တရားမဝင်တင်သွင်းခြင်းများကြောင့် တရားဝင်လုပ်ငန်းများအနေဖြင့် ပြည်တွင်း၌ ဈေးနှုန်းမယှဥ်နိုင်ဘဲ ရေရှည်တွင် လုပ်ငန်းရပ်တည်နိုင်ရန် ခက်ခဲလာဟုဆို

 1390

ယွန်း (NP News) - အောက်တိုဘာ ၁ဝ

တရားမဝင်တင်သွင်းခြင်းများကြောင့် တရားဝင်လုပ်ငန်းများအနေဖြင့် ပြည်တွင်း၌ ဈေးနှုန်းမယှဥ်နိုင်ဘဲ ရေရှည်တွင် လုပ်ငန်းရပ်တည်နိုင်ရန် ခက်ခဲလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသိပေးပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အောက် တိုဘာ(၉)ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်တင်သွင်းခြင်းများကြောင့် အကျိုးဆက်အနေဖြင့် တရားဝင်လုပ် ငန်းများပြည်တွင်းတွင် ဈေးနှုန်းမယှဥ်နိုင်ဘဲ ဈေးကွက်ဝေစုပေးလိုက်ရခြင်းကြောင့် ရေရှည်တွင်လုပ်ငန်းရပ်တည်လုပ်ကိုင်ရန် ခက်ခဲလာစေကြောင်း ကော်မတီဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအင်အားလျော့နည်းကျဆင်းလာကာ ရေရှည်အတွက် လုပ်ငန်းတိုးချဲ့လိုစိတ်မရှိတော့ဘဲ လုပ်ချင်ကိုင်ချင်စိတ်များ ကျဆင်းလာနိုင်သည့်အတွက် နောက်ဆုံးတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ကြောင်း ထည့်သွင်းပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂) နှစ်နှင့် (၈)လ ကာလအတွင်း အမှုတွဲ (၁၄၆၅၉) မှုကို ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် (၃၀၀ ဒသမ ၀၂၈) ဘီလျံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အ ကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေးတိုင်းက အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။ ထို့ပြင် ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ် နှင့် တရားမဝင်ကုန်စည်တင်မော် တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွာ‌ရေးဇုန်တွင်လည်း တရားမဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိမှုအပေါ် ကျော်လွန်၍ တရားမဝင်ကုန်သွယ်မှုပြုလုပ်ခြင်း အပါအဝင် နိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိမှုအပေါ် အချို့သော FDI များက ကုန်ထုတ်လုပ်မှုအား ဟန်ပြသာဆောင်ရွက်၍ ပြည်ပမှပင်ကုန်ချောပစ္စည်းများကို ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်မှုများရှိနေပြီး သတိပြုတိုက်ဖျက်ရန် ကော်မတီဥက္ကဋ္ဌက တိုက်တွန်းထားသည်။

တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းများစွာရှိသည့်အနက် အဓိကစိန်ခေါ်မှုပြဿနာမှာ နိုင်ငံ၏နယ်စပ်ဒေသ အချို့နေရာများတွင် လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ် ချက်များရှိနေခြင်း၊ အချို့ဥပဒေရေးရာများတွင် အားနည်းမှုရှိခြင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုများရှိနေခြင်းကလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင် စိန်ခေါ်မှုများအဖြစ် တွေ့ရကြောင်း ထည့်သွင်းပြောကြားသည်။

zawgyi version
တရားမဝင္တင္သြင္းျခင္းမ်ားေၾကာင့္ တရားဝင္လုပ္ငန္းမ်ားအေနျဖင့္ ျပည္ တြင္း၌ ေဈးႏႈန္းမယွဥ္ႏိုင္ဘဲ ေရရွည္တြင္ လုပ္ငန္းရပ္တည္ႏိုင္ရန္ ခက္ခဲလာဟုဆို
ယြန္း (NP News) - ေအာက္တိုဘာ ၁ဝ

တရားမဝင္တင္သြင္းျခင္းမ်ားေၾကာင့္ တရားဝင္လုပ္ငန္းမ်ားအေနျဖင့္ ျပည္တြင္း၌ ေဈးႏႈန္းမယွဥ္ႏိုင္ဘဲ ေရရွည္တြင္ လုပ္ငန္းရပ္တည္ႏိုင္ရန္ ခက္ခဲလာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အသိေပးေျပာၾကားသည္။

တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီဥကၠ႒ အျဖစ္လည္း တာဝန္ယူထားေသာ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေအာက္ တိုဘာ(၉)ရက္တြင္ ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတြင္ က်င္းပခဲ့သည့္ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

တရားမဝင္တင္သြင္းျခင္းမ်ားေၾကာင့္ အက်ိဳးဆက္အေနျဖင့္ တရားဝင္လုပ္ ငန္းမ်ားျပည္တြင္းတြင္ ေဈးႏႈန္းမယွဥ္ႏိုင္ဘဲ ေဈးကြက္ေဝစုေပးလိုက္ရျခင္းေၾကာင့္ ေရရွည္တြင္လုပ္ငန္းရပ္တည္လုပ္ကိုင္ရန္ ခက္ခဲလာေစေၾကာင္း ေကာ္မတီဥကၠ႒က ေျပာသည္။ ထို႔ျပင္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စီးပြားေရးအင္အားေလ်ာ့နည္းက်ဆင္းလာကာ ေရရွည္အတြက္ လုပ္ငန္းတိုးခ်ဲ႕လိုစိတ္မရွိေတာ့ဘဲ လုပ္ခ်င္ကိုင္ခ်င္စိတ္မ်ား က်ဆင္းလာႏိုင္သည့္အတြက္ ေနာက္ဆုံးတြင္ ျပည္တြင္းကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ရပ္ဆိုင္းသြားႏိုင္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

တရားမဝင္ကုန္သြယ္မႈမ်ားကို ထိေရာက္စြာတိုက္ဖ်က္ရန္ ဦးေဆာင္ေကာ္မတီဖြဲ႕စည္းၿပီး ဖမ္းဆီးရရွိမႈမ်ားအေနျဖင့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လအထိ (၂) ႏွစ္ႏွင့္ (၈)လ ကာလအတြင္း အမႈတြဲ (၁၄၆၅၉) မႈကို ဖမ္းဆီးရမိခဲ့ၿပီး ခန႔္မွန္းတန္ဖိုးေငြက်ပ္ (၃၀၀ ဒသမ ၀၂၈) ဘီလ်ံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

၂ဝ၂၄ ခုႏွစ္ ဇူလိုင္လႏွင့္ ဩဂုတ္လအတြင္း ဖမ္းဆီးရရွိမႈမ်ားတြင္ အ ေကာက္ခြန္ဦးစီးဌာနက အမ်ားဆုံးဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရရွိမႈအေနျဖင့္ မႏၲေလးတိုင္းက အမ်ားဆုံးျဖစ္ကာ စစ္ကိုင္းတိုင္းက ဒုတိယအမ်ားဆုံးႏွင့္ ကခ်င္ျပည္နယ္က တတိယအမ်ားဆုံး ဖမ္းဆီးရမိခဲ့သည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။ ထို႔ျပင္ ကုန္ပစၥည္းအုပ္စုအလိုက္ ဖမ္းဆီးရရွိမႈမ်ားကို စိစစ္ရာတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ ႏွင့္ တရားမဝင္ကုန္စည္တင္ေမာ္ ေတာ္ယာဥ္ဖမ္းဆီးရရွိမႈမ်ားက အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးက လုပ္ငန္းသုံးကုန္ၾကမ္းမ်ားျဖစ္ၿပီး တတိယအမ်ားဆုံးက ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းမ်ားျဖစ္ေၾကာင္း သိရသည္။

သီလဝါအထူးစီးပြာ‌ေရးဇုန္တြင္လည္း တရားမဝင္ကုန္ပစၥည္းတင္သြင္းခြင့္ရရွိမႈအေပၚ ေက်ာ္လြန္၍ တရားမဝင္ကုန္သြယ္မႈျပဳလုပ္ျခင္း အပါအဝင္ ႏိုင္ငံအတြင္း ထုတ္လုပ္ျဖန႔္ျဖဴးခြင့္ရရွိမႈအေပၚ အခ်ိဳ႕ေသာ FDI မ်ားက ကုန္ထုတ္လုပ္မႈအား ဟန္ျပသာေဆာင္႐ြက္၍ ျပည္ပမွပင္ကုန္ေခ်ာပစၥည္းမ်ားကို ေဈးေပါေပါျဖင့္ တင္သြင္းေဆာင္႐ြက္မႈမ်ားရွိေနၿပီး သတိျပဳတိုက္ဖ်က္ရန္ ေကာ္မတီဥကၠ႒က တိုက္တြန္းထားသည္။

တရားမဝင္ကုန္သြယ္မႈမ်ား ျဖစ္ေပၚရျခင္းႏွင့္ပတ္သက္၍ အေၾကာင္းရင္းမ်ားစြာရွိသည့္အနက္ အဓိကစိန္ေခၚမႈျပႆနာမွာ ႏိုင္ငံ၏နယ္စပ္ေဒသ အခ်ိဳ႕ေနရာမ်ားတြင္ လုံၿခဳံေရးအရ ေစာင့္ၾကည့္ထိန္းသိမ္းရန္ ကန႔္သတ္ ခ်က္မ်ားရွိေနျခင္း၊ အခ်ိဳ႕ဥပေဒေရးရာမ်ားတြင္ အားနည္းမႈရွိျခင္း၊ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ရသည့္ ဝန္ထမ္းအင္အား မလုံေလာက္ျခင္းႏွင့္ အက်င့္ပ်က္မႈမ်ားရွိေနျခင္းကလည္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ရာတြင္ စိန္ေခၚမႈမ်ားအျဖစ္ ေတြ႕ရေၾကာင္း ထည့္သြင္းေျပာၾကားသည္။

Related news

© 2021. All rights reserved.