BTS အဖွဲ့ဝင် ဂျောင်ကွတ် Spotify မှာ stream ပေါင်း(၂)ဘီလျံကျော်ထိရောက်တဲ့ ပထမဆုံး အာရှအနုပညာရှင်ဖြစ်လာ

 451

ရောင်နီ (NP News) - ဇန်နဝါရီ ၁

K-pop ယောက်ျားလေးအဖွဲ့ BTS ရဲ့အဖွဲ့ဝင် ဂျောင်ကွတ်ဟာ Spotify မှာ သီချင်းတစ်ပုဒ်တည်းနဲ့ ကြည့်ရှုမှုပေါင်း (၂ ဒသမ ၁)ဘီလျံကျော်ခဲ့တဲ့ ပထမဆုံးသော အာရှအနုပညာရှင်ဖြစ်လာပါတယ်။

ဂျောင်ကွတ်ရဲ့တစ်ကိုယ်တော် single သီချင်း "Seven" ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က ထွက်ရှိပြီးတဲ့နောက် (၅၁၈)ရက်အတွင်း ဒီမှတ်တိုင်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ Sportify မှာ ကမ္ဘာတစ်ဝန်းကြည့်ရှုသူ (၂ ဒသမ ၁)ဘီလျံအထိရောက်ရှိခဲ့ပြီး ဒါဟာ Spotify သမိုင်းမှာ စတုတ္ထမြောက် ကြည့်ရှုသူ အမြန်ဆုံးသီချင်း ဖြစ်လာခဲ့ပါတယ်။ ဂျောင်ကွတ်ရဲ့ "Seven" နဲ့ "Standing Next To You" သီချင်း(၂)ပုဒ်လုံးဟာ ကမ္ဘာတစ်ဝန်းလူကြိုက်အများဆုံးသီချင်း(၅၀)ဖြစ်တဲ့ Spotify ရဲ့ Top Tracks Of 2024 Global မှာလည်း အဆင့် (၂၈) နဲ့ (၃၄) နေရာကို ရယူထားပါတယ်။

"Seven" သီချင်းဟာ K-pop တစ်ကိုယ်တော် အနုပညာရှင်တစ်ဦးအနေနဲ့ ရက်ပေါင်း (၅၀၀)ကျော်အတွင်း ကမ္ဘာလုံးဆိုင်ရာဇယားရဲ့နေ့စဉ် ထိပ်တန်းသီချင်းတွေထဲမှာ ရပ်တည်ခဲ့တဲ့ ပထမဆုံးသော သီချင်းလည်း ဖြစ်ပါတယ်။

zawgyi version
BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္ Spotify မွာ stream ေပါင္း(၂)ဘီလ်ံေက်ာ္ထိေရာက္တဲ့ ပထမဆုံး အာရွအႏုပညာရွင္ျဖစ္လာ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁

K-pop ေယာက္်ားေလးအဖြဲ႕ BTS ရဲ႕အဖြဲ႕ဝင္ ေဂ်ာင္ကြတ္ဟာ Spotify မွာ သီခ်င္းတစ္ပုဒ္တည္းနဲ႔ ၾကည့္ရႈမႈေပါင္း (၂ ဒသမ ၁)ဘီလ်ံေက်ာ္ခဲ့တဲ့ ပထမဆုံးေသာ အာရွအႏုပညာရွင္ျဖစ္လာပါတယ္။

ေဂ်ာင္ကြတ္ရဲ႕တစ္ကိုယ္ေတာ္ single သီခ်င္း "Seven" ဟာ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္ ၁၄ ရက္က ထြက္ရွိၿပီးတဲ့ေနာက္ (၅၁၈)ရက္အတြင္း ဒီမွတ္တိုင္ကို ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။ Sportify မွာ ကမာၻတစ္ဝန္းၾကည့္ရႈသူ (၂ ဒသမ ၁)ဘီလ်ံအထိေရာက္ရွိခဲ့ၿပီး ဒါဟာ Spotify သမိုင္းမွာ စတုတၳေျမာက္ ၾကည့္ရႈသူ အျမန္ဆုံးသီခ်င္း ျဖစ္လာခဲ့ပါတယ္။ ေဂ်ာင္ကြတ္ရဲ႕ "Seven" နဲ႔ "Standing Next To You" သီခ်င္း(၂)ပုဒ္လုံးဟာ ကမာၻတစ္ဝန္းလူႀကိဳက္အမ်ားဆုံးသီခ်င္း(၅၀)ျဖစ္တဲ့ Spotify ရဲ႕ Top Tracks Of 2024 Global မွာလည္း အဆင့္ (၂၈) နဲ႔ (၃၄) ေနရာကို ရယူထားပါတယ္။

"Seven" သီခ်င္းဟာ K-pop တစ္ကိုယ္ေတာ္ အႏုပညာရွင္တစ္ဦးအေနနဲ႔ ရက္ေပါင္း (၅၀၀)ေက်ာ္အတြင္း ကမာၻလုံးဆိုင္ရာဇယားရဲ႕ေန႔စဥ္ ထိပ္တန္းသီခ်င္းေတြထဲမွာ ရပ္တည္ခဲ့တဲ့ ပထမဆုံးေသာ သီခ်င္းလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.