ဆွစ်ဇာလန်နိုင်ငံက နာမည်ကျော်ကြားတဲ့ ကမ္ဘာ့အနှေးဆုံးရထား
249
Pika (NP News) - အောက်တိုဘာ ၁၂
ဆွစ်ဇာလန်နိုင်ငံ၏ Glacier Express ရထား သည် ဗူစတောင်တန်းများကိုဖြတ်သွားရန် (၂၉၀) ကီလိုမီတာကို အချိန်(၈)နာရီကျော်ကြာသွားရပြီး ကမ္ဘာပေါ်တွင်အနှေးဆုံးရထားအဖြစ် လူသိများ ကြောင်းသိရသည်။ Zermatt မြူနီစီပယ်နှင့် St. Moritz မြို့တို့၏ အပန်းဖြေစခန်းများကိုဖြတ်သန်းသွားလာသော Glacier Express ရထားသည် ဥရောပတိုက်တစ်ခုလုံးတွင် အနှေးဆုံးရထားအဖြစ် နာမည် ကျော်ကြားသည်။
တစ်နာရီလျှင် ပျမ်းမျှ(၃၆)ကီလိုမီတာနှုန်းဖြင့်သာသွားလာသော အဆိုပါ ရထားသည် ၎င်း၏ဒီဇိုင်းပုံစံကြောင့် အမြန်ရထားပုံစံလိုမျိုး ဖြစ်နေသော်လည်း လက်တွေ့တွင် ကမ္ဘာ့အနှေးဆုံး ရထားသာ ဖြစ်ကြောင်းသိရသည်။ ထို့ပြင်အဆိုပါ ရထားတွင် ဆွစ်ဇာလန်နိုင်ငံ၏ ဗူစတောင်တန်းများ၏ အလှအပကို ကြည့်ရှုခံစားနိုင်စေရန်အတွက် ပြတင်း ပေါက်ကျယ်ကြီးများပါရှိကြောင်းလည်း သိရသည်။
အချိန်(၈)နာရီကြာခရီးအတွင်း ကမ္ဘာ့အနှေးဆုံး Glacier Express ရထားသည် တံတားအစင်းရေ (၂၉၁) စင်း နှင့် ဥမင်လှိုဏ်ခေါင်း (၉၁) ခုတို့ကို ဖြတ်သန်းရသလို ပင်လယ်ရေမျက်နှာပြင်အထက် (၆၆၇၀)ပေ မြင့်သော အချို့နေရာများကို ဖြတ်သန်း သွားလာရကြောင်းလည်းသိရသည်။ ခရီးလမ်းတစ်ခုလုံးတွင် အချို့နေရာများမှာ ကျဉ်းမြောင်းသည့်အတွက် Glacier Express ရထားသည် မြင့်မားသောမြန်နှုန်းဖြင့် သွားလာ၍ မရကြောင်းလည်း အာဏာပိုင်များက ပြောကြားထားသည်။
အဆိုပါခရီးစဉ်အတွင်း စိတ်ဝင်စားစရာကောင်းသည့်နောက်ထပ်အချက်တစ်ခုမှာ ဗူစတောင်တန်း များတွင်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးရထားဘူတာ Jung fraujochပါဝင်နေခြင်းဖြစ်ကြောင်းလည်း သိရ သည်။ ဆွစ်ဇာလန်နိုင်ငံသည် ၎င်း၏လူနေမှုပုံစံ၊ ရှုခင်းများ နှင့် တောင်တန်းများကြောင့် ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများစွာ လည်ပတ်လေ့ရှိသည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ကြောင်းသိရသည်။
zawgyi version
ဆြစ္ဇာလန္ႏိုင္ငံက နာမည္ေက်ာ္ၾကားတဲ့ ကမာၻ႔အေႏွးဆုံးရထား
Pika (NP News) - ေအာက္တိုဘာ ၁၂
ဆြစ္ဇာလန္ႏိုင္ငံ၏ Glacier Express ရထား သည္ ဗူစေတာင္တန္းမ်ားကိုျဖတ္သြားရန္ (၂၉၀) ကီလိုမီတာကို အခ်ိန္(၈)နာရီေက်ာ္ၾကာသြားရၿပီး ကမာၻေပၚတြင္အေႏွးဆုံးရထားအျဖစ္ လူသိမ်ား ေၾကာင္းသိရသည္။ Zermatt ျမဴနီစီပယ္ႏွင့္ St. Moritz ၿမိဳ႕တို႔၏ အပန္းေျဖစခန္းမ်ားကိုျဖတ္သန္းသြားလာေသာ Glacier Express ရထားသည္ ဥေရာပတိုက္တစ္ခုလုံးတြင္ အေႏွးဆုံးရထားအျဖစ္ နာမည္ ေက်ာ္ၾကားသည္။
တစ္နာရီလွ်င္ ပ်မ္းမွ်(၃၆)ကီလိုမီတာႏႈန္းျဖင့္သာသြားလာေသာ အဆိုပါ ရထားသည္ ၎၏ဒီဇိုင္းပုံစံေၾကာင့္ အျမန္ရထားပုံစံလိုမ်ိဳး ျဖစ္ေနေသာ္လည္း လက္ေတြ႕တြင္ ကမာၻ႔အေႏွးဆုံး ရထားသာ ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္အဆိုပါ ရထားတြင္ ဆြစ္ဇာလန္ႏိုင္ငံ၏ ဗူစေတာင္တန္းမ်ား၏ အလွအပကို ၾကည့္ရႈခံစားႏိုင္ေစရန္အတြက္ ျပတင္း ေပါက္က်ယ္ႀကီးမ်ားပါရွိေၾကာင္းလည္း သိရသည္။
အခ်ိန္(၈)နာရီၾကာခရီးအတြင္း ကမာၻ႔အေႏွးဆုံး Glacier Express ရထားသည္ တံတားအစင္းေရ (၂၉၁) စင္း ႏွင့္ ဥမင္လႈိဏ္ေခါင္း (၉၁) ခုတို႔ကို ျဖတ္သန္းရသလို ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၆၆၇၀)ေပ ျမင့္ေသာ အခ်ိဳ႕ေနရာမ်ားကို ျဖတ္သန္း သြားလာရေၾကာင္းလည္းသိရသည္။ ခရီးလမ္းတစ္ခုလုံးတြင္ အခ်ိဳ႕ေနရာမ်ားမွာ က်ဥ္းေျမာင္းသည့္အတြက္ Glacier Express ရထားသည္ ျမင့္မားေသာျမန္ႏႈန္းျဖင့္ သြားလာ၍ မရေၾကာင္းလည္း အာဏာပိုင္မ်ားက ေျပာၾကားထားသည္။
အဆိုပါခရီးစဥ္အတြင္း စိတ္ဝင္စားစရာေကာင္းသည့္ေနာက္ထပ္အခ်က္တစ္ခုမွာ ဗူစေတာင္တန္း မ်ားတြင္ရွိသည့္ ကမာၻ႔အျမင့္ဆုံးရထားဘူတာ Jung fraujochပါဝင္ေနျခင္းျဖစ္ေၾကာင္းလည္း သိရ သည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ ၎၏လူေနမႈပုံစံ၊ ရႈခင္းမ်ား ႏွင့္ ေတာင္တန္းမ်ားေၾကာင့္ ကမာၻေပၚတြင္ နာမည္အႀကီးဆုံးႏိုင္ငံမ်ားထဲမွတစ္ခုျဖစ္ၿပီး ႏိုင္ငံတကာ ခရီးသြားမ်ားစြာ လည္ပတ္ေလ့ရွိသည့္ ႏိုင္ငံ တစ္ႏိုင္ငံလည္း ျဖစ္ေၾကာင္းသိရသည္။