ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်

 552

Pika (NP News) - အောက်တိုဘာ ၁၈

ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကြောင့် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဘင်္ဂလားဒေ့ရှ်တရားရုံးက အောက်တိုဘာလ (၁၇) ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ရှိတ်ဟာစီနာ၏ တရားခွင်ကို စောင့်ဆိုင်းနေ ကြောင်း ဆန္ဒပြပွဲများအတွင်း သေဆုံးသွားခဲ့သောရာ နှင့်ချီ သည့် လူများထဲမှတစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောကြားခဲ့သည်။

ရှိတ်ဟာစီနာ၏ (၁၅)နှစ်ကြာ အုပ်ချုပ်မှုကာလအတွင်း အစုလိုက်အပြုံလိုက်ချုပ်နှောင်ခြင်းနှင့် ၎င်း၏နိုင်ငံရေးအတိုက်အခံများကို တရားမဝင် သတ်ဖြတ်ခြင်းများအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ခဲ့ရ သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICT) ၏ အစိုးရရှေ့နေချုပ် Mohammad Tajul Islam က "ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဖမ်းဆီးပြီး လာမယ့်နိုဝင်ဘာလ(၁၈)ရက်မှာ ရုံးထုတ်ဖို့ တရားရုံးက အမိန့်ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လကနေ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေ၊အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွက် ရှိတ်ဟာစီနာမှာ တာဝန်ရှိပါ တယ်ဟုပြောဆိုခဲ့သည်။ ထို့ပြင် ရှိတ်ဟာစီနာ၏ Awami League ပါတီ၏ အထွေထွေအတွင်းရေးမှူးဟောင်း Obaidul Quader နှင့် အမည်မဖော်လိုသူ အခြားလူ(၄၄)ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ကြောင်းသိရသည်။ ရှိတ်ဟာစီနာ အစိုးရပြိုလဲ သွားပြီးနောက် ဒါဇင်နှင့်ချီသော ၎င်း၏မဟာမိတ်များသည်လည်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်းသိရသည်။ ဆန္ဒပြပွဲများ ငြိမ်သက်သွား ပြီးနောက် Awami League ပါတီ၏ အစိုးရအဖွဲ့ ဝန်ကြီးဟောင်းများနှင့် အခြားအကြီးတန်းအဖွဲ့ဝင်များလည်း ဖမ်းဆီးခံခဲ့ရပြီး ရှိတ်ဟာစီနာအစိုးရက ခန့် အပ်ထားသည့် တာဝန်ရှိသူများအားလုံးကို တရားရုံး များနှင့် ဗဟိုဘဏ်တို့က ရာထူးမှဖယ်ရှားပစ်ခဲ့ကြောင်း လည်းသိရသည်။

သို့သော်လည်း ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ပြီးနောက်ပိုင်းတည်းက လက်ရှိအချိန်အထိ လူမြင်ကွင်းတွင် ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိသေးကြောင်းသိရသည်။

zawgyi version
ဘဂၤလားေဒ့ရွ္တရား႐ုံးက ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ဖမ္းဝရမ္းထုတ္
Pika (NP News) - ေအာက္တိုဘာ ၁၈

ေက်ာင္းသားမ်ားဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားေၾကာင့္ ရာထူးမွႏုတ္ထြက္ခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္ဩဂုတ္လတြင္ အိႏၵိယႏိုင္ငံသို႔ ထြက္ေျပးခဲ့ေသာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာကို ဘဂၤလားေဒ့ရွ္တရား႐ုံးက ေအာက္တိုဘာလ (၁၇) ရက္တြင္ ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ရွိတ္ဟာစီနာ၏ တရားခြင္ကို ေစာင့္ဆိုင္းေန ေၾကာင္း ဆႏၵျပပြဲမ်ားအတြင္း ေသဆုံးသြားခဲ့ေသာရာ ႏွင့္ခ်ီ သည့္ လူမ်ားထဲမွတစ္ဦး၏ ေဆြမ်ိဳးတစ္ဦးက ေျပာၾကားခဲ့သည္။

ရွိတ္ဟာစီနာ၏ (၁၅)ႏွစ္ၾကာ အုပ္ခ်ဳပ္မႈကာလအတြင္း အစုလိုက္အၿပဳံလိုက္ခ်ဳပ္ေႏွာင္ျခင္းႏွင့္ ၎၏ႏိုင္ငံေရးအတိုက္အခံမ်ားကို တရားမဝင္ သတ္ျဖတ္ျခင္းမ်ားအပါအဝင္ လူ႔အခြင့္အေရးခ်ိဳး ေဖာက္မႈမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ေတြ႕ျမင္ခဲ့ရ သည္။ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး (ICT) ၏ အစိုးရေရွ႕ေနခ်ဳပ္ Mohammad Tajul Islam က "ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာကို ဖမ္းဆီးၿပီး လာမယ့္ႏိုဝင္ဘာလ(၁၈)ရက္မွာ ႐ုံးထုတ္ဖို႔ တရား႐ုံးက အမိန႔္ထုတ္ထားပါတယ္။ ၿပီးခဲ့တဲ့ဇူလိုင္လကေန ဩဂုတ္လအတြင္း ျဖစ္ပြားခဲ့တဲ့ ရာဇဝတ္မႈေတြ၊အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈေတြအတြက္ ရွိတ္ဟာစီနာမွာ တာဝန္ရွိပါ တယ္ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ရွိတ္ဟာစီနာ၏ Awami League ပါတီ၏ အေထြေထြအတြင္းေရးမႉးေဟာင္း Obaidul Quader ႏွင့္ အမည္မေဖာ္လိုသူ အျခားလူ(၄၄)ဦးကိုလည္း ဘဂၤလားေဒ့ရွ္တရား႐ုံးက ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္းသိရသည္။ ရွိတ္ဟာစီနာ အစိုးရၿပိဳလဲ သြားၿပီးေနာက္ ဒါဇင္ႏွင့္ခ်ီေသာ ၎၏မဟာမိတ္မ်ားသည္လည္း ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရေၾကာင္းသိရသည္။ ဆႏၵျပပြဲမ်ား ၿငိမ္သက္သြား ၿပီးေနာက္ Awami League ပါတီ၏ အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္းမ်ားႏွင့္ အျခားအႀကီးတန္းအဖြဲ႕ဝင္မ်ားလည္း ဖမ္းဆီးခံခဲ့ရၿပီး ရွိတ္ဟာစီနာအစိုးရက ခန႔္ အပ္ထားသည့္ တာဝန္ရွိသူမ်ားအားလုံးကို တရား႐ုံး မ်ားႏွင့္ ဗဟိုဘဏ္တို႔က ရာထူးမွဖယ္ရွားပစ္ခဲ့ေၾကာင္း လည္းသိရသည္။

သို႔ေသာ္လည္း ရွိတ္ဟာစီနာသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ ရဟတ္ယာဥ္ျဖင့္ ထြက္ေျပးခဲ့ၿပီးေနာက္ပိုင္းတည္းက လက္ရွိအခ်ိန္အထိ လူျမင္ကြင္းတြင္ ထြက္ေပၚလာခဲ့ျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.