သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်မည့် ပညာရေးဝန်ထမ်း(၄)ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

 1673

သန့်ဇင် (NP News) - အောက်တိုဘာ ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ပါဝင်မည့် ပညာရေးဝန်ထမ်း(၄)ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၉ ရက်)၊ ညနေ ၅နာရီခွဲအချိန်ခန့်က သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါကျေးရွာတွင် နေထိုင်သည့် အသက်(၅၄)နှစ်အရွယ် ရန်တောင်ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသီးဖေ အပါအဝင် ကျောင်းဆရာမ (၃)ဦးနှင့် ရန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့သည် ၎င်းတို့နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၃ဝ)ဦးခန့်က VIGO အနက်ရောင် ကား(၂)စီးဖြင့် ရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရသူများအနက် ကျောင်းအုပ်ဆရာ ဦးသီးဖေနှင့်ဒေါ်ဝေဝေဌေးတို့သည် သရက်ချောင်းမြို့ပေါ်တွင် လာမည့် အောက်တိုဘာ ၁၁ရက်မှ ၁၅ရက်အထိ ကောက်ယူမည့် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်ပြီးနောက် ၎င်းတို့နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ကျန်(၃)ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်လွတ်မြောက်ရေးဆောင် စုံးစမ်းစစ်ဆေးမှုများ ဆက် လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ကလည်း သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို PDF အဖွဲ့က ခြိမ်းခြောက်စာပို့ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

နစကအစိုးရမှ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက် ယူခြင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်မှစတင်ကာ ၁၅ရက် အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ဆောင်ရွက်လျက်ရှိပြီး PDF လက် နက်ကိုင်အဖွဲ့များကလည်း သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင် သူများအား နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်လျက်ရှိနေသည်။

zawgyi version
သရက္ေခ်ာင္းၿမိဳ႕နယ္တြင္ သန္းေခါင္စာရင္းေကာက္ယူရာ၌ ပါဝင္မည့္ ပညာေရးဝန္ထမ္း(၄)ဦးႏွင့္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁ဝ

တနသၤာရီတိုင္းေဒသႀကီး၊ သရက္ေခ်ာင္းၿမိဳ႕နယ္တြင္ သန္းေခါင္စာရင္းေကာက္ယူရာ၌ပါဝင္မည့္ ပညာေရးဝန္ထမ္း(၄)ဦးႏွင့္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္)၊ ညေန ၅နာရီခြဲအခ်ိန္ခန႔္က သရက္ေခ်ာင္းၿမိဳ႕နယ္၊ ရန္ေတာင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။အဆိုပါေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၅၄)ႏွစ္အ႐ြယ္ ရန္ေတာင္ေက်း႐ြာ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးသီးေဖ အပါအဝင္ ေက်ာင္းဆရာမ (၃)ဦးႏွင့္ ရန္ေတာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတို႔သည္ ၎တို႔ေနအိမ္အသီးသီး၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၃ဝ)ဦးခန႔္က VIGO အနက္ေရာင္ ကား(၂)စီးျဖင့္ ေရာက္ရွိလာကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဖမ္းဆီးခံရသူမ်ားအနက္ ေက်ာင္းအုပ္ဆရာ ဦးသီးေဖႏွင့္ေဒၚေဝေဝေဌးတို႔သည္ သရက္ေခ်ာင္းၿမိဳ႕ေပၚတြင္ လာမည့္ ေအာက္တိုဘာ ၁၁ရက္မွ ၁၅ရက္အထိ ေကာက္ယူမည့္ လူဦးေရႏွင့္အိမ္ အေၾကာင္းအရာသန္းေခါင္ စာရင္းေကာက္ယူေရးအဖြဲ႕တြင္ ပါဝင္ၿပီးေနာက္ ၎တို႔ေနအိမ္သို႔ျပန္လည္ေရာက္ရွိစဥ္ က်န္(၃)ဦးႏွင့္အတူ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက PDF အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္ခံရသူမ်ားအား ျပန္လည္လြတ္ေျမာက္ေရးေဆာင္ စုံးစမ္းစစ္ေဆးမႈမ်ား ဆက္ လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာ ၁၅ ရက္ကလည္း သရက္ေခ်ာင္းၿမိဳ႕နယ္၊ ရန္ေတာင္ေက်း႐ြာရွိ အေျခခံပညာမူလတန္း ေက်ာင္းကို PDF အဖြဲ႕က ၿခိမ္းေျခာက္စာပို႔ခဲ့သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ဖူးသည္။

နစကအစိုးရမွ လူဦးေရႏွင့္အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းေကာက္ ယူျခင္းကို ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁ရက္မွစတင္ကာ ၁၅ရက္ အထိ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ ေဆာင္႐ြက္လ်က္ရွိၿပီး PDF လက္ နက္ကိုင္အဖြဲ႕မ်ားကလည္း သန္းေခါင္စာရင္းေကာက္ယူရာတြင္ပါဝင္ သူမ်ားအား နည္းလမ္းမ်ိဳးစုံျဖင့္ ၿခိမ္းေျခာက္ျခင္း၊ ဖမ္းဆီးျခင္းမ်ားလုပ္ေဆာင္လ်က္ရွိေနသည္။

Related news

© 2021. All rights reserved.