ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ပြီး နယ်မြေငြိမ်းချမ်းမှုမရှိသည့်ဒေသများမှ ကျောင်းသားများ အစားထိုးဖြေဆိုခွင့်ရရှိရေး မျှော်လင့်နေ

 506

ယွန်း (NP News) - ဒီဇင်ဘာ ၇

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ပြီး နယ်မြေငြိမ်းချမ်းမှုမရှိသည့်ဒေသများမှ ကျောင်းသားများအတွက် အစားထိုးဖြေဆိုခွင့်ရရှိရေး မျှော်လင့်မှုများရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်မှ (၂၂) ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယခုရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စနစ်ဟောင်းဒသမတန်း ကျရှုံးသူများပါ ဖြေဆိုနိုင်မည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာ(၁)ရက်တွင် စတင်ရောင်းချပေးခဲ့ပြီး လက်ရှိ အချိန်ထိ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်းသားအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

“တရားဝင်ထုတ်ပြန်ချက်တွေ ထွက်မလာသေးတဲ့အတွက် သေချာပြောလို့တော့မရသေးဘူး။ အဲဒါတွေက ထုတ်ပြန်တာမရှိသေးတော့ စာဖြေမယ့်ကျောင်းသားအရေအတွက် နည်းတယ်၊ များတယ်ဆိုတာ ပြောဖို့က နည်းနည်းခက်တယ်။ (၁)လပိုင်းလောက်ဆိုရင်တော့ ပိုပြီးတိတိကျကျတော့ သိရတာပေါ့” ဟု တက္ကသိုလ်ကထိက တစ်ဦးက NP News သို့ပြောသည်။
တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်၍ နိုင်ငံရေးဖြစ်စဥ်များအပြီးတွင် ဖြေဆိုသူလျော့သွားခဲ့သော်လည်း ယခု နောက်ပိုင်းတွင် စိတ်ဝင်စားသူပြန်လည်မြင့်တက်လာကြောင်းသိရပြီး တက္ကသိုလ်များတွင်လည်း ကျောင်းနှင့် ကင်းကွာနေသော ကျောင်းသားများ ပြန်လည်စာရင်းပေးသွင်းသင်ကြားခြင်းများ ရှိနေကြောင်း သိရသည်။

သို့သော် ယခုနှစ်(၂၀၂၄)တွင် တိုက်ပွဲဖြစ်ပွားသည့်ဒေသများမှာ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်ကထက် ပိုမိုများပြားလာ သည့်အတွက် တိုက်ပွဲဖြစ်ပွားရာနေရာများရှိ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ရရှိနိုင်ရေးအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။

“အခုက တိုက်ပွဲပြင်းထန်တဲ့နေရာဆိုရင် ရခိုင်ရှိမယ်၊ ရှမ်းမြောက်ရှိမယ်။ ဒီနေရာတွေကို တစ်နိုင်ငံလုံးရဲ့စာစစ်ဌာန အတိုင်းအတာနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ ကျန်တဲ့နေရာကတော့ အများကြီးတော့ရှိတယ်။ စာစစ်ဌာနအရေ အတွက်နဲ့ပြောရင် ရခိုင်လိုနေရာ၊ ရှမ်းမြောက်လိုနေရာနဲ့ လက်ရှိပဋိပက္ခဖြစ်နေတဲ့ နေရာတွေကိုဖယ်လိုက်ရင် တောင် ကျန်တဲ့စာစစ်ဌာနလုပ်လို့ရတဲ့နေရာတွေက တော်တော်များများကျန်နေသေးတဲ့အတွက်ကြောင့် နိုင်ငံတော်ဘက်ကလည်းပဲ တက္ကသိုလ်ဝင်စာမေးပွဲကို သေချာပေါက်တော့ မနှစ်ကလိုပဲ လုံခြုံစိတ်ချစွာလုပ်သွား မယ်လို့တော့ ထင်ပါတယ်" ဟု အထက်ပါ တက္ကသိုလ်ကထိက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ရခိုင်ပြည်နယ်၏ နိုင်ငံရေးအခြေအနေကြောင့် စာစစ်ဌာန ပြောင်းရွှေ့ဖြေဆိုခွင့်များပေးခဲ့ပြီး ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း နိုင်ငံရေးအခြေအနေ အပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် ဖြေဆိုခွင့်မရသည့် ကျောင်းသား၊ကျောင်းသူများအတွက် အစားထိုးဖြေဆိုခွင့်များ ပေးသင့်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
“မနှစ်ကတုန်းကဆိုရင် သတ်မှတ်ထားတဲ့စာစစ်ဌာနတွေမှာပဲ ဖြေဆိုရမယ်ဆိုပြီး စီစဥ်ခဲ့တယ်။ သို့သော် မဖြေဆို လိုက်နိုင်တဲ့ကလေးတွေအတွက်ဆိုပြီ ဧပြီလမှာ နီးစပ်တဲ့စာစစ်ဌာနတွေမှာဖြေဆိုခွင့်ရတယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ ဒီနှစ်မှာလည်းပဲ လက်ရှိစာစစ်ဌာနတွေမှာ အခက်အခဲအမျိုးမျိုးကြောင့် ဖြေဆိုခွင့်မရခဲ့ဘူးဆိုရင် အစားထိုး ဖြေဆိုခွင့်တော့ ထပ်ပြီးပေးနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ဝင်တန်းသည် မြန်မာနိုင်ငံမှာတော့ အရေးကြီးတဲ့စာမေးပွဲတစ်ခုလေ။ အဲဒီတော့ ဒီစာမေးပွဲကို ဖြေဆိုဖို့အတွက်လည်း ကလေး‌တွေတင်မကဘူး မိဘတွေကပါ ဘက်ပေါင်းစုံကပါ နှစ်စထဲကကြိုးစားပြီးတော့ အားစိုက်ရတာဖြစ်တဲ့အတွက်ကြောင့် ဖြေဆိုခွင့်ကို တော့ အဆုံးရှုံးခံမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ မူလသတ်မှတ်ထားတဲ့ မတ်လမှာ ဖြေမယ့်စာမေးပွဲကိုတော့ သက်ဆိုင်ရာစာစစ်ဌာနတွေမှာ ဝင်ပြီး ဖြေဆိုနိုင်အောင်တော့ ကြိုးစားကြမယ်။ အကယ်၍များ အကြောင်းတစ်စုံ တစ်ခုကြောင့် ဖြေဆိုခွင့်မရနိုင်ဘူးဆိုရင်တောင်မှ အစားထိုးဖြေဆိုခွင့်တော့ပေးမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသအချို့၌ အခြေခံပညာကျောင်းများအပါအဝင် အဆင့်မြင့်‌ ကျောင်း များကို ပိတ်သိမ်းခဲ့ရပြီး ပညာသင်ယူဆဲကျောင်းသားများ၌ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုများရှိနေသည့်အပြင် ပညာသင်ခွင့်ဆုံးရှုံးရသော ကျောင်းသား/သူအရေအတွက်မှာလည်း မြင့်တက်လာသည်ကိုလည်း တွေ့ရသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးသည် လူငယ်များ၏ ပညာရေးနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိနေသည့်အတွက် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရာ၌ လက်နက်ကိုင်လမ်းစဥ်ဖြင့်သွားမည့်အစား ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်သင့်ကြောင်း ပညာရေးအသိုင်းအဝိုင်းက အကြံပြုပြောဆိုထားသည်။
ယခုနှစ်(၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုကို ပြီးခဲ့သည့် မေလ(၂၃)ရက်မှစ၍ ဇွန်လ(၂) ရက်အထိ လက်ခံဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ(၆၄၇၃၃၅၀) ဦးရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့ပြီး ၇၄,၅၉၂ ဦးအောင်မြင်ခဲ့သည့်အတွက် ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

Zawgyi Version;
ယခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ပိတ္ရက္မရွိ ေျဖဆိုရမည္ျဖစ္ၿပီး နယ္ေျမၿငိမ္းခ်မ္းမႈမရွိသည့္ေဒသမ်ားမွ ေက်ာင္းသားမ်ားအတြက္ အစားထိုးေျဖဆိုခြင့္ရရွိေရး ေမွ်ာ္လင့္ေန
ယြန္း (NP News) - ဒီဇင္ဘာ ၇

၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ပိတ္ရက္မရွိ ေျဖဆိုရမည္ျဖစ္ၿပီး နယ္ေျမၿငိမ္းခ်မ္းမႈမရွိသည့္ေဒသမ်ားမွ ေက်ာင္းသားမ်ားအတြက္ အစားထိုးေျဖဆိုခြင့္ရရွိေရး ေမွ်ာ္လင့္မႈမ်ားရွိေနေၾကာင္း ပညာေရးအသိုင္းအဝိုင္းထံမွ သိရသည္။

တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ ၂၀၂၅ ခုႏွစ္၊ မတ္လ (၁၇) ရက္မွ (၂၂) ရက္အထိ ပိတ္ရက္မရွိ က်င္းပသြားမည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ယခုရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ စနစ္ေဟာင္းဒသမတန္း က်ရႈံးသူမ်ားပါ ေျဖဆိုႏိုင္မည့္ ၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို ၿပီးခဲ့သည့္ စက္တင္ဘာ(၁)ရက္တြင္ စတင္ေရာင္းခ်ေပးခဲ့ၿပီး လက္ရွိ အခ်ိန္ထိ တကၠသိုလ္ ဝင္စာေမးပြဲေျဖဆိုမည့္ေက်ာင္းသားအေရအတြက္ကို ထုတ္ျပန္ျခင္းမရွိေသးေပ။

“တရားဝင္ထုတ္ျပန္ခ်က္ေတြ ထြက္မလာေသးတဲ့အတြက္ ေသခ်ာေျပာလို႔ေတာ့မရေသးဘူး။ အဲဒါေတြက ထုတ္ျပန္တာမရွိေသးေတာ့ စာေျဖမယ့္ေက်ာင္းသားအေရအတြက္ နည္းတယ္၊ မ်ားတယ္ဆိုတာ ေျပာဖို႔က နည္းနည္းခက္တယ္။ (၁)လပိုင္းေလာက္ဆိုရင္ေတာ့ ပိုၿပီးတိတိက်က်ေတာ့ သိရတာေပါ့” ဟု တကၠသိုလ္ကထိက တစ္ဦးက NP News သို႔ေျပာသည္။
တကၠသိုလ္ဝင္တန္းႏွင့္ပတ္သက္၍ ႏိုင္ငံေရးျဖစ္စဥ္မ်ားအၿပီးတြင္ ေျဖဆိုသူေလ်ာ့သြားခဲ့ေသာ္လည္း ယခု ေနာက္ပိုင္းတြင္ စိတ္ဝင္စားသူျပန္လည္ျမင့္တက္လာေၾကာင္းသိရၿပီး တကၠသိုလ္မ်ားတြင္လည္း ေက်ာင္းႏွင့္ ကင္းကြာေနေသာ ေက်ာင္းသားမ်ား ျပန္လည္စာရင္းေပးသြင္းသင္ၾကားျခင္းမ်ား ရွိေနေၾကာင္း သိရသည္။

သို႔ေသာ္ ယခုႏွစ္(၂၀၂၄)တြင္ တိုက္ပြဲျဖစ္ပြားသည့္ေဒသမ်ားမွာ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ကထက္ ပိုမိုမ်ားျပားလာ သည့္အတြက္ တိုက္ပြဲျဖစ္ပြားရာေနရာမ်ားရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စာေမးပြဲေျဖဆိုခြင့္ရရွိႏိုင္ေရးအတြက္ စိုးရိမ္မႈမ်ားလည္း ရွိေနသည္။

“အခုက တိုက္ပြဲျပင္းထန္တဲ့ေနရာဆိုရင္ ရခိုင္ရွိမယ္၊ ရွမ္းေျမာက္ရွိမယ္။ ဒီေနရာေတြကို တစ္ႏိုင္ငံလုံးရဲ႕စာစစ္ဌာန အတိုင္းအတာနဲ႔ ျပန္ၾကည့္မယ္ဆိုရင္ေတာ့ က်န္တဲ့ေနရာကေတာ့ အမ်ားႀကီးေတာ့ရွိတယ္။ စာစစ္ဌာနအေရ အတြက္နဲ႔ေျပာရင္ ရခိုင္လိုေနရာ၊ ရွမ္းေျမာက္လိုေနရာနဲ႔ လက္ရွိပဋိပကၡျဖစ္ေနတဲ့ ေနရာေတြကိုဖယ္လိုက္ရင္ ေတာင္ က်န္တဲ့စာစစ္ဌာနလုပ္လို႔ရတဲ့ေနရာေတြက ေတာ္ေတာ္မ်ားမ်ားက်န္ေနေသးတဲ့အတြက္ေၾကာင့္ ႏိုင္ငံေတာ္ဘက္ကလည္းပဲ တကၠသိုလ္ဝင္စာေမးပြဲကို ေသခ်ာေပါက္ေတာ့ မႏွစ္ကလိုပဲ လုံၿခဳံစိတ္ခ်စြာလုပ္သြား မယ္လို႔ေတာ့ ထင္ပါတယ္" ဟု အထက္ပါ တကၠသိုလ္ကထိက ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ၌ ရခိုင္ျပည္နယ္၏ ႏိုင္ငံေရးအေျခအေနေၾကာင့္ စာစစ္ဌာန ေျပာင္းေ႐ႊ႕ေျဖဆိုခြင့္မ်ားေပးခဲ့ၿပီး ယခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲတြင္လည္း ႏိုင္ငံေရးအေျခအေန အပါအဝင္ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ေျဖဆိုခြင့္မရသည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအတြက္ အစားထိုးေျဖဆိုခြင့္မ်ား ေပးသင့္ေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။
“မႏွစ္ကတုန္းကဆိုရင္ သတ္မွတ္ထားတဲ့စာစစ္ဌာနေတြမွာပဲ ေျဖဆိုရမယ္ဆိုၿပီး စီစဥ္ခဲ့တယ္။ သို႔ေသာ္ မေျဖဆို လိုက္ႏိုင္တဲ့ကေလးေတြအတြက္ဆိုၿပီ ဧၿပီလမွာ နီးစပ္တဲ့စာစစ္ဌာနေတြမွာေျဖဆိုခြင့္ရတယ္ဆိုၿပီး လုပ္ေပးခဲ့တယ္။ ဒီႏွစ္မွာလည္းပဲ လက္ရွိစာစစ္ဌာနေတြမွာ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ ေျဖဆိုခြင့္မရခဲ့ဘူးဆိုရင္ အစားထိုး ေျဖဆိုခြင့္ေတာ့ ထပ္ၿပီးေပးႏိုင္ပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တကၠသိုလ္ဝင္တန္းသည္ ျမန္မာႏိုင္ငံမွာေတာ့ အေရးႀကီးတဲ့စာေမးပြဲတစ္ခုေလ။ အဲဒီေတာ့ ဒီစာေမးပြဲကို ေျဖဆိုဖို႔အတြက္လည္း ကေလး‌ေတြတင္မကဘူး မိဘေတြကပါ ဘက္ေပါင္းစုံကပါ ႏွစ္စထဲကႀကိဳးစားၿပီးေတာ့ အားစိုက္ရတာျဖစ္တဲ့အတြက္ေၾကာင့္ ေျဖဆိုခြင့္ကို ေတာ့ အဆုံးရႈံးခံမွာမဟုတ္ဘူး။ ဒါေၾကာင့္မို႔လို႔ မူလသတ္မွတ္ထားတဲ့ မတ္လမွာ ေျဖမယ့္စာေမးပြဲကိုေတာ့ သက္ဆိုင္ရာစာစစ္ဌာနေတြမွာ ဝင္ၿပီး ေျဖဆိုႏိုင္ေအာင္ေတာ့ ႀကိဳးစားၾကမယ္။ အကယ္၍မ်ား အေၾကာင္းတစ္စုံ တစ္ခုေၾကာင့္ ေျဖဆိုခြင့္မရႏိုင္ဘူးဆိုရင္ေတာင္မွ အစားထိုးေျဖဆိုခြင့္ေတာ့ေပးမယ္လို႔ ယုံၾကည္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသအခ်ိဳ႕၌ အေျခခံပညာေက်ာင္းမ်ားအပါအဝင္ အဆင့္ျမင့္‌ ေက်ာင္း မ်ားကို ပိတ္သိမ္းခဲ့ရၿပီး ပညာသင္ယူဆဲေက်ာင္းသားမ်ား၌ ပညာေရးအခြင့္အလမ္းဆုံးရႈံးမႈမ်ားရွိေနသည့္အျပင္ ပညာသင္ခြင့္ဆုံးရႈံးရေသာ ေက်ာင္းသား/သူအေရအတြက္မွာလည္း ျမင့္တက္လာသည္ကိုလည္း ေတြ႕ရသည္။

နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးသည္ လူငယ္မ်ား၏ ပညာေရးႏွင့္ တိုက္႐ိုက္ဆက္ႏြယ္မႈရွိေနသည့္အတြက္ တည္ၿငိမ္ေအးခ်မ္းေရးကို ေဖာ္ေဆာင္ရာ၌ လက္နက္ကိုင္လမ္းစဥ္ျဖင့္သြားမည့္အစား ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ညႇိႏႈိင္းေဆြးေႏြးမႈမ်ားကို ေဆာင္႐ြက္သင့္ေၾကာင္း ပညာေရးအသိုင္းအဝိုင္းက အႀကံျပဳေျပာဆိုထားသည္။
ယခုႏွစ္(၂၀၂၄- ၂၀၂၅ ပညာသင္ႏွစ္အတြက္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းအပ္လက္ခံမႈကို ၿပီးခဲ့သည့္ ေမလ(၂၃)ရက္မွစ၍ ဇြန္လ(၂) ရက္အထိ လက္ခံေဆာင္႐ြက္ေပးခဲ့ၿပီး ေက်ာင္းသား၊ ေက်ာင္းသူဦးေရ(၆၄၇၃၃၅၀) ဦးရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုသူဦးေရ ၁၂၈,၆၃၅ ဦးရွိခဲ့ၿပီး ၇၄,၅၉၂ ဦးေအာင္ျမင္ခဲ့သည့္အတြက္ ၅၇ ဒသမ ၉၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့သည္။

Related news

© 2021. All rights reserved.