နိုင်ငံရေးတွင် ရှောင်လွှဲ၍မရသော နည်းပညာ၏ လွှမ်းမိုးမှု (ဘာသာပြန်ဆောင်းပါး)
652
တင်ဇာ (NP News) - အောက်တိုဘာ ၁၂
နိုင်ငံရေးတွင် နည်းပညာသည် အစဉ်အမြဲ ပါဝင်ပတ်သက်နေပြီး အမေရိကန်သမ္မတ ဘားရတ် အိုဘားမား၏ ပထမဆုံး မဲဆွယ်ပွဲအတွင်း ဒစ်ဂျစ်တယ် နည်းပညာသည် အမှန်တကယ်အရေးပါကြောင်း ထင်ရှားလာခဲ့သည်။ နည်းပညာကျွမ်းကျင်သောအဖွဲ့ကို အသုံးပြု၍ အိုဘားမားသည် YouTube ဗီဒီယိုများ၊ Facebook စာမျက်နှာအပါအဝင် အီးမေးလ်ကို အသုံးပြု၍ အစုလိုက်အပြုံလိုက် စာတိုပေးပို့ခြင်း အပါအဝင် ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြုခဲ့သည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ပြိုင်ဘက် John McCain မှာမူ ဒစ်ဂျစ်တယ်နည်းပညာအပေါ် အသုံးချမှုအားနည်းခဲ့ကြောင်း တွေ့ရှိရသည်။
ယနေ့ခေတ်တွင် ဤကဲ့သို့သော ဒစ်ဂျစ်တယ် နည်းပရိယာယ်များမှာ သာမန်မျှဟုထင်ရသော်လည်း ထိုအချိန်က ၎င်းတို့သည် ဒစ်ဂျစ်တယ်စနစ်အတွက် အားသွန်ခွန်စိုက်တော်လှန်ခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်က အိုဘားမား၏ ဆန်းသစ်သော အွန်လိုင်းရန်ပုံငွေ ရှာဖွေရေးမဟာဗျူဟာသည် အလှူငွေ ဒေါ်လာသန်း ၇၅၀ နီးပါးစုဆောင်းနိုင်ခဲ့ကာ စံချိန်တင်ခဲ့သည်။ ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတစ်ဆင့် ၎င်း၏ လှုပ်ရှားမှုများကို အများသူငါသိရှိအောင် တိုက်ရိုက်ဆက်သွယ် မျှဝေနိုင်ခဲ့သည်။ ထိုအချိန်က မဲပေးနိုင် သည့်အရွယ် ထက်ဝက်ကျော်က အင်တာနက်ကိုအသုံးပြုနေကြပြီဖြစ်သည့်အတွက် အိုဘားမားသည် နိုင်ငံရေးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ကောင်းကောင်း အသုံးချနိုင်ခဲ့သည်။
နိုင်ငံရေးလက်နက်တစ်ခုဖြစ်လာသည့် ဒစ်ဂျစ်တယ်နည်းပညာ
ဘားရက်အိုဘားမားသည် (၂၀ဝ၈) ခုနှစ် မဲဆွယ်စည်းရုံးမှုတွင် ဒစ်ဂျစ်တယ်နည်းပညာကို အထွတ် အထိပ်အသုံးပြုခဲ့ချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးသမားများသည် အလားတူဗျူဟာများကို ဆက်လက် ကျင့်သုံးခဲ့ကြသည်။ သို့သော် နိုင်ငံရေးတွင် နည်းပညာကိုအသုံးချခြင်းသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးထက် ပို၍ကျယ်ပြန့်နေသည်။ အထူးသဖြင့် နည်းပညာကိုအသုံးချ၍ နိုင်ငံရေးတွင် မသမာစွာ အမြတ်ထုတ်လာကြသည်။ ဥပမာအနေဖြင့် ဒီမိုကရက်တစ် အမျိုးသားကော်မတီနှင့် ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ အီးမေးလ်များ ပေါက်ကြားခြင်း ကဲ့သို့ ပြဿနာများဖြစ်ပေါ်လေ့ရှိလာသည်။ အဆိုပါအီးမေးလ် များကို ရုရှားလိုလားသူများက ဟက်ခ်ခဲ့သည်ဟုဆို သော်လည်း ယခုချိန်ထိတိုင်အောင် ယင်းနှင့်ပတ် သက်၍ အတည်မပြုနိုင်သေးပေ။
ထိုကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပြဿနာများသည် အီးမေးလ်များတင်မဟုတ်ပါ။ အခြား သော နည်းပညာနယ်ပယ်များတွင်ပါ ဂယက်ထ နေသည်။ ထရမ့်သည် (၂၀၂၀) ပြည့်နှစ် သမ္မတရွေး ကောက်ပွဲတွင် ၎င်း၏ရှုံးနိမ့်မှုကိုလက်မခံခဲ့ဘဲ မဲလိမ် လည်ခဲ့သည်ဟုစွပ်စွဲခဲ့သည်။ ထို့နောက် StopThe Steal လူထုလှုပ်ရှားမှုကို လှုံ့ဆော်ပေးခဲ့သည်။ ထို့ပြင် ၎င်းရွေးကောက်ပွဲတွင်အသုံးပြုသည့် အီလက် ထရွန်နစ်မဲပေးစနစ်၊ Dominion Voting Systems က Fox ကော်ပိုရေးရှင်း၊ OAN နှင့် Newsmax ကွန်ရက်တို့ကို အသရေဖျက်မှုဖြင့်တရားစွဲခဲ့သည်။ ဘရာဇီးနိုင်ငံတွင်လည်း သမ္မတ Jair Bolsonaro သည် နိုင်ငံ၏ အီလက်ထရွန်နစ်မဲပေးစနစ်အပေါ် အလားတူသံသယများကို ထုတ်ဖော်ပြသခဲ့သည်။ ထိုကဲ့သို့ နိုင်ငံရေးတွင် ဆိုရှယ်မီဒီယာများ၏ နှောင့် ယှက်မှုများ၊ ပူးပေါင်းကြံစည်မှုသီအိုရီများ ကြီးစိုးနေ သောကြောင့် အမေရိကန်ပြည်သူလူထုအပြင် လက်တင်အမေရိကနှင့် ကာရေဘီယံရှိ ပြည်သူများက နိုင်ငံရေးအပေါ် စိတ်ကုန်လာကြသည်။ ထို့ပြင် အာ ဏာရလာသောအစိုးရများအပေါ်လည်း သံသယ စိတ်များ ကြီးထွားလာကြသည်။ နိုင်ငံသားများသည် အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာသောအခါ ၎င်းတို့သည် ပြည်သူ့မူဝါဒအပေါ် စိတ်ဝင်စားမှုလျော့နည်းလာပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြော ရေးကိုမြှင့်တင်ပေးသည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကိုပံ့ပိုးပေးရန် စိတ်ဝင်စားခြင်းမရှိတော့ပေ။
ထို့ပြင် နိုင်ငံ့ခေါင်းဆောင်များသည် လူထုအပေါ် ဖိအားပေးရန် နိုင်ငံရေးကိုအသုံးချလာကြောင်းကို လည်းတွေ့ရသည်။ ဥပမာအနေဖြင့် တရုတ် ကုမ္ပဏီ များသည် မနီလာတွင် ဘေးကင်းလုံခြုံသော မြို့စောင့် ကြပ်ကြည့်ရှုမှုကိုလုပ်ဆောင်ရန် Duterte အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မီဒီယာ များက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြဖူးသည်။ သို့သော် အဆိုပါ စောင့်ကြည့်ရေးအစီအမံများသည် Duterte အစိုးရ ၏ ပြည်သူများအပေါ် ဖိနှိပ်မှုဗျူဟာ တစ်ရပ်ဖြစ်နေ သည်။ Duterte အစိုးရသည် အစိုးရဝေဖန်သူများကို နှောင့်ယှက်ခြိမ်းခြောက်ရန် ဆိုရှယ်မီဒီယာကိုအသုံးပြု၍ မဟုတ်မမှန် သတင်းပေးလှုံ့ဆော်မှုများကို ဖန် တီးခဲ့သည်။ သို့သော် ီကအနမအန ၏ မဟုတ်မမှန် လုပ်ကြံသတင်းလွှင့် နည်းဗျူဟာအတွက် အဓိကအသုံးပြုသည့် ကြားခံဆိုရှယ်မီဒီယာသည် အမေရိကန်ကုမ္ပဏီ တစ်ခု ဖြစ်သည့် Facebook ဖြစ်နေသည်။ ထို့ကြောင့် Duterte ၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို အဓိကတွန်း အားပေးနေသည်မှာ တရုတ်စောင့်ကြည့်ရေးကုမ္ပဏီများ သို့မဟုတ် Facebook လားဆိုသည်မှာ ဝေခွဲမရ ဖြစ်နေသည်။ နည်းပညာသည် ကမ္ဘာတစ်ဝန်း နိုင်ငံရေးကွဲပြားမှုကို တွန်းအားပေးသည့် အရာ တစ်ခုအဖြစ် သာဓကများစွာရှိနေသော်လည်း ၎င်းသည် သက်မဲ့ အသုံးချခံအရာတစ်ခုသာဖြစ်ကြောင်း အားလုံးနားလည် သင့်သည်။ Acquia CISO မှ သတင်းအချက်အလက် လုံခြုံရေးဥက္ကဋ္ဌ Robert Former က “ ပြဿနာက နည်းပညာ မဟုတ်ဘူး၊ နည်းပညာကိုအသုံးချပုံကြောင့် ” ဟု မှတ်ချက်ပြုခဲ့သည်။ စင်စစ်အားဖြင့် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများသည် ၎င်းတို့၏ရည်မှန်းချက်အတွက် နည်းပညာကို ကောင်းကောင်းအသုံးချခဲ့ကြသည်။
အရှေ့အလယ်ပိုင်းမှ ဆန္ဒပြသူများသည် ဆန္ဒပြပွဲများနှင့် အခြားသောလှုပ်ရှားမှုများအတွက် ဆို ရှယ်မီဒီယာပလက်ဖောင်းများကို အသုံးပြုခဲ့ကြောင်း (၂၀၁၀) နှင့် (၂၀၁၂) ခုနှစ်ကြား အာရပ် နွေဦးတော် လှန်ရေးအတွင်း Twitter ၏ အရေးပါသောအခန်း ကဏ္ဍကသက်သေပြနေသည်။ ထို့ပြင် Women’s March လှုပ်ရှားမှု (၂၀၁၇ ခုနှစ်)၊ George Floyd ဆန္ဒပြမှုများ (၂၀၂၀ ခုနှစ်)နှင့် ဇန်နဝါရီလ (၆) ရက် အမေရိကန်လွှတ်တော်အဆောက်အအုံ ဝင်ရောက်စီးနင်းမှု (၂၀၂၁ ခုနှစ်) တို့တွင် ဆိုရှယ်မီဒီယာသည် အဓိကလှုံ့ဆော်ပေးသည့်အရာဖြစ်နေသည်ကို တွေ့ ရှိရသည်။ အဆိုပါ လူထုလှုပ်ရှားမှုများအနက် ဇန်န ဝါရီလ (၆) ရက်ဖြစ်စဉ်က အကြမ်းဖက်လှုပ်ရှားမှု အသွင်ဆောင်နေသည်ကိုတွေ့ရှိရကာ ကျွန်ုပ်တို့ အနေ ဖြင့် နိုင်ငံရေးတွင် နည်းပညာကို ကြိုးကိုင် အသုံးချသူ၏ ခံယူချက်ပေါ်မူတည်၍ အကောင်းအဆိုး ကွဲပြား သွားသည်ကို လေ့လာတွေ့ရှိရသည်။
နည်းပညာ၏လွှမ်းမိုးမှုကို ထိန်းချုပ်ကန့်သတ်ခြင်း
အမေရိကန် နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် နည်းပညာနှင့် Big Tech ကုမ္ပဏီများ၏ လွှမ်းမိုးမှု များကိုဖယ်ရှားရန် ယနေ့ထိတိုင် ရုန်းကန်နေရဆဲဖြစ် သည်။ အစိုးရအရာရှိများ၊ အရပ်ဘက်တက်ြွကလှုပ် ရှားသူများနှင့် နည်းပညာကုမ္ပဏီများကိုယ်တိုင်က နည်းပညာကြောင့်ဖြစ်ပေါ်လာသော နိုင်ငံရေးနှင့် လူ့ အဖွဲ့အစည်းအပေါ်သက်ရောက်မှုများကို တားဆီး နိုင်ခြင်းမရှိသေးပါ။ နိုင်ငံရေးအပေါ် နည်းပညာ၏ လွှမ်းမိုးမှုကိုထိန်းချုပ်ရာတွင် ပွင့်လင်းမြင်သာမှု၊ တာ ဝန်ခံမှုနှင့် နိုင်ငံသားများနှင့်ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန်ရည်ရွယ်သည့် မဟာဗျူဟာများကို ကျင့် သုံးရန်လိုအပ်နေသည်။ ယင်းတို့အနက် အချို့သော ဗျူဟာများကို လေ့လာကြည့်ရာ-
(က) ဆိုရှယ်မီဒီယာကို ထိန်းချုပ်ကန့်သတ်ခြင်း
သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားတို့နှင့် ပတ်သက်၍ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းအပါအဝင် ၎င်းတို့၏ပလက်ဖောင်းများပေါ် တွင်မျှဝေထားသော အကြောင်းအရာများအတွက် တာဝန်ယူရန် ဆိုရှယ်မီဒီယာကုမ္ပဏီများက လိုအပ် သည့်ဥပဒေများကို အကောင်အထည်ဖော်ရမည်။
(၂) ဒစ်ဂျစ်တယ်အသိပညာကို မြှင့်တင်ခြင်း
အွန်လိုင်းတွင် သတင်းအချက်အလက်များကို ဝေဖန်အကဲဖြတ်ခြင်း၊ သတင်းမှားများကို သုံးသပ် ခြင်း၊ ဆိုရှယ်မီဒီယာစည်းမျဉ်းစည်းကမ်းများကို နားလည်ရန် လူထုအား ပညာပေးရမည်။
(၃) ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေခြင်း
အစိုးရများသည် နိုင်ငံရေးအဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ဒေတာချိုးဖောက်မှုများမှ ကာ ကွယ်ရန်အတွက် ဆိုက်ဘာလုံခြုံရေးအစီအမံများကို တိုးမြှင့်ရမည်။
(၄) AI ၏ ကျင့်ဝတ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာမှုကို အားပေးခြင်း
AI ကိရိယာများသည် ဘက်လိုက်မှုများကို အားဖြည့်ပေးခြင်း သို့မဟုတ် အများသူငါထင် မြင်ယူဆချက်များကို ကြိုးကိုင်ခြယ်လှယ်ခြင်းမပြု ကြောင်း သေချာစေရေးနှင့် နိုင်ငံရေးအခြေအနေများတွင် တာဝန်ရှိ သော ဉာဏ်ရည်တုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုနှင့် ဉာဏ်ရည်တုအသုံးပြုမှုကို မြှင့်တင် ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
(၅) လွတ်လပ်သော သတင်းစာပညာကို ပံ့ပိုးပေးခြင်း
တိကျမှန်ကန်ပြီး စစ်ဆေးထားသော သတင်း များ ပေးဆောင်ရန်၊ သတင်းမှားများကို စိစစ်ရန် အတွက် အမှီအခိုကင်းသော မီဒီယာများ အားကောင်း လာအောင် ပံ့ပိုးရမည်။
ဤဗျူဟာများကို အကောင်အထည်ဖော်ခြင်းဖြင့် လူ့အဖွဲ့အစည်းများသည် အပြု သဘောဆောင်သော ထိတွေ့ဆက်ဆံမှုနှင့် သတင်း အချက်အလက်ဖြန့်ဝေ ခြင်းများကို အသုံးချပြီး နိုင်ငံ ရေးအပေါ် နည်းပညာ၏ အပျက်သဘောသက်ရောက်မှုများကို လျော့ပါးသက်သာစေရန် လုပ်ဆောင်နိုင်သည်။
နည်းပညာများ တိုးတက်ပြောင်းလဲလာသည် နှင့်အမျှ ၎င်း၏ နိုင်ငံရေးစနစ်များနှင့် လုပ်ငန်းစဉ် များအပေါ် အကျိုးသက်ရောက်မှုများလည်း ပြောင်း လဲလာမည်မှာ သေချာနေသည်။ နည်းပညာသည် လူထုလှုပ်ရှားမှုများ၊ အတိုက်အခံခေါင်းဆောင်များ နှင့် နိုင်ငံရေး လွတ်လပ်ခွင့် လှုပ်ရှားသူများအတွက် အရေးပါသောအရာတစ်ခုဖြစ်သကဲ့သို့ အာဏာ ရှင်ဆန်သော ခေါင်းဆောင်များအတွက်လည်း လက် နက်တစ်ခုဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ နည်းပညာသည် ပြောင်းလဲတိုးတက်လာသော ကမ္ဘာ ကြီးနှင့်အတူ နိုင်ငံရေးတွင် အရေးပါသော အရာတစ်ခုဖြစ်နေဦးမည်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အကောင်းအဆိုးသက်ရောက်မှုများမှာ ၎င်းကို အသုံးချသူ၏ ရည်ရွယ်ချက်နှင့်သာ သက်ဆိုင်လိမ့်မည်ဖြစ်ပါကြောင်း။
zawgyi version
ႏိုင္ငံေရးတြင္ ေရွာင္လႊဲ၍မရေသာ နည္းပညာ၏ လႊမ္းမိုးမႈ (ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ေအာက္တိုဘာ ၁၂
ႏိုင္ငံေရးတြင္ နည္းပညာသည္ အစဥ္အၿမဲ ပါဝင္ပတ္သက္ေနၿပီး အေမရိကန္သမၼတ ဘားရတ္ အိုဘားမား၏ ပထမဆုံး မဲဆြယ္ပြဲအတြင္း ဒစ္ဂ်စ္တယ္ နည္းပညာသည္ အမွန္တကယ္အေရးပါေၾကာင္း ထင္ရွားလာခဲ့သည္။ နည္းပညာကြၽမ္းက်င္ေသာအဖြဲ႕ကို အသုံးျပဳ၍ အိုဘားမားသည္ YouTube ဗီဒီယိုမ်ား၊ Facebook စာမ်က္ႏွာအပါအဝင္ အီးေမးလ္ကို အသုံးျပဳ၍ အစုလိုက္အၿပဳံလိုက္ စာတိုေပးပို႔ျခင္း အပါအဝင္ ဒစ္ဂ်စ္တယ္ကိရိယာမ်ားကို အသုံးျပဳခဲ့သည္။ သို႔ေသာ္ ဆန႔္က်င္ဘက္အေနျဖင့္ ၿပိဳင္ဘက္ John McCain မွာမူ ဒစ္ဂ်စ္တယ္နည္းပညာအေပၚ အသုံးခ်မႈအားနည္းခဲ့ေၾကာင္း ေတြ႕ရွိရသည္။
ယေန႔ေခတ္တြင္ ဤကဲ့သို႔ေသာ ဒစ္ဂ်စ္တယ္ နည္းပရိယာယ္မ်ားမွာ သာမန္မွ်ဟုထင္ရေသာ္လည္း ထိုအခ်ိန္က ၎တို႔သည္ ဒစ္ဂ်စ္တယ္စနစ္အတြက္ အားသြန္ခြန္စိုက္ေတာ္လွန္ခဲ့ၾကျခင္းျဖစ္သည္။ ထိုအခ်ိန္က အိုဘားမား၏ ဆန္းသစ္ေသာ အြန္လိုင္းရန္ပုံေငြ ရွာေဖြေရးမဟာဗ်ဴဟာသည္ အလႉေငြ ေဒၚလာသန္း ၇၅၀ နီးပါးစုေဆာင္းႏိုင္ခဲ့ကာ စံခ်ိန္တင္ခဲ့သည္။ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ားမွတစ္ဆင့္ ၎၏ လႈပ္ရွားမႈမ်ားကို အမ်ားသူငါသိရွိေအာင္ တိုက္႐ိုက္ဆက္သြယ္ မွ်ေဝႏိုင္ခဲ့သည္။ ထိုအခ်ိန္က မဲေပးႏိုင္ သည့္အ႐ြယ္ ထက္ဝက္ေက်ာ္က အင္တာနက္ကိုအသုံးျပဳေနၾကၿပီျဖစ္သည့္အတြက္ အိုဘားမားသည္ ႏိုင္ငံေရးတြင္ ဒစ္ဂ်စ္တယ္နည္းပညာကို ေကာင္းေကာင္း အသုံးခ်ႏိုင္ခဲ့သည္။
ႏိုင္ငံေရးလက္နက္တစ္ခုျဖစ္လာသည့္ ဒစ္ဂ်စ္တယ္နည္းပညာ
ဘားရက္အိုဘားမားသည္ (၂၀ဝ၈) ခုႏွစ္ မဲဆြယ္စည္း႐ုံးမႈတြင္ ဒစ္ဂ်စ္တယ္နည္းပညာကို အထြတ္ အထိပ္အသုံးျပဳခဲ့ခ်ိန္မွစ၍ ကမာၻတစ္ဝန္းရွိ ႏိုင္ငံေရးသမားမ်ားသည္ အလားတူဗ်ဴဟာမ်ားကို ဆက္လက္ က်င့္သုံးခဲ့ၾကသည္။ သို႔ေသာ္ ႏိုင္ငံေရးတြင္ နည္းပညာကိုအသုံးခ်ျခင္းသည္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးထက္ ပို၍က်ယ္ျပန႔္ေနသည္။ အထူးသျဖင့္ နည္းပညာကိုအသုံးခ်၍ ႏိုင္ငံေရးတြင္ မသမာစြာ အျမတ္ထုတ္လာၾကသည္။ ဥပမာအေနျဖင့္ ဒီမိုကရက္တစ္ အမ်ိဳးသားေကာ္မတီႏွင့္ ဟီလာရီကလင္တန္၏ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈႏွင့္ပတ္သက္၍ အီးေမးလ္မ်ား ေပါက္ၾကားျခင္း ကဲ့သို႔ ျပႆနာမ်ားျဖစ္ေပၚေလ့ရွိလာသည္။ အဆိုပါအီးေမးလ္ မ်ားကို ႐ုရွားလိုလားသူမ်ားက ဟက္ခ္ခဲ့သည္ဟုဆို ေသာ္လည္း ယခုခ်ိန္ထိတိုင္ေအာင္ ယင္းႏွင့္ပတ္ သက္၍ အတည္မျပဳႏိုင္ေသးေပ။
ထိုကဲ့သို႔ ဒစ္ဂ်စ္တယ္နည္းပညာဆိုင္ရာျပႆနာမ်ားသည္ အီးေမးလ္မ်ားတင္မဟုတ္ပါ။ အျခား ေသာ နည္းပညာနယ္ပယ္မ်ားတြင္ပါ ဂယက္ထ ေနသည္။ ထရမ့္သည္ (၂၀၂၀) ျပည့္ႏွစ္ သမၼတေ႐ြး ေကာက္ပြဲတြင္ ၎၏ရႈံးနိမ့္မႈကိုလက္မခံခဲ့ဘဲ မဲလိမ္ လည္ခဲ့သည္ဟုစြပ္စြဲခဲ့သည္။ ထို႔ေနာက္ StopThe Steal လူထုလႈပ္ရွားမႈကို လႈံ႕ေဆာ္ေပးခဲ့သည္။ ထို႔ျပင္ ၎ေ႐ြးေကာက္ပြဲတြင္အသုံးျပဳသည့္ အီလက္ ထ႐ြန္နစ္မဲေပးစနစ္၊ Dominion Voting Systems က Fox ေကာ္ပိုေရးရွင္း၊ OAN ႏွင့္ Newsmax ကြန္ရက္တို႔ကို အသေရဖ်က္မႈျဖင့္တရားစြဲခဲ့သည္။ ဘရာဇီးႏိုင္ငံတြင္လည္း သမၼတ Jair Bolsonaro သည္ ႏိုင္ငံ၏ အီလက္ထ႐ြန္နစ္မဲေပးစနစ္အေပၚ အလားတူသံသယမ်ားကို ထုတ္ေဖာ္ျပသခဲ့သည္။ ထိုကဲ့သို႔ ႏိုင္ငံေရးတြင္ ဆိုရွယ္မီဒီယာမ်ား၏ ေႏွာင့္ ယွက္မႈမ်ား၊ ပူးေပါင္းႀကံစည္မႈသီအိုရီမ်ား ႀကီးစိုးေန ေသာေၾကာင့္ အေမရိကန္ျပည္သူလူထုအျပင္ လက္တင္အေမရိကႏွင့္ ကာေရဘီယံရွိ ျပည္သူမ်ားက ႏိုင္ငံေရးအေပၚ စိတ္ကုန္လာၾကသည္။ ထို႔ျပင္ အာ ဏာရလာေသာအစိုးရမ်ားအေပၚလည္း သံသယ စိတ္မ်ား ႀကီးထြားလာၾကသည္။ ႏိုင္ငံသားမ်ားသည္ အစိုးရအေပၚ ယုံၾကည္မႈကင္းမဲ့လာေသာအခါ ၎တို႔သည္ ျပည္သူ႔မူဝါဒအေပၚ စိတ္ဝင္စားမႈေလ်ာ့နည္းလာၿပီး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ သာယာဝေျပာ ေရးကိုျမႇင့္တင္ေပးသည့္ အဖြဲ႕အစည္းဆိုင္ရာ ျပဳျပင္ ေျပာင္းလဲမႈမ်ားကိုပံ့ပိုးေပးရန္ စိတ္ဝင္စားျခင္းမရွိေတာ့ေပ။
ထို႔ျပင္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ လူထုအေပၚ ဖိအားေပးရန္ ႏိုင္ငံေရးကိုအသုံးခ်လာေၾကာင္းကို လည္းေတြ႕ရသည္။ ဥပမာအေနျဖင့္ တ႐ုတ္ ကုမၸဏီ မ်ားသည္ မနီလာတြင္ ေဘးကင္းလုံၿခဳံေသာ ၿမိဳ႕ေစာင့္ ၾကပ္ၾကည့္ရႈမႈကိုလုပ္ေဆာင္ရန္ Duterte အစိုးရႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း မီဒီယာ မ်ားက က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ျပခဲ့ၾကဖူးသည္။ သို႔ေသာ္ အဆိုပါ ေစာင့္ၾကည့္ေရးအစီအမံမ်ားသည္ Duterte အစိုးရ ၏ ျပည္သူမ်ားအေပၚ ဖိႏွိပ္မႈဗ်ဴဟာ တစ္ရပ္ျဖစ္ေန သည္။ Duterte အစိုးရသည္ အစိုးရေဝဖန္သူမ်ားကို ေႏွာင့္ယွက္ၿခိမ္းေျခာက္ရန္ ဆိုရွယ္မီဒီယာကိုအသုံးျပဳ၍ မဟုတ္မမွန္ သတင္းေပးလႈံ႕ေဆာ္မႈမ်ားကို ဖန္ တီးခဲ့သည္။ သို႔ေသာ္ ီကအနမအန ၏ မဟုတ္မမွန္ လုပ္ႀကံသတင္းလႊင့္ နည္းဗ်ဴဟာအတြက္ အဓိကအသုံးျပဳသည့္ ၾကားခံဆိုရွယ္မီဒီယာသည္ အေမရိကန္ကုမၸဏီ တစ္ခု ျဖစ္သည့္ Facebook ျဖစ္ေနသည္။ ထို႔ေၾကာင့္ Duterte ၏ ဒစ္ဂ်စ္တယ္ဖိႏွိပ္မႈမ်ားကို အဓိကတြန္း အားေပးေနသည္မွာ တ႐ုတ္ေစာင့္ၾကည့္ေရးကုမၸဏီမ်ား သို႔မဟုတ္ Facebook လားဆိုသည္မွာ ေဝခြဲမရ ျဖစ္ေနသည္။ နည္းပညာသည္ ကမာၻတစ္ဝန္း ႏိုင္ငံေရးကြဲျပားမႈကို တြန္းအားေပးသည့္ အရာ တစ္ခုအျဖစ္ သာဓကမ်ားစြာရွိေနေသာ္လည္း ၎သည္ သက္မဲ့ အသုံးခ်ခံအရာတစ္ခုသာျဖစ္ေၾကာင္း အားလုံးနားလည္ သင့္သည္။ Acquia CISO မွ သတင္းအခ်က္အလက္ လုံၿခဳံေရးဥကၠ႒ Robert Former က “ ျပႆနာက နည္းပညာ မဟုတ္ဘူး၊ နည္းပညာကိုအသုံးခ်ပုံေၾကာင့္ ” ဟု မွတ္ခ်က္ျပဳခဲ့သည္။ စင္စစ္အားျဖင့္ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ သတင္းသမားမ်ားသည္ ၎တို႔၏ရည္မွန္းခ်က္အတြက္ နည္းပညာကို ေကာင္းေကာင္းအသုံးခ်ခဲ့ၾကသည္။
အေရွ႕အလယ္ပိုင္းမွ ဆႏၵျပသူမ်ားသည္ ဆႏၵျပပြဲမ်ားႏွင့္ အျခားေသာလႈပ္ရွားမႈမ်ားအတြက္ ဆို ရွယ္မီဒီယာပလက္ေဖာင္းမ်ားကို အသုံးျပဳခဲ့ေၾကာင္း (၂၀၁၀) ႏွင့္ (၂၀၁၂) ခုႏွစ္ၾကား အာရပ္ ေႏြဦးေတာ္ လွန္ေရးအတြင္း Twitter ၏ အေရးပါေသာအခန္း က႑ကသက္ေသျပေနသည္။ ထို႔ျပင္ Women’s March လႈပ္ရွားမႈ (၂၀၁၇ ခုႏွစ္)၊ George Floyd ဆႏၵျပမႈမ်ား (၂၀၂၀ ခုႏွစ္)ႏွင့္ ဇန္နဝါရီလ (၆) ရက္ အေမရိကန္လႊတ္ေတာ္အေဆာက္အအုံ ဝင္ေရာက္စီးနင္းမႈ (၂၀၂၁ ခုႏွစ္) တို႔တြင္ ဆိုရွယ္မီဒီယာသည္ အဓိကလႈံ႕ေဆာ္ေပးသည့္အရာျဖစ္ေနသည္ကို ေတြ႕ ရွိရသည္။ အဆိုပါ လူထုလႈပ္ရွားမႈမ်ားအနက္ ဇန္န ဝါရီလ (၆) ရက္ျဖစ္စဥ္က အၾကမ္းဖက္လႈပ္ရွားမႈ အသြင္ေဆာင္ေနသည္ကိုေတြ႕ရွိရကာ ကြၽႏ္ုပ္တို႔ အေန ျဖင့္ ႏိုင္ငံေရးတြင္ နည္းပညာကို ႀကိဳးကိုင္ အသုံးခ်သူ၏ ခံယူခ်က္ေပၚမူတည္၍ အေကာင္းအဆိုး ကြဲျပား သြားသည္ကို ေလ့လာေတြ႕ရွိရသည္။
နည္းပညာ၏လႊမ္းမိုးမႈကို ထိန္းခ်ဳပ္ကန႔္သတ္ျခင္း
အေမရိကန္ ႏိုင္ငံေရးႏွင့္ လူ႔အဖြဲ႕အစည္းတြင္ နည္းပညာႏွင့္ Big Tech ကုမၸဏီမ်ား၏ လႊမ္းမိုးမႈ မ်ားကိုဖယ္ရွားရန္ ယေန႔ထိတိုင္ ႐ုန္းကန္ေနရဆဲျဖစ္ သည္။ အစိုးရအရာရွိမ်ား၊ အရပ္ဘက္တက္ျြကလႈပ္ ရွားသူမ်ားႏွင့္ နည္းပညာကုမၸဏီမ်ားကိုယ္တိုင္က နည္းပညာေၾကာင့္ျဖစ္ေပၚလာေသာ ႏိုင္ငံေရးႏွင့္ လူ႔ အဖြဲ႕အစည္းအေပၚသက္ေရာက္မႈမ်ားကို တားဆီး ႏိုင္ျခင္းမရွိေသးပါ။ ႏိုင္ငံေရးအေပၚ နည္းပညာ၏ လႊမ္းမိုးမႈကိုထိန္းခ်ဳပ္ရာတြင္ ပြင့္လင္းျမင္သာမႈ၊ တာ ဝန္ခံမႈႏွင့္ ႏိုင္ငံသားမ်ားႏွင့္ထိေတြ႕ဆက္ဆံမႈကို ျမႇင့္တင္ရန္ရည္႐ြယ္သည့္ မဟာဗ်ဴဟာမ်ားကို က်င့္ သုံးရန္လိုအပ္ေနသည္။ ယင္းတို႔အနက္ အခ်ိဳ႕ေသာ ဗ်ဴဟာမ်ားကို ေလ့လာၾကည့္ရာ-
(က) ဆိုရွယ္မီဒီယာကို ထိန္းခ်ဳပ္ကန႔္သတ္ျခင္း
သတင္းတု၊ သတင္းမွားႏွင့္ အမုန္းစကားတို႔ႏွင့္ ပတ္သက္၍ တင္းၾကပ္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ား ခ်မွတ္ျခင္းအပါအဝင္ ၎တို႔၏ပလက္ေဖာင္းမ်ားေပၚ တြင္မွ်ေဝထားေသာ အေၾကာင္းအရာမ်ားအတြက္ တာဝန္ယူရန္ ဆိုရွယ္မီဒီယာကုမၸဏီမ်ားက လိုအပ္ သည့္ဥပေဒမ်ားကို အေကာင္အထည္ေဖာ္ရမည္။
(၂) ဒစ္ဂ်စ္တယ္အသိပညာကို ျမႇင့္တင္ျခင္း
အြန္လိုင္းတြင္ သတင္းအခ်က္အလက္မ်ားကို ေဝဖန္အကဲျဖတ္ျခင္း၊ သတင္းမွားမ်ားကို သုံးသပ္ ျခင္း၊ ဆိုရွယ္မီဒီယာစည္းမ်ဥ္းစည္းကမ္းမ်ားကို နားလည္ရန္ လူထုအား ပညာေပးရမည္။
(၃) ဆိုက္ဘာလုံၿခဳံေရးကို အားေကာင္းေစျခင္း
အစိုးရမ်ားသည္ ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားႏွင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ားကို ဆိုက္ဘာ တိုက္ခိုက္မႈမ်ားႏွင့္ ေဒတာခ်ိဳးေဖာက္မႈမ်ားမွ ကာ ကြယ္ရန္အတြက္ ဆိုက္ဘာလုံၿခဳံေရးအစီအမံမ်ားကို တိုးျမႇင့္ရမည္။
(၄) AI ၏ က်င့္ဝတ္ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္လာမႈကို အားေပးျခင္း
AI ကိရိယာမ်ားသည္ ဘက္လိုက္မႈမ်ားကို အားျဖည့္ေပးျခင္း သို႔မဟုတ္ အမ်ားသူငါထင္ ျမင္ယူဆခ်က္မ်ားကို ႀကိဳးကိုင္ျခယ္လွယ္ျခင္းမျပဳ ေၾကာင္း ေသခ်ာေစေရးႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားတြင္ တာဝန္ရွိ ေသာ ဉာဏ္ရည္တုဆိုင္ရာ ဖြံ႕ၿဖိဳး တိုးတက္မႈႏွင့္ ဉာဏ္ရည္တုအသုံးျပဳမႈကို ျမႇင့္တင္ ေပးျခင္းတို႔ကို ေဆာင္႐ြက္ရမည္။
(၅) လြတ္လပ္ေသာ သတင္းစာပညာကို ပံ့ပိုးေပးျခင္း
တိက်မွန္ကန္ၿပီး စစ္ေဆးထားေသာ သတင္း မ်ား ေပးေဆာင္ရန္၊ သတင္းမွားမ်ားကို စိစစ္ရန္ အတြက္ အမွီအခိုကင္းေသာ မီဒီယာမ်ား အားေကာင္း လာေအာင္ ပံ့ပိုးရမည္။
ဤဗ်ဴဟာမ်ားကို အေကာင္အထည္ေဖာ္ျခင္းျဖင့္ လူ႔အဖြဲ႕အစည္းမ်ားသည္ အျပဳ သေဘာေဆာင္ေသာ ထိေတြ႕ဆက္ဆံမႈႏွင့္ သတင္း အခ်က္အလက္ျဖန႔္ေဝ ျခင္းမ်ားကို အသုံးခ်ၿပီး ႏိုင္ငံ ေရးအေပၚ နည္းပညာ၏ အပ်က္သေဘာသက္ေရာက္မႈမ်ားကို ေလ်ာ့ပါးသက္သာေစရန္ လုပ္ေဆာင္ႏိုင္သည္။
နည္းပညာမ်ား တိုးတက္ေျပာင္းလဲလာသည္ ႏွင့္အမွ် ၎၏ ႏိုင္ငံေရးစနစ္မ်ားႏွင့္ လုပ္ငန္းစဥ္ မ်ားအေပၚ အက်ိဳးသက္ေရာက္မႈမ်ားလည္း ေျပာင္း လဲလာမည္မွာ ေသခ်ာေနသည္။ နည္းပညာသည္ လူထုလႈပ္ရွားမႈမ်ား၊ အတိုက္အခံေခါင္းေဆာင္မ်ား ႏွင့္ ႏိုင္ငံေရး လြတ္လပ္ခြင့္ လႈပ္ရွားသူမ်ားအတြက္ အေရးပါေသာအရာတစ္ခုျဖစ္သကဲ့သို႔ အာဏာ ရွင္ဆန္ေသာ ေခါင္းေဆာင္မ်ားအတြက္လည္း လက္ နက္တစ္ခုျဖစ္လာခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ နည္းပညာသည္ ေျပာင္းလဲတိုးတက္လာေသာ ကမာၻ ႀကီးႏွင့္အတူ ႏိုင္ငံေရးတြင္ အေရးပါေသာ အရာတစ္ခုျဖစ္ေနဦးမည္ျဖစ္သည္။ ထို႔ေၾကာင့္ ၎၏ အေကာင္းအဆိုးသက္ေရာက္မႈမ်ားမွာ ၎ကို အသုံးခ်သူ၏ ရည္႐ြယ္ခ်က္ႏွင့္သာ သက္ဆိုင္လိမ့္မည္ျဖစ္ပါေၾကာင္း။