MAI မှ ဆောင်ရွက်နေသည့် CSR Project အစီအစဥ်တွင် အကူအညီလိုအပ်နေသည့် အဘိုးအဘွားများ၊ လူငယ်များနှင့် ကလေးငယ်များကို အထောက်အပံ့ပေးသွားမည်

 578

ယွန်း (NP News) - အောက်တိုဘာ ၁၄

MAI မှ ဆောင်ရွက်နေသည့် CSR Project အစီအစဥ်တွင် အကူအညီလိုအပ်နေသည့် အဘိုးအဘွားများ၊ လူငယ်များနှင့် ကလေးငယ်များကို အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း MAI မှ အသိပေးထားသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)မှ ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျင်းပခဲ့သည့် ပညာရေး၊ လူထုအကျိုးပြုလုပ်ငန်းနှင့် စပ်လျဥ်းသည့် အစီအစဥ်များအား မိတ်ဆက်ပေးခြင်း အခမ်းအနားတွင် အထက်ပါကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

MAI အနေဖြင့် လူထုအကျိုးပြုလုပ်ငန်းစဥ်များအနက်မှ တစ်ခုဖြစ်သည့် MAI We Care အစီအစဥ်အောက်တွင် CSR Project အသစ်တစ်ခုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအစီအစဥ်တွင် MAI သည် တွယ်ရာမဲ့ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာဖြစ်သည့် ရီမာပရဟိတ၊ ကျိုက်ဝိုင်းမသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာနှင့် မိဘမဲ့ကလေးများစောင့်ရှောက်ရေးဂေဟာဖြစ်သည့် မေတ္တာအိမ်ပရဟိတ အစရှိသည့် အဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသည့် အဘိုးအဘွားများ၊ လူငယ်များနှင့် ကလေးငယ်များအတွက် အထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"၂၀၂၄ ခုနှစ်ဟာ MAI အတွက် လုပ်ငန်းဆိုင်ရာအောင်မြင်မှုတွေအပြင် လူထုအကျိုးပြုအစီအစဥ်များစွာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ MAGIP Program ကို စတင်မိတ်ဆက်ခြင်းကဲ့သို့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပြည်သူလူထုကို တစ်ဖက်တစ်လှမ်းမှ ပြန်လည်အကျိုးပြုပေးနိုင်မယ့် CSR Project တွေကိုလည်း အကောင်အထည်ဖော်ပြီး MAI အဖွဲ့အစည်းအတွင်းအပြင်နှစ်ခုလုံးမှာ အကျိုးရှိစေမယ့် အစီအစဥ်များစွာကို ဆောင်ရွက်နေပါတယ်" ဟု MAI လေကြောင်းလိုင်း၏ CEO/CCO ဖြစ်သူ Tanes Kumar မှ ပြောသည်။

MAI မှ ယခုလက်ရှိတွင် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှား နှင့် လာအိုနိုင်ငံများရှိ မြို့ပေါင်း (၃၆)မြို့သို့ တိုက်ရိုက်ခရီးစဉ်များကို Airbus A320 ၆ စီး၊ Embraer 190 ၂ စီး၊ ATR72-600 ၄ စီးနှင့် Boeing 737 freighter ၁ စီးတို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

ထို့ပြင် ယခုနှစ်ကုန်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့များအပါအဝင် ပြည်တွင်းပြည်ပခရီးစဉ် စုစုပေါင်း (၄၁)ခုအထိ တိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

Zawgyi Version;
MAI မွ ေဆာင္႐ြက္ေနသည့္ CSR Project အစီအစဥ္တြင္ အကူအညီလိုအပ္ေနသည့္ အဘိုးအဘြားမ်ား၊ လူငယ္မ်ားႏွင့္ ကေလးငယ္မ်ားကို အေထာက္အပံ့ေပးသြားမည္
ယြန္း (NP News) - ေအာက္တိုဘာ ၁၄

MAI မွ ေဆာင္႐ြက္ေနသည့္ CSR Project အစီအစဥ္တြင္ အကူအညီလိုအပ္ေနသည့္ အဘိုးအဘြားမ်ား၊ လူငယ္မ်ားႏွင့္ ကေလးငယ္မ်ားကို အေထာက္အပံ့ေပးသြားမည္ျဖစ္ေၾကာင္း MAI မွ အသိေပးထားသည္။

အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း(MAI)မွ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ က်င္းပခဲ့သည့္ ပညာေရး၊ လူထုအက်ိဳးျပဳလုပ္ငန္းႏွင့္ စပ္လ်ဥ္းသည့္ အစီအစဥ္မ်ားအား မိတ္ဆက္ေပးျခင္း အခမ္းအနားတြင္ အထက္ပါကဲ့သို႔ အသိေပးခဲ့ျခင္းျဖစ္သည္။

MAI အေနျဖင့္ လူထုအက်ိဳးျပဳလုပ္ငန္းစဥ္မ်ားအနက္မွ တစ္ခုျဖစ္သည့္ MAI We Care အစီအစဥ္ေအာက္တြင္ CSR Project အသစ္တစ္ခုကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္တြင္ MAI သည္ တြယ္ရာမဲ့ဘိုးဘြားမ်ားေစာင့္ေရွာက္ေရးေဂဟာျဖစ္သည့္ ရီမာပရဟိတ၊ က်ိဳက္ဝိုင္းမသန္စြမ္းျပဳစုေစာင့္ေရွာက္ေရးေဂဟာႏွင့္ မိဘမဲ့ကေလးမ်ားေစာင့္ေရွာက္ေရးေဂဟာျဖစ္သည့္ ေမတၱာအိမ္ပရဟိတ အစရွိသည့္ အဖြဲ႕အစည္းမ်ားမွ အကူအညီလိုအပ္ေနသည့္ အဘိုးအဘြားမ်ား၊ လူငယ္မ်ားႏွင့္ ကေလးငယ္မ်ားအတြက္ အေထာက္အပံ့မ်ား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"၂၀၂၄ ခုႏွစ္ဟာ MAI အတြက္ လုပ္ငန္းဆိုင္ရာေအာင္ျမင္မႈေတြအျပင္ လူထုအက်ိဳးျပဳအစီအစဥ္မ်ားစြာကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ခဲ့တဲ့ ထူးျခားတဲ့ႏွစ္တစ္ႏွစ္ျဖစ္ပါတယ္။ MAGIP Program ကို စတင္မိတ္ဆက္ျခင္းကဲ့သို႔ မဟာဗ်ဴဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈေတြအျပင္ ျပည္သူလူထုကို တစ္ဖက္တစ္လွမ္းမွ ျပန္လည္အက်ိဳးျပဳေပးႏိုင္မယ့္ CSR Project ေတြကိုလည္း အေကာင္အထည္ေဖာ္ၿပီး MAI အဖြဲ႕အစည္းအတြင္းအျပင္ႏွစ္ခုလုံးမွာ အက်ိဳးရွိေစမယ့္ အစီအစဥ္မ်ားစြာကို ေဆာင္႐ြက္ေနပါတယ္" ဟု MAI ေလေၾကာင္းလိုင္း၏ CEO/CCO ျဖစ္သူ Tanes Kumar မွ ေျပာသည္။

MAI မွ ယခုလက္ရွိတြင္ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ စကၤာပူ၊ မေလးရွား၊ တ႐ုတ္၊ အိႏၵိယ၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (ယူေအအီး)၊ ကေမာၻဒီး ယား၊ ဗီယက္နမ္၊ ေတာင္ကိုရီးယား၊ ႐ုရွား ႏွင့္ လာအိုႏိုင္ငံမ်ားရွိ ၿမိဳ႕ေပါင္း (၃၆)ၿမိဳ႕သို႔ တိုက္႐ိုက္ခရီးစဥ္မ်ားကို Airbus A320 ၆ စီး၊ Embraer 190 ၂ စီး၊ ATR72-600 ၄ စီးႏွင့္ Boeing 737 freighter ၁ စီးတို႔ျဖင့္ ပ်ံသန္းေျပးဆြဲလ်က္ရွိသည္။

ထို႔ျပင္ ယခုႏွစ္ကုန္တြင္ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာၿမိဳ႕မ်ားအပါအဝင္ ျပည္တြင္းျပည္ပခရီးစဥ္ စုစုေပါင္း (၄၁)ခုအထိ တိုးခ်ဲ႕ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.