ဆီးရီးယားရဲ့နယ်မြေစိုးမိုးရေးကို ကာကွယ်ဖို့အတွက် ရုရှား၊ ဆီးရီးယား နဲ့ အီရန်တို့က ထိရောက်တဲ့အစီအစဉ်တွေကို လုပ်ဆောင်သင့်တယ်လို့ တူရကီသမ္မတပြော

 1486

Pika (NP News) - အောက်တိုဘာ ၁၃

ဆီးရီးယားရဲ့နယ်မြေစိုးမိုးရေးကို ကာကွယ်ဖို့အတွက် ရုရှား၊ ဆီးရီးယားနဲ့ အီရန်တို့က ပိုမိုထိရောက်တဲ့အစီအစဉ် တွေကို လုပ်ဆောင်သင့်တယ်လို့ တူရကီသမ္မတအာဒိုဂန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က အစ္စရေးက ဆီးရီးယားနိုင်ငံ Damascus မြို့ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းထောက် တွေရဲ့မေးခွန်းတွေကို အာဒိုဂန်က ယခုလိုပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အာဒိုဂန်က "ဆီးရီးယားမှာ အမြဲတမ်းငြိမ်းချမ်းရေးကို ကျွန်တော်တို့ကာကွယ်သွားမှာပါ။ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအတွက် အဓိကခြိမ်းခြောက်မှုက အစ္စရေးပဲဖြစ်ပါတယ်။ ဆီးရီးယားရဲ့နယ်မြေစိုးမိုး ရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်တဲ့ ဒီအခြေအတွေနဲ့ပတ်သက်ပြီး ရုရှား၊ အီရန် နဲ့ ဆီးရီးယားတို့က ထိရောက်တဲ့အစီအစဉ်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ယခုလအစောပိုင်းမှာ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့အတူ ဒေသ အတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးနောက် ယခုလိုကိစ္စတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့ ခေါင်းဆောင်တွေ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဒုံးကျည်အစင်းရေ(၂၀၀)ကျော် နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အီရန်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အီရန်က ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးဘက်က လက်တုံ့ပြန်မှုတွေဟာ တိကျပြီး သေစေလောက်တဲ့လက်တုံ့ပြန်မှုတွေဖြစ်လိမ့်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။ oav Gallant က "အီရန်ရဲ့ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ပြင်းထန် ပေမယ့် တိကျမှုတွေမရှိပါဘူး။ ဒါပေမဲ့ကျွန်တော်တို့ရဲ့လက်တုံ့ပြန်မှုတွေကတော့ တိကျပြီး သေစေလောက်တဲ့ လက်တုံ့ပြန်မှုမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ သူတို့ဘယ်တော့မှ သိရမှာ မဟုတ်ပါဘူး။ သူတို့က ဒီအတိုင်းရလဒ်တွေကို တွေ့မြင်ရမှာပါ" လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဆီးရီးယားရဲ႕နယ္ေျမစိုးမိုးေရးကို ကာကြယ္ဖို႔အတြက္ ႐ုရွား၊ ဆီးရီးယား နဲ႔ အီရန္တို႔က ထိေရာက္တဲ့အစီအစဥ္ေတြကို လုပ္ေဆာင္သင့္တယ္လို႔ တူရကီသမၼတေျပာ
Pika (NP News) - ေအာက္တိုဘာ ၁၃

ဆီးရီးယားရဲ႕နယ္ေျမစိုးမိုးေရးကို ကာကြယ္ဖို႔အတြက္ ႐ုရွား၊ ဆီးရီးယားနဲ႔ အီရန္တို႔က ပိုမိုထိေရာက္တဲ့အစီအစဥ္ ေတြကို လုပ္ေဆာင္သင့္တယ္လို႔ တူရကီသမၼတအာဒိုဂန္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မၾကာေသးခင္က အစၥေရးက ဆီးရီးယားႏိုင္ငံ Damascus ၿမိဳ႕ကို ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သတင္းေထာက္ ေတြရဲ႕ေမးခြန္းေတြကို အာဒိုဂန္က ယခုလိုျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

အာဒိုဂန္က "ဆီးရီးယားမွာ အၿမဲတမ္းၿငိမ္းခ်မ္းေရးကို ကြၽန္ေတာ္တို႔ကာကြယ္သြားမွာပါ။ ေဒသတြင္းနဲ႔ ကမာၻလုံးဆိုင္ရာၿငိမ္းခ်မ္းေရးအတြက္ အဓိကၿခိမ္းေျခာက္မႈက အစၥေရးပဲျဖစ္ပါတယ္။ ဆီးရီးယားရဲ႕နယ္ေျမစိုးမိုး ေရးအတြက္ အႀကီးမားဆုံးၿခိမ္းေျခာက္မႈျဖစ္တဲ့ ဒီအေျခအေတြနဲ႔ပတ္သက္ၿပီး ႐ုရွား၊ အီရန္ နဲ႔ ဆီးရီးယားတို႔က ထိေရာက္တဲ့အစီအစဥ္ေတြကို လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ယခုလအေစာပိုင္းမွာ အီရန္က အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့မႈနဲ႔အတူ ေဒသ အတြင္းမွာ တင္းမာမႈေတြ ျမင့္တက္လာခဲ့ၿပီးေနာက္ ယခုလိုကိစၥေတြ ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အစၥေရးရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ ေခါင္းေဆာင္ေတြ ေသဆုံးခဲ့တာနဲ႔ပတ္သက္ၿပီး ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္ နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ အီရန္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

အီရန္က ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အစၥေရးဘက္က လက္တုံ႔ျပန္မႈေတြဟာ တိက်ၿပီး ေသေစေလာက္တဲ့လက္တုံ႔ျပန္မႈေတြျဖစ္လိမ့္မယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant က ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ပါတယ္။ oav Gallant က "အီရန္ရဲ႕ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈဟာ ျပင္းထန္ ေပမယ့္ တိက်မႈေတြမရွိပါဘူး။ ဒါေပမဲ့ကြၽန္ေတာ္တို႔ရဲ႕လက္တုံ႔ျပန္မႈေတြကေတာ့ တိက်ၿပီး ေသေစေလာက္တဲ့ လက္တုံ႔ျပန္မႈမ်ိဳးေတြ ျဖစ္ပါလိမ့္မယ္။ ဘယ္ေနရာမွာ ဘယ္လိုျဖစ္သြားမယ္ဆိုတာ သူတို႔ဘယ္ေတာ့မွ သိရမွာ မဟုတ္ပါဘူး။ သူတို႔က ဒီအတိုင္းရလဒ္ေတြကို ေတြ႕ျမင္ရမွာပါ" လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.