တရုတ်-မြန်မာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင်မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း တရုတ်သံအမတ်ပြော

 323

နာမူ (NP News) - ဒီဇင်ဘာ ၈

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင် မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ms. Ma Jia က ပြီးခဲ့သည့် ဒီဇင်ဘာလ (၆) ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ သည့် Bank of China နှင့် တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများသို့ ပညာသင်ဆုများ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီနှင့်အဖွဲ့အစည်းများက တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ပယ် အသီးသီးမှ ပြည်သူအချင်းချင်းကူးလူးဖလှယ်မှုကို တိုးမြှင့်၍ ဒေသအတွင်းနှင့် ပြည်သူများကိုအကျိုးဖြစ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း တရုတ်သံအမတ်က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပြည်သူအချင်းချင်းကူးလူးဖလှယ်မှုကို ဆက်လက်တိုးမြှင့်ခြင်းမှ တစ်ဆင့် တရုတ်-မြန်မာနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင်မြှင့်တင်သွားကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေရေးအား လုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်ကျောင်းသူကျောင်းသား(၁၀၀)ဦးကို ပညာသင်ဆုပေးအပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္-ျမန္မာနယ္ပယ္အသီးသီးတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုနက္ရႈိင္းေအာင္ျမႇင့္တင္သြားရန္ ဆႏၵရွိ ေၾကာင္း တ႐ုတ္သံအမတ္ေျပာ
နာမူ (NP News) - ဒီဇင္ဘာ ၈

တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ တ႐ုတ္-ျမန္မာနယ္ပယ္အသီးသီးတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုနက္ရႈိင္းေအာင္ ျမႇင့္တင္သြားရန္ ဆႏၵရွိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက ေျပာၾကားခဲ့ ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ Ms. Ma Jia က ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၆) ရက္က ရန္ကုန္ၿမိဳ႕တြင္ က်င္းပခဲ့ သည့္ Bank of China ႏွင့္ တ႐ုတ္ႏိုင္ငံေက်းလက္ေဒသဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္းတို႔ပူးေပါင္း၍ ျမန္မာႏိုင္ငံမွ ေက်ာင္းသားေက်ာင္းသူမ်ားသို႔ ပညာသင္ဆုမ်ား ေပးအပ္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တ႐ုတ္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံရွိ တ႐ုတ္ကုမၸဏီႏွင့္အဖြဲ႕အစည္းမ်ားက တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ နယ္ပယ္ အသီးသီးမွ ျပည္သူအခ်င္းခ်င္းကူးလူးဖလွယ္မႈကို တိုးျမႇင့္၍ ေဒသအတြင္းႏွင့္ ျပည္သူမ်ားကိုအက်ိဳးျဖစ္ထြန္းေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း တ႐ုတ္သံအမတ္က ဆိုသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္အတူ ျပည္သူအခ်င္းခ်င္းကူးလူးဖလွယ္မႈကို ဆက္လက္တိုးျမႇင့္ျခင္းမွ တစ္ဆင့္ တ႐ုတ္-ျမန္မာနယ္ပယ္အသီးသီးတြင္ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းေအာင္ျမႇင့္တင္သြားကာ ႏွစ္ႏိုင္ငံျပည္သူမ်ားကို ပိုမိုေကာင္းမြန္စြာ အက်ိဳးျဖစ္ထြန္းေစေရးအား လုပ္ေဆာင္သြားရန္ဆႏၵရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
အဆိုပါအခမ္းအနားတြင္ ျမန္မာႏိုင္ငံ ရန္ကုန္တကၠသိုလ္ရွိ တကၠသိုလ္ေက်ာင္းသူေက်ာင္းသား(၁၀၀)ဦးကို ပညာသင္ဆုေပးအပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.