ပထမဆုံး အမေရိကန်ဖျော်ဖြေပွဲခရီးစဉ်ကို ကြေညာလိုက်တဲ့ FIFTY FIFTY အမျိုးသမီးအဆိုတော်အဖွဲ့

 55

Pika (NP News) - အောက်တိုဘာ ၁၇

တောင်ကိုရီးယားနာမည်ကျော်အမျိုးသမီးအဆိုတော်အဖွဲ့ FIFTY FIFTY သည် ၎င်းတို့၏ ပထမဆုံး အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်အတွက် ပြင်ဆင်မှုများလုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။

နာမည်ကြီး SOS သီချင်းဖြင့် အောင်မြင်စွာ comeback လုပ်နိုင်ခဲ့ပြီးနောက် ကီနာနှင့် အဖွဲ့ဝင်အသစ်များဖြစ်သော ချန်နဲမွန်း၊ ယီဝွန်း၊ ဟာနာနှင့်အသီနာတို့ပါဝင်သည့် FIFTY FIFTY အဖွဲ့သည် ၎င်းတို့၏ထူးခြားသောစတိုင်နှင့် အသံများဖြင့် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပရိသတ်များကို ဖျော်ဖြေရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။ FIFTY FIFTY အဖွဲ့၏ အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်သည် လာမည့်နိုဝင်ဘာလ(၂၇)ရက်တွင် ဆန်ဖရန်စ္စကိုမြို့မှာ စတင်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် FIFTY FIFTY အဖွဲ့သည် လော့အိန်ဂျလိစ်၊ ဖီးနစ်၊ ဟူစတန်၊ ဒဲလ်လက်စ်၊ ချီကာဂို၊ အတ္တလန်တာ နှင့် နယူးယောက်မြို့တို့တွင် ဖျော်ဖြေပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ(၁၆)ရက်တွင် ၎င်းတို့၏အမေရိကန်ဖျော်ဖြေပွဲခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။

ထို့ပြင် ၎င်းတို့၏ပရိသတ်များသည်လည်း FIFTY FIFTY ၏ အဖွဲ့ဝင်ပြောင်းလဲမှုများနှင့် အောင်မြင်မှုများ၏ နောက်ဆက်တွဲဖြစ်သည့် အဆိုပါခရီးစဉ်ကို စိတ်အားထက်သန်စွာစောင့်မျှော်နေကြကြောင်းလည်း သိရသည်။ FIFTY FIFTY အဖွဲ့၏ ဖျော်ဖြေပွဲလုပ်မည့်ရက်များမှာ ဆန်ဖရန်စ္စကိုမြို့(နိုဝင်ဘာလ(၂၇)ရက်)၊လော့စ်အိန်ဂျလိစ်မြို့(နိုဝင်ဘာလ (၂၉) ရက်)၊ဖီးနစ်မြို့(ဒီဇင်ဘာလ(၁)ရက်)၊ဟူစတန်မြို့(ဒီဇင်ဘာလ(၃)ရက်)၊ဒဲလ်လက်စ်မြို့(ဒီဇင်ဘာလ(၅)ရက်)၊ချီကာဂိုမြို့(ဒီဇင်ဘာလ(၁၀)ရက်)၊အတ္တလန်တာမြို့ (ဒီဇင်ဘာလ(၁၃)ရက်)၊နယူးယောက်မြို့(ဒီဇင်ဘာလ(၁၆)ရက်)တို့ဖြစ်ကြောင်းသိရသည်။

zawgyi version
ပထမဆုံး အေမရိကန္ေဖ်ာ္ေျဖပြဲခရီးစဥ္ကို ေၾကညာလိုက္တဲ့ FIFTY FIFTY အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕
Pika (NP News) - ေအာက္တိုဘာ ၁၇

ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ FIFTY FIFTY သည္ ၎တို႔၏ ပထမဆုံး အေမရိကန္ ေဖ်ာ္ေျဖပြဲခရီးစဥ္အတြက္ ျပင္ဆင္မႈမ်ားလုပ္ေဆာင္ေနၿပီျဖစ္ ေၾကာင္း သိရသည္။

နာမည္ႀကီး SOS သီခ်င္းျဖင့္ ေအာင္ျမင္စြာ comeback လုပ္ႏိုင္ခဲ့ၿပီးေနာက္ ကီနာႏွင့္ အဖြဲ႕ဝင္အသစ္မ်ားျဖစ္ေသာ ခ်န္နဲမြန္း၊ ယီဝြန္း၊ ဟာနာႏွင့္အသီနာတို႔ပါဝင္သည့္ FIFTY FIFTY အဖြဲ႕သည္ ၎တို႔၏ထူးျခားေသာစတိုင္ႏွင့္ အသံမ်ားျဖင့္ အေမရိကန္ႏိုင္ငံတစ္ဝန္းရွိ ပရိသတ္မ်ားကို ေဖ်ာ္ေျဖရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။ FIFTY FIFTY အဖြဲ႕၏ အေမရိကန္ ေဖ်ာ္ေျဖပြဲခရီးစဥ္သည္ လာမည့္ႏိုဝင္ဘာလ(၂၇)ရက္တြင္ ဆန္ဖရန္စၥကိုၿမိဳ႕မွာ စတင္က်င္းပမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္ FIFTY FIFTY အဖြဲ႕သည္ ေလာ့အိန္ဂ်လိစ္၊ ဖီးနစ္၊ ဟူစတန္၊ ဒဲလ္လက္စ္၊ ခ်ီကာဂို၊ အတၱလန္တာ ႏွင့္ နယူးေယာက္ၿမိဳ႕တို႔တြင္ ေဖ်ာ္ေျဖပြဲမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ဒီဇင္ဘာလ(၁၆)ရက္တြင္ ၎တို႔၏အေမရိကန္ေဖ်ာ္ေျဖပြဲခရီးစဥ္ ၿပီးဆုံးမည္ျဖစ္သည္။

ထို႔ျပင္ ၎တို႔၏ပရိသတ္မ်ားသည္လည္း FIFTY FIFTY ၏ အဖြဲ႕ဝင္ေျပာင္းလဲမႈမ်ားႏွင့္ ေအာင္ျမင္မႈမ်ား၏ ေနာက္ဆက္တြဲျဖစ္သည့္ အဆိုပါခရီးစဥ္ကို စိတ္အားထက္သန္စြာေစာင့္ေမွ်ာ္ေနၾကေၾကာင္းလည္း သိရသည္။ FIFTY FIFTY အဖြဲ႕၏ ေဖ်ာ္ေျဖပြဲလုပ္မည့္ရက္မ်ားမွာ ဆန္ဖရန္စၥကိုၿမိဳ႕(ႏိုဝင္ဘာလ(၂၇)ရက္)၊ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕(ႏိုဝင္ဘာလ (၂၉) ရက္)၊ဖီးနစ္ၿမိဳ႕(ဒီဇင္ဘာလ(၁)ရက္)၊ဟူစတန္ၿမိဳ႕(ဒီဇင္ဘာလ(၃)ရက္)၊ဒဲလ္လက္စ္ၿမိဳ႕(ဒီဇင္ဘာလ(၅)ရက္)၊ခ်ီကာဂိုၿမိဳ႕(ဒီဇင္ဘာလ(၁၀)ရက္)၊အတၱလန္တာၿမိဳ႕ (ဒီဇင္ဘာလ(၁၃)ရက္)၊နယူးေယာက္ၿမိဳ႕(ဒီဇင္ဘာလ(၁၆)ရက္)တို႔ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.