ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးဆောင်ရွက်ရန် ငွေကြေး နှင့် လူသားအရင်းအမြစ်များ လိုအပ်နေဟုဆို

 306

ယွန်း(NP News) - အောက်တိုဘာ ၁၄

ရေကြီးရလျှံမှုကြောင့် လူဦးရေ(၁)သန်းနီးပါးရေဘေးကြုံတွေ့ခဲ့ရပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျော့ပါးရေးဆောင်ရွက်ရန် အချို့ကဏ္ဍများ၌ ငွေကြေးနှင့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ(၁၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန(၁)၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အထက်ပါကဲ့သို့ အသိပေးပြောခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုမှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် နှစ်ပေါင်း(၈၀)ကျော်၊ (၁၀၀) အတွင်း မကြုံစဖူးခံစားခဲ့ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခု၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု (၈) သောင်းကျော်၊ လူဦးရေ (၁) သန်းနီးပါး ရေဘေးအန္တရာယ်တွေ့ကြုံခံစားခဲ့ရသည့်အပြင် သေဆုံး/ပျောက်ဆုံးသူ (၅၂၀) ဦးရှိပြီး တိရိစ္ဆာန်ပေါင်း (၁) သိန်း (၈)သောင်းကျော်သေဆုံးခဲ့ကာ စပါးနှင့် သီးနှံစိုက်ဧက (၇) သိန်းကျော် ထိခိုက်ခဲ့ရကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။

သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝအရ လုံးဝမဖြစ်အောင် ကာကွယ်တားဆီး၍ မရနိုင်ခြင်းကြောင့် ဖြစ်ပွားလာသည့်အခါတွင် ထိခိုက်ဆုံးရှုံးမှုလျော့နည်းအောင် စီမံဆောင်ရွက်ကြရန်နှင့် ထိုသို့စီမံဆောင်ရွက်သည့်ရာတွင် ကဏ္ဍတိုင်း၌ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ဆုံးရှုံးမှုများကိုမျှော်တွေး၍ ကြိုတင်စီမံကာကွယ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးထားသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ လျှော့ချလျော့ပါးရေးအတွက် ဆောင်ရွက်ရာတွင် အချို့ကဏ္ဍများတွင် ငွေကြေးအရင်းအနှီး၊ လူသားအရင်းအမြစ်များစွာလိုအပ်ပြီး အချို့ကဏ္ဍများတွင် မိမိတို့၌ရှိနေသည့် အရင်းအမြစ်များကို ကောင်းစွာအသုံးပြု ဆောင်ရွက်ရန်လည်း နစကဒုဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် အဓိကအရေးပါသည့် သစ်ပင်သစ်တောပြုန်းတီးမှုကို ကြည့်မည်ဆိုပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၁၀) နှစ်တာကာလအတွင်း နှစ်စဉ်ပျှမ်းမျှအားဖြင့် တစ်နှစ်ကို သစ်ပင် (၁၀) သန်းကျော် ပြုန်းတီးနေသည်ဟု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်မှုများအရ တွေ့ရကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးမှုများပြားပြီး ထိခိုက်ပျက်စီးမှုကြီးမားသည့် သဘာဝဘေးအန္တရာယ်ပေါင်း (၃၉၉) ကြိမ်ဖြစ်ပွားခဲ့ကာ လူပေါင်း (၈၆၄၇၃) ဦး သေဆုံးခဲ့ပြီး ဘေးသင့်လူဦးရေ (၉၃ ဒသမ ၁) သန်းထိရှိခဲ့ရာ စီးပွားရေးဆုံးရှုံးမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၂၀၂ ဒသမ ၇) ဘီလီယံရှိခဲ့ကြောင်း Emergency Events Database (EM-DAT) က မှတ်တမ်းပြုထားကြောင်း သိရသည်။

Zawgyi Version;
ေရႀကီးေရလွ်ံမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာေလ်ာ့ပါးေရးေဆာင္႐ြက္ရန္ ေငြေၾကး ႏွင့္ လူသားအရင္းအျမစ္မ်ား လိုအပ္ေနဟုဆို
ယြန္း(NP News) - ေအာက္တိုဘာ ၁၄

ေရႀကီးရလွ်ံမႈေၾကာင့္ လူဦးေရ(၁)သန္းနီးပါးေရေဘးႀကဳံေတြ႕ခဲ့ရၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ေလ်ာ့ပါးေရးေဆာင္႐ြက္ရန္ အခ်ိဳ႕က႑မ်ား၌ ေငြေၾကးႏွင့္ လူသားအရင္းအျမစ္မ်ား လိုအပ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာသည္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီဥကၠ႒အျဖစ္လည္း တာဝန္ယူထားေသာ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေအာက္တိုဘာ(၁၃)ရက္တြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗန္းရွင္း ဗဟိုဌာန(၁)၌ က်င္းပခဲ့သည့္ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ျဖစ္ပြားခဲ့သည့္ ေရႀကီးေရလွ်ံမႈမွာ ျမန္မာႏိုင္ငံအလယ္ပိုင္းတြင္ ႏွစ္ေပါင္း(၈၀)ေက်ာ္၊ (၁၀၀) အတြင္း မႀကဳံစဖူးခံစားခဲ့ရျခင္းျဖစ္ၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၉)ခု၌ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့သည္။

အဆိုပါ ေရႀကီးေရလွ်ံမႈေၾကာင့္ အိမ္ေထာင္စု (၈) ေသာင္းေက်ာ္၊ လူဦးေရ (၁) သန္းနီးပါး ေရေဘးအႏၲရာယ္ေတြ႕ႀကဳံခံစားခဲ့ရသည့္အျပင္ ေသဆုံး/ေပ်ာက္ဆုံးသူ (၅၂၀) ဦးရွိၿပီး တိရိစာၦန္ေပါင္း (၁) သိန္း (၈)ေသာင္းေက်ာ္ေသဆုံးခဲ့ကာ စပါးႏွင့္ သီးႏွံစိုက္ဧက (၇) သိန္းေက်ာ္ ထိခိုက္ခဲ့ရေၾကာင္း နစကဒုဥကၠ႒က ေျပာသည္။

သဘာဝေဘးအႏၲရာယ္၏ သေဘာသဘာဝအရ လုံးဝမျဖစ္ေအာင္ ကာကြယ္တားဆီး၍ မရႏိုင္ျခင္းေၾကာင့္ ျဖစ္ပြားလာသည့္အခါတြင္ ထိခိုက္ဆုံးရႈံးမႈေလ်ာ့နည္းေအာင္ စီမံေဆာင္႐ြက္ၾကရန္ႏွင့္ ထိုသို႔စီမံေဆာင္႐ြက္သည့္ရာတြင္ က႑တိုင္း၌ျဖစ္ေပၚလာႏိုင္မည့္ ထိခိုက္ဆုံးရႈံးမႈမ်ားကိုေမွ်ာ္ေတြး၍ ႀကိဳတင္စီမံကာကြယ္ ေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း နစကဒုဥကၠ႒က အသိေပးထားသည္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ေလွ်ာ့ခ်ေလ်ာ့ပါးေရးအတြက္ ေဆာင္႐ြက္ရာတြင္ အခ်ိဳ႕က႑မ်ားတြင္ ေငြေၾကးအရင္းအႏွီး၊ လူသားအရင္းအျမစ္မ်ားစြာလိုအပ္ၿပီး အခ်ိဳ႕က႑မ်ားတြင္ မိမိတို႔၌ရွိေနသည့္ အရင္းအျမစ္မ်ားကို ေကာင္းစြာအသုံးျပဳ ေဆာင္႐ြက္ရန္လည္း နစကဒုဥကၠ႒က တိုက္တြန္းထားသည္။

ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္တြင္ အဓိကအေရးပါသည့္ သစ္ပင္သစ္ေတာျပဳန္းတီးမႈကို ၾကည့္မည္ဆိုပါက ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ (၁၀) ႏွစ္တာကာလအတြင္း ႏွစ္စဥ္ပွ်မ္းမွ်အားျဖင့္ တစ္ႏွစ္ကို သစ္ပင္ (၁၀) သန္းေက်ာ္ ျပဳန္းတီးေနသည္ဟု ကုလသမဂၢစားနပ္ရိကၡာအဖြဲ႕၏ ထုတ္ျပန္မႈမ်ားအရ ေတြ႕ရေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္အတြင္း ကမာၻတစ္ဝန္းတြင္ လူေသဆုံးမႈမ်ားျပားၿပီး ထိခိုက္ပ်က္စီးမႈႀကီးမားသည့္ သဘာဝေဘးအႏၲရာယ္ေပါင္း (၃၉၉) ႀကိမ္ျဖစ္ပြားခဲ့ကာ လူေပါင္း (၈၆၄၇၃) ဦး ေသဆုံးခဲ့ၿပီး ေဘးသင့္လူဦးေရ (၉၃ ဒသမ ၁) သန္းထိရွိခဲ့ရာ စီးပြားေရးဆုံးရႈံးမႈအေနျဖင့္ အေမရိကန္ေဒၚလာ (၂၀၂ ဒသမ ၇) ဘီလီယံရွိခဲ့ေၾကာင္း Emergency Events Database (EM-DAT) က မွတ္တမ္းျပဳထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.