BigBang ရက်ပ်အဖွဲ့ဝင်ဟောင်း TOP ၊ Squid Game 2 မှာ ပါဝင်တဲ့ သူ့ရဲ့ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရ

 670

ရောင်နီ (NP News) − ဒီဇင်ဘာ ၃ဝ

တောင်ကိုရီးယားအမျိုးသား K Pop အဖွဲ့ BigBang ရဲ့ ရက်ပ်ပါဟောင်း TOP ပွဲဦးထွက် ပါဝင်တဲ့ တောင်ကိုရီးယား Netflix ဇာတ်ကားတစ်ခုဖြစ်တဲ့ Squid Game Season 2 ဟာ သူ့ရဲ့ ကာရိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။

TOP (အမည်ရင်း ချောင်ဆောင်ဟွန်း) ဟာ Squid Game Season 2 မှာ ရပ်စ်ပါ သာနိုး (Player 230) အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့သရုပ်ဆောင် ကာရိုက်တာဟာ ဇာတ်လမ်းစကတည်းက ဝေဖန်ခံနေရတာဖြစ်ပြီး ဒါရိုက်တာ ဝမ်ဒေါင်ဟွတ်ခ်ကတော့ TOP ရဲ့ ကာရိုက်တာဟာ ဇာတ်ကားအတွက် အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

TOP ရဲ့သရုပ်ဆောင်ချက်အပေါ် ဝေဖန်သူတွေက "ညံ့ဖျင်းတယ်" "ဆိုးရွားတယ်" ဇာတ်ဝင်ခန်းတွေကို "သည်းမခံနိုင်ဘူး"လို့ ဆိုခဲ့ကြတာဖြစ်ပါတယ်။ တချို့ကလည်း ပရိသတ်ကို ပြန်တောင်းပန်သင့်တယ်လို့ ဆိုကြပါတယ်။ TOP ဟာ ၂၀၁၇ ခုနှစ်က ဆေးခြောက်သုံးစွဲမှုအတွက် ဆိုင်းငံ့ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရဖူးပါတယ်။ အခုသူပါဝင်တဲ့ ဇာတ်ကောင်နေရာကလည်း မူးယစ်ဆေးစွဲနေတဲ့ ရပ်စ်ပါတစ်ယောက် ကာရိုက်တာဖြစ်တာကြောင့် ဒါဟာ မိမိကိုယ်မိမိ လှောင်ပြောင်ခြင်းလား၊ သူကိုယ်တိုင်ရဲ့လက်ရှိဘဝအကြောင်းလား ဆိုပြီး ဝေဖန်နေကြပါတယ်။

Zawgyi Version;
BigBang ရက္ပ္အဖြဲ႕ဝင္ေဟာင္း TOP ၊ Squid Game 2 မွာ ပါဝင္တဲ့ သူ႔ရဲ႕ဇာတ္ေကာင္နဲ႔ ပတ္သက္ၿပီး ေဝဖန္ခံေနရ
ေရာင္နီ (NP News) − ဒီဇင္ဘာ ၃ဝ

ေတာင္ကိုရီးယားအမ်ိဳးသား K Pop အဖြဲ႕ BigBang ရဲ႕ ရက္ပ္ပါေဟာင္း TOP ပြဲဦးထြက္ ပါဝင္တဲ့ ေတာင္ကိုရီးယား Netflix ဇာတ္ကားတစ္ခုျဖစ္တဲ့ Squid Game Season 2 ဟာ သူ႔ရဲ႕ ကာ႐ိုက္တာနဲ႔ပတ္သက္ၿပီး ေဝဖန္ခံေနရပါတယ္။

TOP (အမည္ရင္း ေခ်ာင္ေဆာင္ဟြန္း) ဟာ Squid Game Season 2 မွာ ရပ္စ္ပါ သာႏိုး (Player 230) အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ သူ႔ရဲ႕သ႐ုပ္ေဆာင္ ကာ႐ိုက္တာဟာ ဇာတ္လမ္းစကတည္းက ေဝဖန္ခံေနရတာျဖစ္ၿပီး ဒါ႐ိုက္တာ ဝမ္ေဒါင္ဟြတ္ခ္ကေတာ့ TOP ရဲ႕ ကာ႐ိုက္တာဟာ ဇာတ္ကားအတြက္ အေရးပါတဲ့ေနရာတစ္ခုျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

TOP ရဲ႕သ႐ုပ္ေဆာင္ခ်က္အေပၚ ေဝဖန္သူေတြက "ညံ့ဖ်င္းတယ္" "ဆိုး႐ြားတယ္" ဇာတ္ဝင္ခန္းေတြကို "သည္းမခံႏိုင္ဘူး"လို႔ ဆိုခဲ့ၾကတာျဖစ္ပါတယ္။ တခ်ိဳ႕ကလည္း ပရိသတ္ကို ျပန္ေတာင္းပန္သင့္တယ္လို႔ ဆိုၾကပါတယ္။ TOP ဟာ ၂၀၁၇ ခုႏွစ္က ေဆးေျခာက္သုံးစြဲမႈအတြက္ ဆိုင္းငံ့ေထာင္ဒဏ္ ၁၀ လ ခ်မွတ္ခံခဲ့ရဖူးပါတယ္။ အခုသူပါဝင္တဲ့ ဇာတ္ေကာင္ေနရာကလည္း မူးယစ္ေဆးစြဲေနတဲ့ ရပ္စ္ပါတစ္ေယာက္ ကာ႐ိုက္တာျဖစ္တာေၾကာင့္ ဒါဟာ မိမိကိုယ္မိမိ ေလွာင္ေျပာင္ျခင္းလား၊ သူကိုယ္တိုင္ရဲ႕လက္ရွိဘဝအေၾကာင္းလား ဆိုၿပီး ေဝဖန္ေနၾကပါတယ္။

Related news

© 2021. All rights reserved.