ဒေါ်နယ်ထရမ့်ကို ကျန်းမာရေးပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်
2334
Pika (NP News) - အောက်တိုဘာ ၁၃
အမေရိကန်အစိုးရဟာ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ စာတစ်စောင်ကို ၎င်းရဲ့ဆရာဝန်ဆီကနေယူကာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာ ကာမာလာ ဟားရစ်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက ကောင်းမွန်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ထို့နောက် ကာမလာဟားရစ်ရဲ့ကမ်းပိန်းဟာ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုဖုံးကွယ်ထားခြင်း ရှိ/မရှိ မေးခွန်းထုတ်ဖို့အတွက် အဲဒီအစီရင်ခံစာကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာလ(၁၂)ရက်မှာ ဒေါက်တာဂျိုရှုအာဆင်မွန် ထုတ်ပြန်ခဲ့တဲ့စာစောင်ထဲမှာ အသက်(၅၉)နှစ်အရွယ် ကာမာလာဟားရစ်ဟာ ရာသီအလိုက်ဓါတ်မတည့်မှုနဲ့ အင်ပျဉ်ထတာမျိုးကလွဲရင် ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ကာမာလဟားရစ်ဟာ ဓါတ်မတည့်မှုတွေနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကို တစ်ခါမှမကြုံ တွေ့ဖူးကြောင်းနဲ့ ၂၀၂၄ ခုနှစ် ဧပြီလမှာလုပ်ဆောင်ခဲ့တဲ့ကျန်းမာရေးစစ်ဆေးမှုအတွင်း အခြားရောဂါတွေ တွေ့ရှိတာမျိုးလည်း မရှိခဲ့ဘူးလို့သိရပါတယ်။
ပြီးတော့ ကာမလာဟားရစ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆေးရွက်ကြီး ထုတ်ကုန်များကို အသုံးပြုတာမျိုးမရှိခြင်းနဲ့ အရက်ကို တစ်ခါတစ်ရံသာ မျှတအောင်သောက်ကြောင်း ဂျိုရှုအာဆင်မွန်က ပြောကြားခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ ကာမာလာဟားရစ်ဟာ အမေရိကန်သမ္မတ ရာထူးတာဝန်တွေကို အောင်မြင်စွာထမ်းဆောင်ဖို့ အတွက် လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကြံခိုင်ရည်တွေရှိတယ်လို့ ဂျိုရှုအာဆင်မွန်က ထပ်မံပြောကြားခဲ့ ပါတယ်။
ကာမာလာဟားရစ်က "ကျွန်မရဲ့ပြိုင်ဖက်ဖြစ်တဲ့ဒေါ်နယ်ထရမ့်ဟာ သူဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန် ပြည်သူတွေကိုမမြင်စေချင်ပါဘူး။ ပြီးတော့ သူက သမ္မတဖြစ်ဖို့ သင့်တော်လားဆိုတာကိုလည်း အမေရိကန်ပြည်သူ တွေကို အသိမပေးချင်ပါဘူး။ ဒီနေ့ ကျွန်မရဲ့ဆေးမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပြီးပါပြီ။ ဒေါ်နယ်ထရမ့်ကလွဲပြီး သမ္မတလောင်းတိုင်းက ဆေးမှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ကြတာပါ။ ဒါက ဒေါ်နယ်ထရမ့်ရဲ့ ပွင့်လင်းမြင်သာမှု မရှိခြင်းရဲ့နောက်ထပ်ဥပမာတစ်ခုပဲဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ ယခုအချိန်မှာ ကမ်းပိန်းတွေနဲ့ပတ်သက်ပြီး အရမ်းအလုပ်ရှုပ်နေတာမလို့ ကာမာလာဟားရစ်ရဲ့မေးခွန်းထုတ်မှုတွေကို မတုံ့ပြန်နိုင်သေးဘူးလို့ ဒေါ်နယ်ထရမ့်ရဲ့ကမ်းပိန်းက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ေဒၚနယ္ထရမ့္ကို က်န္းမာေရးပိုင္းဆိုင္ရာတိုက္ခိုက္မႈေတြလုပ္ခဲ့တဲ့ ဒီမိုကရက္တစ္သမၼတေလာင္း ကာမာလာဟားရစ္
Pika (NP News) - ေအာက္တိုဘာ ၁၃
အေမရိကန္အစိုးရဟာ ဒီမိုကရက္တစ္သမၼတေလာင္း ကာမလာဟားရစ္ရဲ႕က်န္းမာေရးနဲ႔ပတ္သက္တဲ့ စာတစ္ေစာင္ကို ၎ရဲ႕ဆရာဝန္ဆီကေနယူကာ ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီစာထဲမွာ ကာမာလာ ဟားရစ္ရဲ႕႐ုပ္ပိုင္းဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြက ေကာင္းမြန္တယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။
ထို႔ေနာက္ ကာမလာဟားရစ္ရဲ႕ကမ္းပိန္းဟာ ရီပတ္ဘလစ္ကန္သမၼတေလာင္းေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ခုဖုံးကြယ္ထားျခင္း ရွိ/မရွိ ေမးခြန္းထုတ္ဖို႔အတြက္ အဲဒီအစီရင္ခံစာကို အသုံးျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
ေအာက္တိုဘာလ(၁၂)ရက္မွာ ေဒါက္တာဂ်ိဳရႈအာဆင္မြန္ ထုတ္ျပန္ခဲ့တဲ့စာေစာင္ထဲမွာ အသက္(၅၉)ႏွစ္အ႐ြယ္ ကာမာလာဟားရစ္ဟာ ရာသီအလိုက္ဓါတ္မတည့္မႈနဲ႔ အင္ပ်ဥ္ထတာမ်ိဳးကလြဲရင္ က်န္းမာေရးေကာင္းမြန္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ကာမာလဟားရစ္ဟာ ဓါတ္မတည့္မႈေတြနဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့ေရာဂါလကၡဏာေတြကို တစ္ခါမွမႀကဳံ ေတြ႕ဖူးေၾကာင္းနဲ႔ ၂၀၂၄ ခုႏွစ္ ဧၿပီလမွာလုပ္ေဆာင္ခဲ့တဲ့က်န္းမာေရးစစ္ေဆးမႈအတြင္း အျခားေရာဂါေတြ ေတြ႕ရွိတာမ်ိဳးလည္း မရွိခဲ့ဘူးလို႔သိရပါတယ္။
ၿပီးေတာ့ ကာမလာဟားရစ္ဟာ က်န္းမာေရးနဲ႔ ညီၫြတ္စြာ စားသုံးျခင္း၊ ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္း၊ ေဆး႐ြက္ႀကီး ထုတ္ကုန္မ်ားကို အသုံးျပဳတာမ်ိဳးမရွိျခင္းနဲ႔ အရက္ကို တစ္ခါတစ္ရံသာ မွ်တေအာင္ေသာက္ေၾကာင္း ဂ်ိဳရႈအာဆင္မြန္က ေျပာၾကားခဲ့ပါတယ္။
ေနာက္ဆုံးအေနနဲ႔ ကာမာလာဟားရစ္ဟာ အေမရိကန္သမၼတ ရာထူးတာဝန္ေတြကို ေအာင္ျမင္စြာထမ္းေဆာင္ဖို႔ အတြက္ လိုအပ္တဲ့႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာႀကံခိုင္ရည္ေတြရွိတယ္လို႔ ဂ်ိဳရႈအာဆင္မြန္က ထပ္မံေျပာၾကားခဲ့ ပါတယ္။
ကာမာလာဟားရစ္က "ကြၽန္မရဲ႕ၿပိဳင္ဖက္ျဖစ္တဲ့ေဒၚနယ္ထရမ့္ဟာ သူဘာေတြလုပ္ေနတယ္ဆိုတာကို အေမရိကန္ ျပည္သူေတြကိုမျမင္ေစခ်င္ပါဘူး။ ၿပီးေတာ့ သူက သမၼတျဖစ္ဖို႔ သင့္ေတာ္လားဆိုတာကိုလည္း အေမရိကန္ျပည္သူ ေတြကို အသိမေပးခ်င္ပါဘူး။ ဒီေန႔ ကြၽန္မရဲ႕ေဆးမွတ္တမ္းေတြကို ထုတ္ျပန္ခဲ့ၿပီးပါၿပီ။ ေဒၚနယ္ထရမ့္ကလြဲၿပီး သမၼတေလာင္းတိုင္းက ေဆးမွတ္တမ္းေတြကို ထုတ္ျပန္ခဲ့ၾကတာပါ။ ဒါက ေဒၚနယ္ထရမ့္ရဲ႕ ပြင့္လင္းျမင္သာမႈ မရွိျခင္းရဲ႕ေနာက္ထပ္ဥပမာတစ္ခုပဲျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ယခုအခ်ိန္မွာ ကမ္းပိန္းေတြနဲ႔ပတ္သက္ၿပီး အရမ္းအလုပ္ရႈပ္ေနတာမလို႔ ကာမာလာဟားရစ္ရဲ႕ေမးခြန္းထုတ္မႈေတြကို မတုံ႔ျပန္ႏိုင္ေသးဘူးလို႔ ေဒၚနယ္ထရမ့္ရဲ႕ကမ္းပိန္းက ေျပာၾကားခဲ့ပါတယ္။