္းရည္မ်ားအေပၚ စစ္ေဆးျခင္း SEA-PLM ကိုျမန္မာႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံ(၇)ႏိုင္ငံ ပါဝင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။
ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာၫြန႔္ေဖက ႏိုဝင္ဘာ(၂၃)ရက္တြင္ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္ မဂၤလာသီရိဟိုတယ္၌ က်င္းပခဲ့သည့္ “Southeast Asia Primary Learning Metrics (SEA-PLM)”-2024 စစ္ေဆးအကဲျဖတ္ျခင္းဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

အေရွ႕ေတာင္အာရွ မူလတန္းပညာသင္ယူတတ္ေျမာက္မႈတိုင္းတာ စစ္ေဆးေရးစံ (SEA-PLM) သည္ မူလတန္းအဆင့္ေနာက္ဆုံးႏွစ္ (ျမန္မာႏိုင္ငံတြင္ Grade-5) ေက်ာင္းသားမ်ား၏ အေရး၊ အဖတ္၊ သခ်ၤာႏွင့္ ကမာၻ႔သားေကာင္းျဖစ္မႈစြမ္းရည္မ်ားႏွင့္ ၎တို႔အေပၚ သက္ေရာက္ေနေသာ အေၾကာင္းျခင္းရာမ်ားကို စစ္ေဆးတိုင္းတာႏိုင္ရန္အတြက္ အာဆီယံေဒသတြင္း က်ယ္ျပန႔္ေသာ ပညာရည္စစ္ေဆးမႈတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ အေရွ႕ေတာင္အာရွ မူလတန္းပညာသင္ယူတတ္ေျမာက္မႈတိုင္းတာ စစ္ေဆးေရးစံသည္ အာဆီယံေဒသတြင္း သင္ယူမႈအေျခအေနကို ထင္ဟပ္ေစၿပီး ၂၁ ရာစု ကြၽမ္းက်င္မႈမ်ားပါဝင္သည့္ ပညာရည္စစ္ေဆးမႈကို ျဖည့္ဆည္းျခင္းအားျဖင့္ ပိုမိုေကာင္းမြန္တိက်ေသာ သင္ယူမႈရလဒ္မ်ား ျဖစ္ထြန္းလာေစမည္ျဖစ္ေၾကာင္း ေဒါက္တာၫြန႔္ေဖက ေျပာသည္။
ဒုတိယအႀကိမ္ SEA-PLM 2024 တိုင္းတာစစ္ေဆးမႈကို ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံခုႏွစ္ႏိုင္ငံ ပါဝင္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ SEA-PLM 2024 ပင္မစစ္ေဆးမႈ(Main Survey)၏ အခ်က္အလက္ေကာက္ခံျခင္းလုပ္ငန္းကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိၿမိဳ႕နယ္ (၁၀၅) ၿမိဳ႕နယ္မွ အေျခခံပညာေက်ာင္း၊ ပုဂၢလိကေက်ာင္းႏွင့္ ဘုန္းေတာ္ႀကီးသင္ေက်ာင္း (၁၉၂)ေက်ာင္းမွ ေ႐ြးခ်ယ္ထားသည့္ Grade-5 ေက်ာင္းသား (၆၀၄၄) ဦးကို စာဖတ္စြမ္းရည္ (Reading)၊ သခ်ၤာစြမ္းရည္ (Mathematics)၊ ကမာၻ႔သားေကာင္းျဖစ္မႈ (Global Citizenship) တို႔ပါဝင္ေသာ Text Booklets မ်ား၊ မိဘစစ္တမ္းလႊာ (Parents Questionnaires) ႏွင့္ ေက်ာင္းသားစစ္တမ္းလႊာ (Student Questionnaires) တို႔ျဖင့္ တစ္ႏိုင္ငံလုံး တစ္ၿပိဳင္တည္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိေဆာင္႐ြက္မည့္ စစ္ေဆးအကဲျဖတ္မႈ သုေတသနလုပ္ငန္းကို ႏိုင္ငံတကာသတ္မွတ္ခ်က္စံႏႈန္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္ ေဒါက္တာၫြန႔္ေဖက အသိေပးထားသည္။
SEA-PLM ကို ပထမအႀကိမ္အေနျဖင့္ ၂၀၁၉ ခုႏွစ္တြင္စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး အေရွ႕ေတာင္အာရွ (၆)ႏိုင္ငံ ပါဝင္ေဆာင္႐ြက္ခဲ့ရာ ျမန္မာႏိုင္ငံမွ ေက်ာင္းေပါင္း (၂၀၂)ေက်ာင္း၊ ေက်ာင္းသား(၅၇၀၇)ဦး၊ ဆရာ(၄၃၂)ဦးႏွင့္ မိဘ(၅၃၇၁)ဦးတို႔ပါဝင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.