အမေရိကန်တပ်ဖွဲ့တွေကို အစ္စရေးမြေပေါ်မှာ ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားတော့မယ်

 686

Pika (NP News) - အောက်တိုဘာ ၁၄

အမေရိကန်အစိုးရဟာ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုနဲ့ အဲဒီလေကြောင်းရန်ကာကွယ်ရေးစနစ် ကို ဦးစီးဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အစ္စရေးနိုင်ငံမှာ ဖြန့်ကြက်ချထားဖို့ အမိန့်ပေးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ပက်ရိုက်ဒါက အောက်တိုဘာလ(၁၃)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီဖြန့်ကြက်ချထားမှုဟာ ပြီးခဲ့တဲ့နှစ်မှာ အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်တပ်ဖွဲ့ တွေကို အစ္စရေးမြေပေါ်မှာ ပထမဆုံးအကြိမ်ဖြန့်ကြက်ချထားမှု ဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။ အီရန်က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးရဲ့လေကြောင်းရန် ကာကွယ် ရေးစနစ်တွေကို ပိုမိုအားကောင်းလာအောင်လုပ်ဆောင်ပေးဖို့အတွက် THAAD လေကြောင်းရန်ကာကွယ်ရေးစနစ် နဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို အစ္စရေးမှာ တပ်စွဲထားခိုင်းမှာဖြစ်တယ်လို့ ပက်ရိုက်ဒါရဲ့အဆိုအရ သိရပါတယ်။
အစ္စရေးမြေပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကြက်ချထားဖို့ ရည်ရွယ်ချက် (သို့မဟုတ်) အစီအစဉ်မရှိဘူးလို့ ယခင်ကပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အဲဒီအမိန့်ကိုပေးခဲ့တာဖြစ်တယ်လို့လည်း ပက်ရိုက်ဒါက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ THAAD (သို့မဟုတ်) Terminal High Altitude Area Defense System ဟာ ပဲ့ထိန်းဒုံးကျည်တွေကို ခြေရာခံဖို့နဲ့ ကြားဖြတ်ဟန့်တားဖို့ ဒီဇိုင်းထုတ်ထားတဲ့ မိုလ်ဘိုင်းပဲ့ထိန်းဒုံးကျည်ဖျက်စနစ် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ အသံရဲ့အမြန်နှုန်း(၈)ဆရှိတဲ့ မပေါက်ကွဲနိုင်တဲ့ကျည်ဖူးတွေကို ပစ်လွှတ်ပြီး ဝင်လာတဲ့ဒုံးကျည်တွေကို ဖျက်ဆီးဖို့အတွက် အရွေ့စွမ်းအင်ကို အမှီပြုထားတယ်လို့လည်း သိရပါတယ်။ ယခုလအစောပိုင်းမှာ အီရန်ဟာ အစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ရဲ့ ယခုလိုဖြန့်ကြက်ချထားမှု တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္တပ္ဖြဲ႕ေတြကို အစၥေရးေျမေပၚမွာ ပထမဆုံးအႀကိမ္ ျဖန႔္ၾကက္ခ်ထားေတာ့မယ္
Pika (NP News) - ေအာက္တိုဘာ ၁၄

အေမရိကန္အစိုးရဟာ THAAD ေလေၾကာင္းရန္ကာကြယ္ေရးစနစ္တစ္ခုနဲ႔ အဲဒီေလေၾကာင္းရန္ကာကြယ္ေရးစနစ္ ကို ဦးစီးဖို႔ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို အစၥေရးႏိုင္ငံမွာ ျဖန႔္ၾကက္ခ်ထားဖို႔ အမိန႔္ေပးခဲ့တယ္လို႔ ပင္တဂြန္ စစ္ဌာနခ်ဳပ္ေျပာေရးဆိုခြင့္ရွိသူ ပက္႐ိုက္ဒါက ေအာက္တိုဘာလ(၁၃)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဲဒီျဖန႔္ၾကက္ခ်ထားမႈဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အစၥေရး-ဟားမက္ စစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္တပ္ဖြဲ႕ ေတြကို အစၥေရးေျမေပၚမွာ ပထမဆုံးအႀကိမ္ျဖန႔္ၾကက္ခ်ထားမႈ ျဖစ္လာလိမ့္မယ္လို႔လည္း သိရပါတယ္။ အီရန္က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရးရဲ႕ေလေၾကာင္းရန္ ကာကြယ္ ေရးစနစ္ေတြကို ပိုမိုအားေကာင္းလာေအာင္လုပ္ေဆာင္ေပးဖို႔အတြက္ THAAD ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ နဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္ေတြကို အစၥေရးမွာ တပ္စြဲထားခိုင္းမွာျဖစ္တယ္လို႔ ပက္႐ိုက္ဒါရဲ႕အဆိုအရ သိရပါတယ္။
အစၥေရးေျမေပၚမွာ အေမရိကန္တပ္ဖြဲ႕ေတြ ျဖန႔္ၾကက္ခ်ထားဖို႔ ရည္႐ြယ္ခ်က္ (သို႔မဟုတ္) အစီအစဥ္မရွိဘူးလို႔ ယခင္ကေျပာဆိုခဲ့တဲ့ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က အဲဒီအမိန႔္ကိုေပးခဲ့တာျဖစ္တယ္လို႔လည္း ပက္႐ိုက္ဒါက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ THAAD (သို႔မဟုတ္) Terminal High Altitude Area Defense System ဟာ ပဲ့ထိန္းဒုံးက်ည္ေတြကို ေျခရာခံဖို႔နဲ႔ ၾကားျဖတ္ဟန႔္တားဖို႔ ဒီဇိုင္းထုတ္ထားတဲ့ မိုလ္ဘိုင္းပဲ့ထိန္းဒုံးက်ည္ဖ်က္စနစ္ တစ္ခုျဖစ္တယ္လို႔ သိရပါတယ္။

THAAD ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ဟာ အသံရဲ႕အျမန္ႏႈန္း(၈)ဆရွိတဲ့ မေပါက္ကြဲႏိုင္တဲ့က်ည္ဖူးေတြကို ပစ္လႊတ္ၿပီး ဝင္လာတဲ့ဒုံးက်ည္ေတြကို ဖ်က္ဆီးဖို႔အတြက္ အေ႐ြ႕စြမ္းအင္ကို အမွီျပဳထားတယ္လို႔လည္း သိရပါတယ္။ ယခုလအေစာပိုင္းမွာ အီရန္ဟာ အစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀၀)ေက်ာ္နဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့မႈ ေၾကာင့္ ေဒသတြင္းမွာ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ရဲ႕ ယခုလိုျဖန႔္ၾကက္ခ်ထားမႈ ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.