ဟစ်ဘိုလာအဖွဲ့ကိုတိုက်ခိုက်သွားမည်ဖြစ်သဖြင့် လက်ဘနွန်တောင်ပိုင်းတွင် နေထိုင်နေသူများကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်းရန် အစ္စရေးစစ်တပ် ထပ်မံညွှန်ကြား

 903

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၃

အစ္စရေးအစိုးရသည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအဖွဲ့ကို အရှိန်မြင့်တိုက်ခိုက်နိုင်ရန်အတွက် လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင်နေထိုင်နေသူများကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်းရန် ညွှန်ကြားလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အစ္စရေးသည် ဟစ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ရန်အတွက် စက်တင်ဘာ ၂၃ ရက်ကစတင်ပြီး လက်ဘနွန်နိုင်ငံကို အရှိန်မြင့်တိုက်ခိုက်ခဲ့ရာ ဟစ်ဘိုလာအဖွဲ့၏အဓိကခေါင်းဆောင်များ သေဆုံးခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဘိုလာ အဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုများ အရှိန်မြင့်ဖြစ်ပွားနေရာ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့ဝင်များဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက လက်ဘနွန်နိုင်ငံအတွင်းရှိ မတူညီသောနေရာများကို အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၁၅ ဦး ထပ်မံသေဆုံးခဲ့ကာ ၃၇ ဦး ထပ်မံဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။

အစ္စရေးသည် လက်ဘနွန်နိုင်ငံမြောက်ပိုင်းရှိ Deir Billa မြို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ဟစ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံဘက်ခြမ်းသို့ ရော့ကဒ်ဒုံးကျည်အစင်းပေါင်း ၃၂ဝ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။
အစ္စရေးသည် လက်ဘနွန်နိုင်ငံကို စတင်တိုက်ခိုက်ချိန်တွင် နိုင်ငံတောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်တွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကျေးရွာများတွင် လူမရှိသလောက်ဖြစ်ခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်နေသည့်အပြင် ဟစ်ဘိုလာအဖွဲ့ကို တိုက်ခိုက်ရန် လက်ဘနွန်နိုင်ငံသို့ ထိုးစစ်ဆင်ခြင်းအတွက် စစ်မျက်နှာများနဲ့ ရင်ဆိုင်နေရသလို ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ၏ ဝေဖန်ပြစ်တင်ခြင်းကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ဟစ္ဘိုလာအဖြဲ႕ကိုတိုက္ခိုက္သြားမည္ျဖစ္သျဖင့္ လက္ဘႏြန္ေတာင္ပိုင္းတြင္ ေနထိုင္ေနသူမ်ားကို ေဘးလႊတ္ရာ သို႔ေ႐ႊ႕ေျပာင္းရန္ အစၥေရးစစ္တပ္ ထပ္မံၫႊန္ၾကား
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၃

အစၥေရးအစိုးရသည္ လက္ဘႏြန္ႏိုင္ငံရွိ ဟစ္ဘိုလာအဖြဲ႕ကို အရွိန္ျမင့္တိုက္ခိုက္ႏိုင္ရန္အတြက္ လက္ဘႏြန္ႏိုင္ငံ ေတာင္ပိုင္းတြင္ေနထိုင္ေနသူမ်ားကို ေဘးလႊတ္ရာသို႔ေ႐ႊ႕ေျပာင္းရန္ ၫႊန္ၾကားလိုက္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။

အစၥေရးသည္ ဟစ္ဘိုလာအဖြဲ႕ကို တိုက္ခိုက္ရန္အတြက္ စက္တင္ဘာ ၂၃ ရက္ကစတင္ၿပီး လက္ဘႏြန္ႏိုင္ငံကို အရွိန္ျမင့္တိုက္ခိုက္ခဲ့ရာ ဟစ္ဘိုလာအဖြဲ႕၏အဓိကေခါင္းေဆာင္မ်ား ေသဆုံးခဲ့ၿပီးေနာက္ အစၥေရးႏွင့္ ဟစ္ဘိုလာ အဖြဲ႕ၾကား အျပန္အလွန္ပစ္ခတ္မႈမ်ား အရွိန္ျမင့္ျဖစ္ပြားေနရာ အစၥေရး၏တိုက္ခိုက္မႈမ်ားေၾကာင့္ ကုလသမဂၢ ၿငိမ္းခ်မ္းေရးအဖြဲ႕ဝင္မ်ားဒဏ္ရာရခဲ့ေၾကာင္း သိရသည္။
လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာနက လက္ဘႏြန္ႏိုင္ငံအတြင္းရွိ မတူညီေသာေနရာမ်ားကို အစၥေရး ၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အနည္းဆုံး ၁၅ ဦး ထပ္မံေသဆုံးခဲ့ကာ ၃၇ ဦး ထပ္မံဒဏ္ရာရခဲ့ေၾကာင္း သတင္းထုတ္ျပန္ ထားသည္။

အစၥေရးသည္ လက္ဘႏြန္ႏိုင္ငံေျမာက္ပိုင္းရွိ Deir Billa ၿမိဳ႕ကိုလည္း ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ေအာက္တိုဘာလ ၁၂ ရက္တြင္ ဟစ္ဘိုလာအဖြဲ႕သည္ အစၥေရးႏိုင္ငံဘက္ျခမ္းသို႔ ေရာ့ကဒ္ဒုံးက်ည္အစင္းေပါင္း ၃၂ဝ ေက်ာ္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာသည္။
အစၥေရးသည္ လက္ဘႏြန္ႏိုင္ငံကို စတင္တိုက္ခိုက္ခ်ိန္တြင္ ႏိုင္ငံေတာင္ပိုင္းကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ရာ လက္ရွိအခ်ိန္တြင္ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းရွိ ေက်း႐ြာမ်ားတြင္ လူမရွိသေလာက္ျဖစ္ခဲ့ေၾကာင္း သိရသည္။

အစၥေရးသည္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အေပၚ တိုက္ခိုက္ေနသည့္အျပင္ ဟစ္ဘိုလာအဖြဲ႕ကို တိုက္ခိုက္ရန္ လက္ဘႏြန္ႏိုင္ငံသို႔ ထိုးစစ္ဆင္ျခင္းအတြက္ စစ္မ်က္ႏွာမ်ားနဲ႔ ရင္ဆိုင္ေနရသလို ကုလသမဂၢအဖြဲ႕ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ၏ ေဝဖန္ျပစ္တင္ျခင္းကို ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.