အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိပေးချက်တစ်ခုကို အီရန်ထုတ်ပြန်

 338

Pika (NP News) - အောက်တိုဘာ ၁၄

အီရန်အပေါ် အလားအလာရှိသော တိုက်ခိုက်မှုများတွင် အစ္စရေးကိုမကူညီကြရန် ဂျော်ဒန်၊ ယူအေအီး၊ ဆော်ဒီ အာရေးဗျနှင့်ကာတာ နိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံ အများအပြားကို အီရန်က သတိပေးခဲ့ကြောင်း အမည်မဖော်လိုသည့် အာရပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal က ရေးသားဖော်ပြခဲ့သည်။
လျှို့ဝှက်သံတမန်လမ်းကြောင်းများမှ တစ်ဆင့်ထုတ်ပြန်ခဲ့သည့် အဆိုပါသတိပေးချက်သည် ယခုလ အစောပိုင်းတွင် အီရန်ကအစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀ဝ)ကျော်ဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် ပြင်းထန် သောလက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဆိုသည့် အစ္စရေး၏ခြိမ်း ခြောက်မှုများကို ပြန်လည်တုံ့ပြန်ခြင်းမျိုး ဖြစ်ကြောင်း သိရသည်။ လက်တုံ့ပြန်မှုများကို ကန့်သတ်ထားရန် နှင့် ဒေသတွင်းတွင် ပိုမိုကျယ်ပြန့်လာနိုင်ခြေ ရှိသည့်စစ်ပွဲကို ရှောင်ရှားရန်အတွက် အမေရိကန်က ကြိုးပမ်းနေချိန်တွင် အီရန်၏နျူကလီးယားစက်ရုံများနှင့် ရေနံအခြေခံအဆောက်အအုံများအပေါ် ဆိုးရွားသော လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ရန် အစ္စရေးအစိုးရ အရာရှိများ က ထောက်ခံနေကြောင်း လည်းသိရသည်။
အီရန်နှင့်အစ္စရေးတို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းသည် စွမ်းအင်ချမ်းသာကြွယ်ဝသော ပါရှန်း ပင်လယ်ကွေ့နိုင်ငံများကြားတွင် ၎င်း တို့၏ကိုယ်ပိုင်ရေနံစက်ရုံများ ဘေးကင်းရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင်းတွင် အမေရိကန်၏စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့်တပ်ဖွဲ့များဖြန့်ကြက်ချထားမှုသည် မလိုလားအပ်သော အကျိုးဆက် များရှိလာစေနိုင်သည့် မှားယွင်းသောတွက်ချက်မှုများ (သို့မဟုတ်) တင်းမာမှုအရှိန်မြင့်တက်လာနိုင်ခြေရှိသည့် အန္တရာယ်များရှိနေကြောင်း WSJ က ရေးသားဖော်ပြထားသည်။ အီရန်အပေါ် ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများတွင် ၎င်းတို့၏စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံ (သို့မဟုတ်) လေပိုင်နက်များကို အသုံးမပြုလိုသည့်အချက်ကို အမေရိကန်တပ်ဖွဲ့များကို လက်ခံထားသော နိုင်ငံ အများအပြား ၏ တာဝန်ရှိသူများက အမေရိကန် သမ္မတဂျိုးဘိုင် ဒန်အစိုးရအဖွဲ့ကို အသိပေးခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဆော်ဒီအာရေးဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့က အီရန်အပေါ် တိုက်ခိုက်မှုများတွင် အစ္စရေးတိုက်လေယာဉ် များကို ၎င်းတို့၏လေပိုင်နက်ကို အသုံးပြုခွင့်မပေးဟု အမေရိကန်ကို ပြောကြားခဲ့ကြောင်း အောက်တိုဘာလ(၁၀) ရက်နေ့က ထုတ်ပြန်ခဲ့သည့် သီးခြားအစီရင်ခံစာ တစ်ခုတွင် ရေးသားဖော်ပြထားသည်။ အရှေ့အလယ် ပိုင်းဒေသတွင်းရှိ မိတ်ဖက်နိုင်ငံ အချို့သည် အမေရိကန်စစ်ဌာန ချုပ်ပင်တဂွန်ကို ၎င်း တို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောကြားခဲ့ ကြောင်း အမေရိကန်ကာကွယ်ရေး အရာရှိများက အသိအမှတ်ပြုပြောဆိုခဲ့သည်။ အီရန်နိုင်ငံသည် ဖြစ်ပေါ်လာနိုင် ခြေရှိသော အစ္စရေး၏တိုက်ခိုက်မှု များအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်နှင့် လက်တုံ့ပြန်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခု က RT သတင်းဌာနကို ပြောကြားခဲ့ကြောင်း လည်း သိရသည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသရွိ အေမရိကန္၏ မိတ္ဖက္ႏိုင္ငံမ်ားအတြက္ သတိေပးခ်က္တစ္ခုကို အီရန္ထုတ္ျပန္
Pika (NP News) - ေအာက္တိုဘာ ၁၄

အီရန္အေပၚ အလားအလာရွိေသာ တိုက္ခိုက္မႈမ်ားတြင္ အစၥေရးကိုမကူညီၾကရန္ ေဂ်ာ္ဒန္၊ ယူေအအီး၊ ေဆာ္ဒီ အာေရးဗ်ႏွင့္ကာတာ ႏိုင္ငံတို႔အပါအဝင္ အေရွ႕အလယ္ပိုင္းေဒသရွိ အေမရိကန္၏ မိတ္ဖက္ႏိုင္ငံ အမ်ားအျပားကို အီရန္က သတိေပးခဲ့ေၾကာင္း အမည္မေဖာ္လိုသည့္ အာရပ္အရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး Wall Street Journal က ေရးသားေဖာ္ျပခဲ့သည္။
လွ်ိဳ႕ဝွက္သံတမန္လမ္းေၾကာင္းမ်ားမွ တစ္ဆင့္ထုတ္ျပန္ခဲ့သည့္ အဆိုပါသတိေပးခ်က္သည္ ယခုလ အေစာပိုင္းတြင္ အီရန္ကအစၥေရးကို ဒုံးက်ည္အစင္းေရ(၂၀ဝ)ေက်ာ္ျဖင့္ပစ္ခတ္တိုက္ ခိုက္ခဲ့ၿပီးေနာက္ ျပင္းထန္ ေသာလက္တုံ႔ျပန္မႈမ်ားကို လုပ္ေဆာင္သြားမည္ဆိုသည့္ အစၥေရး၏ၿခိမ္း ေျခာက္မႈမ်ားကို ျပန္လည္တုံ႔ျပန္ျခင္းမ်ိဳး ျဖစ္ေၾကာင္း သိရသည္။ လက္တုံ႔ျပန္မႈမ်ားကို ကန႔္သတ္ထားရန္ ႏွင့္ ေဒသတြင္းတြင္ ပိုမိုက်ယ္ျပန႔္လာႏိုင္ေျခ ရွိသည့္စစ္ပြဲကို ေရွာင္ရွားရန္အတြက္ အေမရိကန္က ႀကိဳးပမ္းေနခ်ိန္တြင္ အီရန္၏န်ဴကလီးယားစက္႐ုံမ်ားႏွင့္ ေရနံအေျခခံအေဆာက္အအုံမ်ားအေပၚ ဆိုး႐ြားေသာ လက္တုံ႔ျပန္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရန္ အစၥေရးအစိုးရ အရာရွိမ်ား က ေထာက္ခံေနေၾကာင္း လည္းသိရသည္။
အီရန္ႏွင့္အစၥေရးတို႔ၾကား တင္းမာမႈမ်ား ျမင့္တက္လာျခင္းသည္ စြမ္းအင္ခ်မ္းသာႂကြယ္ဝေသာ ပါရွန္း ပင္လယ္ေကြ႕ႏိုင္ငံမ်ားၾကားတြင္ ၎ တို႔၏ကိုယ္ပိုင္ေရနံစက္႐ုံမ်ား ေဘးကင္းေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို ျမင့္တက္လာေစခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္းတြင္ အေမရိကန္၏စစ္ဘက္ဆိုင္ရာ ပစၥည္းမ်ားႏွင့္တပ္ဖြဲ႕မ်ားျဖန႔္ၾကက္ခ်ထားမႈသည္ မလိုလားအပ္ေသာ အက်ိဳးဆက္ မ်ားရွိလာေစႏိုင္သည့္ မွားယြင္းေသာတြက္ခ်က္မႈမ်ား (သို႔မဟုတ္) တင္းမာမႈအရွိန္ျမင့္တက္လာႏိုင္ေျခရွိသည့္ အႏၲရာယ္မ်ားရွိေနေၾကာင္း WSJ က ေရးသားေဖာ္ျပထားသည္။ အီရန္အေပၚ ထိုးစစ္ဆင္သည့္ စစ္ဆင္ေရးမ်ားတြင္ ၎တို႔၏စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အအုံ (သို႔မဟုတ္) ေလပိုင္နက္မ်ားကို အသုံးမျပဳလိုသည့္အခ်က္ကို အေမရိကန္တပ္ဖြဲ႕မ်ားကို လက္ခံထားေသာ ႏိုင္ငံ အမ်ားအျပား ၏ တာဝန္ရွိသူမ်ားက အေမရိကန္ သမၼတဂ်ိဳးဘိုင္ ဒန္အစိုးရအဖြဲ႕ကို အသိေပးခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ေဆာ္ဒီအာေရးဗ်၊ ကာတာႏွင့္ ယူေအအီးႏိုင္ငံတို႔က အီရန္အေပၚ တိုက္ခိုက္မႈမ်ားတြင္ အစၥေရးတိုက္ေလယာဥ္ မ်ားကို ၎တို႔၏ေလပိုင္နက္ကို အသုံးျပဳခြင့္မေပးဟု အေမရိကန္ကို ေျပာၾကားခဲ့ေၾကာင္း ေအာက္တိုဘာလ(၁၀) ရက္ေန႔က ထုတ္ျပန္ခဲ့သည့္ သီးျခားအစီရင္ခံစာ တစ္ခုတြင္ ေရးသားေဖာ္ျပထားသည္။ အေရွ႕အလယ္ ပိုင္းေဒသတြင္းရွိ မိတ္ဖက္ႏိုင္ငံ အခ်ိဳ႕သည္ အေမရိကန္စစ္ဌာန ခ်ဳပ္ပင္တဂြန္ကို ၎ တို႔၏စိုးရိမ္ပူပန္မႈမ်ားကို ထုတ္ေဖာ္ ေျပာၾကားခဲ့ ေၾကာင္း အေမရိကန္ကာကြယ္ေရး အရာရွိမ်ားက အသိအမွတ္ျပဳေျပာဆိုခဲ့သည္။ အီရန္ႏိုင္ငံသည္ ျဖစ္ေပၚလာႏိုင္ ေျခရွိေသာ အစၥေရး၏တိုက္ခိုက္မႈ မ်ားအတြက္ ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ရန္ႏွင့္ လက္တုံ႔ျပန္ရန္ အျပည့္အဝ ျပင္ဆင္ထားေၾကာင္း အဆိုပါကိစၥႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္တစ္ခု က RT သတင္းဌာနကို ေျပာၾကားခဲ့ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.