တောင်ကိုရီးယားရဲ့ဒရုန်းတွေ နယ်စပ်ဖြတ်ကျော်လာမယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကြုံရမယ်လို့ ကင်ယိုဂျုံ သတိပေး
3045
Pika (NP News) - အောက်တိုဘာ ၁၃
တောင်ကိုရီးယားရဲ့ဒရုန်းတွေ မြောက်ကိုရီးယားဘက်ကိုဝင်လာခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို တောင်ကိုရီးယားက ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ညီမဖြစ်သူ ကင်ယိုဂျုံက အောက်တိုဘာလ(၁၂)ရက်မှာ သတိပေးပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ဒရုန်းတွေဟာ ပြုံးယမ်းမြို့ဝေဟင်ကို ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်း ကင်ယိုဂျုံရဲ့ခြိမ်းခြောက်မှုထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားအစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေကို အတည်မပြုပေးနိုင်ဘူးလို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များ ရုံးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ကင်ယိုဂျုံက "မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတာတွေက ဒရုန်းတွေဖြစ်နိုင်တယ်ဆိုတာ ဒီကိစ္စက သက်သေပြခဲ့တာမျိုးဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။ အဲဒီဒရုန်းတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုက နယ်စပ်ဖြတ်ကျော်ပို့ဆောင်တာမျိုး လုပ်ဆောင်ခဲ့လားဆိုတာကို တောင်ကိုရီးယားက ဖော်ထုတ်ဖို့ပျက်ကွက်ခဲ့မယ်ဆိုရင် ပြစ်တင်ဝေဖန်မှုတွေဟာ တောင်ကိုရီးယားစစ်တပ်အပေါ်ကို ကျရောက်သွားလိမ့်မယ်လို့လည်း ကင်ယိုဂျုံကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလကနေ စတင်ပြီး မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်ကို အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းထောင်ချီ ပေးပို့ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ပေးပို့ခဲ့တဲ့ တောင်ကိုရီးယားအရေးတက်ကြွလှုပ်ရှား သူတွေရဲ့လုပ်ရပ်တွေကိုလက်တုံ့ပြန်တဲ့အနေနဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယား ဘက်ကို ပြန်လည်ပေးပို့ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြ နယ္စပ္ျဖတ္ေက်ာ္လာမယ္ဆိုရင္ ဆိုး႐ြားတဲ့ေဘးအႏၲရာယ္ေတြႀကဳံရမယ္လို႔ ကင္ယိုဂ်ဳံ သတိေပး
Pika (NP News) - ေအာက္တိုဘာ ၁၃
ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြ ေျမာက္ကိုရီးယားဘက္ကိုဝင္လာခဲ့မယ္ဆိုရင္ ဆိုး႐ြားတဲ့ေဘးအႏၲရာယ္ေတြကို ေတာင္ကိုရီးယားက ရင္ဆိုင္ရလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕ညီမျဖစ္သူ ကင္ယိုဂ်ဳံက ေအာက္တိုဘာလ(၁၂)ရက္မွာ သတိေပးေျပာဆိုခဲ့ပါတယ္။
ေတာင္ကိုရီးယားရဲ႕ ဒ႐ုန္းေတြဟာ ၿပဳံးယမ္းၿမိဳ႕ေဝဟင္ကို ဝင္ေရာက္လာခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာဆိုၿပီးေနာက္ပိုင္း ကင္ယိုဂ်ဳံရဲ႕ၿခိမ္းေျခာက္မႈထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေျမာက္ကိုရီးယားအစိုးရရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို အတည္မျပဳေပးႏိုင္ဘူးလို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား ႐ုံးက ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ပါတယ္။
ကင္ယိုဂ်ဳံက "မၾကာေသးခင္ကျဖစ္ပြားခဲ့တဲ့ေျမာက္ကိုရီးယားဆန႔္က်င္ေရး လက္ကမ္းစာေစာင္ေတြကို သယ္ေဆာင္လာတာေတြက ဒ႐ုန္းေတြျဖစ္ႏိုင္တယ္ဆိုတာ ဒီကိစၥက သက္ေသျပခဲ့တာမ်ိဳးျဖစ္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။ အဲဒီဒ႐ုန္းေတြကို အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းတစ္ခုက နယ္စပ္ျဖတ္ေက်ာ္ပို႔ေဆာင္တာမ်ိဳး လုပ္ေဆာင္ခဲ့လားဆိုတာကို ေတာင္ကိုရီးယားက ေဖာ္ထုတ္ဖို႔ပ်က္ကြက္ခဲ့မယ္ဆိုရင္ ျပစ္တင္ေဝဖန္မႈေတြဟာ ေတာင္ကိုရီးယားစစ္တပ္အေပၚကို က်ေရာက္သြားလိမ့္မယ္လို႔လည္း ကင္ယိုဂ်ဳံကေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ေမလကေန စတင္ၿပီး ေျမာက္ကိုရီးယားဟာ ေတာင္ကိုရီးယားဘက္ကို အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေထာင္ခ်ီ ေပးပို႔ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားဆန႔္က်င္ေရး လက္ကမ္းစာေစာင္ေတြ ေပးပို႔ခဲ့တဲ့ ေတာင္ကိုရီးယားအေရးတက္ႂကြလႈပ္ရွား သူေတြရဲ႕လုပ္ရပ္ေတြကိုလက္တုံ႔ျပန္တဲ့အေနနဲ႔ အမႈိက္ေတြနဲ႔ျဖည့္ထားတဲ့ မိုးပ်ံပူေဖာင္းေတြကို ေတာင္ကိုရီးယား ဘက္ကို ျပန္လည္ေပးပို႔ခဲ့တာျဖစ္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။