မန္တလေးရှိ ဂေါဝန်ဆိပ်ကမ်းတွင် ကုန်တင်စက်လှေတစ်စီး ဂက်စ်အိုးပေါက်၍ မီးလောင်မှုဖြစ်ပွား

 499

သန့်ဇင် (NP News) - အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဂေါဝန်ဆိပ်ကမ်းတွင် ကုန်တင်စက်လှေတစ်စီး ဂက်စ်အိုးပေါက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်မီးငြှိမ်းသတ်ခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(အောက်တိုဘာ ၁၄ ရက်)မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝန်ဆိပ်ကမ်း၌ ကမ်းကပ်ထားသော ကုန်တင်စက်လှေတစ်စီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကနဦး မီးသတ်က ဖုန်းဆက်တာဆိုရင် စက်လှေပေါ်က ဂက်စ်အိုးပေါက်တာလို့သိရတယ်။ စက်လှေပေါ်မှာက အောက်က ဘိလပ်မြေ တွေနဲ့ အပေါ်က ဆန်အိတ်တွေပါတယ်လို့ပြောတယ်” ဟု သွားရောက်မီးငြှိမ်းသတ်ခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း စက်လှေပေါ်ရှိ ဘိလပ်မြေအိတ်နှင့်ဆန်အိတ်အချို့မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကနဦးရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

၎င်းစက်လှေမီးလောင်မှုဖြစ်စဉ်အား မဟာအောင်မြေမြို့နယ်မီးသတ်တပ်ဖွဲ့ အပါအဝင် အခြားမီးသတ်တပ်ဖွဲ့များနှင့် ဒေသတွင်းလူမှုကူညီရေးအသင်းအဖွဲ့များက Leve1 အဆင့်ဖြင့် တစ်နာရီကျော်အကြာထွက်ခွာမီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးရွိ ေဂါဝန္ဆိပ္ကမ္းတြင္ ကုန္တင္စက္ေလွတစ္စီး ဂက္စ္အိုးေပါက္၍ မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၄

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေဂါဝန္ဆိပ္ကမ္းတြင္ ကုန္တင္စက္ေလွတစ္စီး ဂက္စ္အိုးေပါက္၍ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သြားေရာက္မီးျငႇိမ္းသတ္ခဲ့သည့္ လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေအာက္တိုဘာ ၁၄ ရက္)မြန္းလြဲ ၁ နာရီ ၂၅ မိနစ္အခ်ိန္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ စိန္ပန္းရပ္ကြက္၊ ေဂါဝန္ဆိပ္ကမ္း၌ ကမ္းကပ္ထားေသာ ကုန္တင္စက္ေလွတစ္စီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကနဦး မီးသတ္က ဖုန္းဆက္တာဆိုရင္ စက္ေလွေပၚက ဂက္စ္အိုးေပါက္တာလို႔သိရတယ္။ စက္ေလွေပၚမွာက ေအာက္က ဘိလပ္ေျမ ေတြနဲ႔ အေပၚက ဆန္အိတ္ေတြပါတယ္လို႔ေျပာတယ္” ဟု သြားေရာက္မီးျငႇိမ္းသတ္ခဲ့သည့္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း စက္ေလွေပၚရွိ ဘိလပ္ေျမအိတ္ႏွင့္ဆန္အိတ္အခ်ိဳ႕မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း ကနဦးရရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

၎စက္ေလွမီးေလာင္မႈျဖစ္စဥ္အား မဟာေအာင္ေျမၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ အပါအဝင္ အျခားမီးသတ္တပ္ဖြဲ႕မ်ားႏွင့္ ေဒသတြင္းလူမႈကူညီေရးအသင္းအဖြဲ႕မ်ားက Leve1 အဆင့္ျဖင့္ တစ္နာရီေက်ာ္အၾကာထြက္ခြာမီးျငႇိမ္းသတ္ခဲ့ရၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.