နေပြည်တော်တွင် မိသားစု သုံးဦးကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း နှင့် မော်တော်ယာဉ်ယူဆောင်သွားသည့်အမှုမှ ပါဝင်သူများကို ထောင်ဒဏ် နှင့် သေဒဏ် အသီးသီးချမှတ်

 2409

ချယ်ရီ (NP News) - အောက်တိုဘာ ၁ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက် မြတ်လေးလမ်းတွင် မိသားစု သုံးဦးကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း နှင့် မော်တော်ယာဉ် ယူဆောင်သွားသည့်အမှုမှ ပါဝင်သူများကို ထောင်ဒဏ် နှင့် သေဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထံက သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၁ဝ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူဒေါ် စောသန္တာဦးနှင့် သားဖြစ်သူ ရွှေအုပ်စိုးတို့မှာနေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါအမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကုန်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ ရဲထက်ကျော်(ခ)ကိုချစ်၊ ကျော်အေး (ခ)ပသိုင်း၊ ကျော်သူနှင့်နန်းကိုသူ(ခ)နန်းမောင်တို့လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂၊ ၃၉၄/၃၄၊ ၂ဝ၁၊ ၂ဝ၂/၁ဝ၉ တို့ဖြင့် ဥတ္တရခရိုင်တရားရုံးသို့လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့်(ခ)ဝင်းမင်းသူ(ခ)ဇော်ဇော်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂၊ ၃၉၄/၃၄ တို့ဖြင့် ဥတ္တရသီရိမြို့နယ် တရားရုံးသို့လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထိုအမှုများကို ဥတ္တရခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၃၃/၂ဝ၂၄ ဖြင့်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တရားရုံးက ကလေးသူငယ်ရာဇဝတ်ကြီးမှုအမှတ် ၅/၂ဝ၂၄ ဖြင့်လည်းကောင်း လက်ခံစစ်ဆေးပြီး ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် တရားခံရဲထက်ကျော်(ခ)ကိုချစ်အပေါ် ဦးသန်းနိုင်ထွန်းကို ကြိုတင်ကြံရွယ်ချက်ဖြင့်သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ဒေါ်စောသန္တာဦးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ရွှေအုပ်စိုးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် ၂၀ နှစ်၊ တရားခံ နန်းကိုသူ (ခ) နန်းမောင်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ် ၁၀ နှစ်၊ တရားခံကျော်အေး(ခ)ပသိုင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့် ထောင်ဒဏ်ခုနစ်နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ၊ တရားခံ ကျော်သူအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ အသီးသီးကျခံစေရန် ဥတ္တရခရိုင်တရားရုံးမှ လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး၊ ရွှေအုပ်စိုးတို့ကို သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်သော ပြစ်ဒဏ်သုံးရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် သုံးနှစ်ကို သီးခြားကျခံစေရန် ဥတ္တရသီရိမြို့နယ် တရားရုံးမှလည်းကောင်း အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္တြင္ မိသားစု သုံးဦးကို သတ္ျဖတ္ကာ လက္ကိုင္ဖုန္း ႏွင့္ ေမာ္ေတာ္ယာဥ္ယူေဆာင္သြားသည့္အမႈမွ ပါဝင္သူမ်ားကို ေထာင္ဒဏ္ ႏွင့္ ေသဒဏ္ အသီးသီးခ်မွတ္
ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၁ဝ

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဥတၱရသီရိၿမိဳ႕နယ္ ဇဝနသိဒၶိရပ္ကြက္ ျမတ္ေလးလမ္းတြင္ မိသားစု သုံးဦးကို သတ္ျဖတ္ကာ လက္ကိုင္ဖုန္း ႏွင့္ ေမာ္ေတာ္ယာဥ္ ယူေဆာင္သြားသည့္အမႈမွ ပါဝင္သူမ်ားကို ေထာင္ဒဏ္ ႏွင့္ ေသဒဏ္ အသီးသီးခ်မွတ္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ထံက သိရသည္။

အဆိုပါ ျဖစ္စဥ္မွာ ၂ဝ၂၄ ခုႏွစ္ ဩဂုတ္လ ၁ဝ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဦးသန္းႏိုင္ထြန္း၊ ဇနီးျဖစ္သူေဒၚ ေစာသႏၲာဦးႏွင့္ သားျဖစ္သူ ေ႐ႊအုပ္စိုးတို႔မွာေနအိမ္အတြင္း၌ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ခဲ့ရျခင္း ျဖစ္သည္။ အဆိုပါအမႈျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ဘုရားကုန္းၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လွစ္ စုံစမ္းစစ္ေဆးခဲ့ၿပီး တရားခံ ရဲထက္ေက်ာ္(ခ)ကိုခ်စ္၊ ေက်ာ္ေအး (ခ)ပသိုင္း၊ ေက်ာ္သူႏွင့္နန္းကိုသူ(ခ)နန္းေမာင္တို႔ေလးဦးအေပၚ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂၊ ၃၉၄/၃၄၊ ၂ဝ၁၊ ၂ဝ၂/၁ဝ၉ တို႔ျဖင့္ ဥတၱရခ႐ိုင္တရား႐ုံးသို႔လည္းေကာင္း၊ ကေလးသူငယ္တရားခံ ဖိုးလျပည့္(ခ)ဝင္းမင္းသူ(ခ)ေဇာ္ေဇာ္အေပၚ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂၊ ၃၉၄/၃၄ တို႔ျဖင့္ ဥတၱရသီရိၿမိဳ႕နယ္ တရား႐ုံးသို႔လည္းေကာင္း တရားစြဲတင္ပို႔ခဲ့ေၾကာင္း သိရသည္။

ထိုအမႈမ်ားကို ဥတၱရခ႐ိုင္တရား႐ုံးက ရာဇဝတ္ႀကီးမႈအမွတ္ ၃၃/၂ဝ၂၄ ျဖင့္လည္းေကာင္း၊ ဥတၱရသီရိၿမိဳ႕နယ္တရား႐ုံးက ကေလးသူငယ္ရာဇဝတ္ႀကီးမႈအမွတ္ ၅/၂ဝ၂၄ ျဖင့္လည္းေကာင္း လက္ခံစစ္ေဆးၿပီး ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာ ၈ ရက္တြင္ တရားခံရဲထက္ေက်ာ္(ခ)ကိုခ်စ္အေပၚ ဦးသန္းႏိုင္ထြန္းကို ႀကိဳတင္ႀကံ႐ြယ္ခ်က္ျဖင့္သတ္ျဖတ္ၿပီး ေသေစသည့္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁) (ခ) အရ ေသဒဏ္၊ ေဒၚေစာသႏၲာဦးကို ႀကိဳတင္ႀကံ႐ြယ္ခ်က္ျဖင့္ သတ္ျဖတ္ၿပီး ေသေစသည့္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁) (ခ) အရ ေသဒဏ္၊ ေ႐ႊအုပ္စိုးကို ႀကိဳတင္ႀကံ႐ြယ္ခ်က္ျဖင့္ သတ္ျဖတ္ၿပီး ေသေစသည့္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁)(ခ) အရ ေသဒဏ္ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ အရ ေထာင္ဒဏ္ ၂၀ ႏွစ္၊ တရားခံ နန္းကိုသူ (ခ) နန္းေမာင္အေပၚ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁) (ခ)/၁၀၉ အရ ေသဒဏ္ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၁၀၉ အရ ေထာင္ဒဏ္ ၁၀ ႏွစ္၊ တရားခံေက်ာ္ေအး(ခ)ပသိုင္းအေပၚ ရာဇသတ္ႀကီးပုဒ္မ ၂၀၁ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ခုနစ္ႏွစ္ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၂၀၂ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ၊ တရားခံ ေက်ာ္သူအေပၚ ရာဇသတ္ႀကီးပုဒ္မ ၂၀၂ အရ အလုပ္ႏွင့္ေထာင္ဒဏ္ ေျခာက္လ အသီးသီးက်ခံေစရန္ ဥတၱရခ႐ိုင္တရား႐ုံးမွ လည္းေကာင္း၊ ကေလးသူငယ္တရားခံ ဖိုးလျပည့္ (ခ) ဝင္းမင္းသူ (ခ) ေဇာ္ေဇာ္အေပၚ ဦးသန္းႏိုင္ထြန္း၊ ေဒၚေစာသႏၲာဦး၊ ေ႐ႊအုပ္စိုးတို႔ကို ေသေစသည့္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (၁) (ခ) အရ ေထာင္ဒဏ္ ခုနစ္ႏွစ္စီ ခ်မွတ္ေသာ ျပစ္ဒဏ္သုံးရပ္ကို တစ္ၿပိဳင္တည္း က်ခံေစရန္ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ အရ ေထာင္ဒဏ္ သုံးႏွစ္ကို သီးျခားက်ခံေစရန္ ဥတၱရသီရိၿမိဳ႕နယ္ တရား႐ုံးမွလည္းေကာင္း အသီးသီး အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Picture

Tokyo Revengers

10/10/2024 22:53

သေပီလား

Related news

© 2021. All rights reserved.