သမ္မတဂျိုးဘိုင်ဒန်ရဲ့အုပ်ချုပ်ရေးပိုင်းမူဝါဒတွေက အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ကျရောက်စေနိုင်တယ်လို့ ဒေါ်နယ်ထရမ့် ဝေဖန်

 454

Pika (NP News) - အောက်တိုဘာ ၁၄

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အုပ်ချုပ်ရေးပိုင်းမူဝါဒတွေကြောင့် အမေရိကန်ဟာ လပိုင်းအတွင်း တတိယ ကမ္ဘာစစ်ထဲကို ကျရောက်သွားနိုင်တဲ့အန္တရာယ်နဲ့ နီးကပ်နေတယ်လို့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာပြုလုပ်တဲ့ကမ်းပိန်းတစ်ခုအတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာ လည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံဟာ လမ်းကြောင်းအမှားပေါ်ကို ရောက်ရှိနေတယ်လို့ ပြည်သူအများစု က ယုံကြည်နေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် က "ကျွန်တော်တို့က ပြဿနာအကြီးကြီးတစ်ခုကို ကြုံတွေ့ရနေတာပါ။ လာမယ့်(၃)လကို ကျွန်တော်တကယ်ပဲ စိတ်ပူမိပါတယ်။ လက်ရှိ အမေရိကန်အစိုးရရဲ့အုပ်ချုပ်မှုပိုင်းတွေကြောင့် ကျွန်တော်တို့ ကမ္ဘာစစ်ကြီးအထဲမှာ ပြီးဆုံးသွားမှာကို တကယ်ပဲစိတ်ပူမိပါတယ်" လို့ ပြောခဲ့ပါတယ်။

ပြီးတော့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရမယ် ဆိုရင် အမေရိကန်ကိုကယ်တင်ဖို့ အရှိန်အဟုန်နဲ့လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ကတိပြုပြောဆိုခဲ့ပါ တယ်။ ဒါ့ပြင် ၎င်းသမ္မတဖြစ်ခဲ့စဉ်အချိန်ကာလအတွင်း အမေရိကန်ကို ဘေးကင်းအောင်ထားနိုင်ခဲ့ပြီး စစ်ပွဲများ မရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က "စစ်ပွဲအတွင်းကနေ အားလုံးကို ကျွန်တော် ကယ်တင်နိုင်ပါတယ်။ ကျွန်တော်ယူကရိန်းစစ်ပွဲကို တားဆီးနိုင်တယ်။ ပြီးတော့ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့မငြိမ်မသက်မှုတွေအားလုံးကို ကျွန်တော် ရပ်တန့်နိုင်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို တားဆီးပေးနိုင်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းကာမာလဟားရစ်ဟာ ယူကရိန်းပဋိပက္ခအပေါ် ဒေါ်နယ်ထရမ့်ရဲ့ချဉ်းကပ်မှုတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို လက်နက်ချအညံ့ခံဖို့ တွန်းအားပေးလိမ့်မယ်လို့ ဝေဖန်ပြောဆို ခဲ့ဖူးပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့ယူကရိန်းငြိမ်းချမ်းရေး ကတိပြုချက်တွေကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ဝေဖန်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကို ညတွင်းချင်းရပ်တန့်နိုင်တဲ့ မှော်တုတ်တံတစ်ချောင်းမရှိဘူးဟု ယုံကြည်တယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က အကြံပြုပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version;
သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အုပ္ခ်ဳပ္ေရးပိုင္းမူဝါဒေတြက အေမရိကန္ကို တတိယကမာၻစစ္ထဲ က်ေရာက္ေစႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ ေဝဖန္
Pika (NP News) - ေအာက္တိုဘာ ၁၄

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အုပ္ခ်ဳပ္ေရးပိုင္းမူဝါဒေတြေၾကာင့္ အေမရိကန္ဟာ လပိုင္းအတြင္း တတိယ ကမာၻစစ္ထဲကို က်ေရာက္သြားႏိုင္တဲ့အႏၲရာယ္နဲ႔ နီးကပ္ေနတယ္လို႔ ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ကယ္လီဖိုးနီးယားျပည္နယ္မွာျပဳလုပ္တဲ့ကမ္းပိန္းတစ္ခုအတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာ လည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ လမ္းေၾကာင္းအမွားေပၚကို ေရာက္ရွိေနတယ္လို႔ ျပည္သူအမ်ားစု က ယုံၾကည္ေနတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ က "ကြၽန္ေတာ္တို႔က ျပႆနာအႀကီးႀကီးတစ္ခုကို ႀကဳံေတြ႕ရေနတာပါ။ လာမယ့္(၃)လကို ကြၽန္ေတာ္တကယ္ပဲ စိတ္ပူမိပါတယ္။ လက္ရွိ အေမရိကန္အစိုးရရဲ႕အုပ္ခ်ဳပ္မႈပိုင္းေတြေၾကာင့္ ကြၽန္ေတာ္တို႔ ကမာၻစစ္ႀကီးအထဲမွာ ၿပီးဆုံးသြားမွာကို တကယ္ပဲစိတ္ပူမိပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ၿပီးေတာ့ လာမယ့္ႏိုဝင္ဘာလမွာ က်င္းပမယ့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ သမၼတအျဖစ္ေ႐ြးခ်ယ္ခံခဲ့ရမယ္ ဆိုရင္ အေမရိကန္ကိုကယ္တင္ဖို႔ အရွိန္အဟုန္နဲ႔လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ကတိျပဳေျပာဆိုခဲ့ပါ တယ္။ ဒါ့ျပင္ ၎သမၼတျဖစ္ခဲ့စဥ္အခ်ိန္ကာလအတြင္း အေမရိကန္ကို ေဘးကင္းေအာင္ထားႏိုင္ခဲ့ၿပီး စစ္ပြဲမ်ား မရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က "စစ္ပြဲအတြင္းကေန အားလုံးကို ကြၽန္ေတာ္ ကယ္တင္ႏိုင္ပါတယ္။ ကြၽန္ေတာ္ယူကရိန္းစစ္ပြဲကို တားဆီးႏိုင္တယ္။ ၿပီးေတာ့ အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့မၿငိမ္မသက္မႈေတြအားလုံးကို ကြၽန္ေတာ္ ရပ္တန႔္ႏိုင္ၿပီး တတိယကမာၻစစ္ျဖစ္ပြားလာမွာကို တားဆီးေပးႏိုင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဒီမိုကရက္တစ္သမၼတေလာင္းကာမာလဟားရစ္ဟာ ယူကရိန္းပဋိပကၡအေပၚ ေဒၚနယ္ထရမ့္ရဲ႕ခ်ဥ္းကပ္မႈေတြကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ေဒၚနယ္ထရမ့္ဟာ ယူကရိန္းကို လက္နက္ခ်အညံ့ခံဖို႔ တြန္းအားေပးလိမ့္မယ္လို႔ ေဝဖန္ေျပာဆို ခဲ့ဖူးပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕ယူကရိန္းၿငိမ္းခ်မ္းေရး ကတိျပဳခ်က္ေတြကို ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေဝဖန္ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲကို ညတြင္းခ်င္းရပ္တန႔္ႏိုင္တဲ့ ေမွာ္တုတ္တံတစ္ေခ်ာင္းမရွိဘူးဟု ယုံၾကည္တယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က အႀကံျပဳေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.