ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
 656
ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၈
ရုရှားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄) နိုင်ငံ၏ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့တဝန်းတွင် အမေရိကန်နိုင်ငံ၏ ဩဇာ လွှမ်းမိုးမှုများကို တန်ပြန်ရန်အတွက် ရုရှား၊ တရုတ် နိုင်ငံတို့ ဦးဆောင်ပြီး (၂၀ဝ၆) ခုနှစ်တွင်BRICS အဖွဲ့ကိုဦးဆောင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
BRICS အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံအရေအတွက် (၂) ဆနီးပါးမြင့်တက်လာခဲ့သလို အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပိုင်းဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း သိရသည်။ BRICS အဖွဲ့သည် ကမ္ဘာ့နိုင်ငံများကြား ထဲတွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးများအတွက် တန်းတူညီမျှရှိစေရန် ဝင်ရိုးစုံကမ္ဘာကို တည်ဆောက်ဖန်တီးရန် လိုလားနေကြောင်းသိရသည်။ ြျွှုဃှကို စတင်ဖွဲ့စည်းချိန်က ဘရာဇီး၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက ပါဝင်ခဲ့ပြီး လက်ရှိအချိန်တွင် အီ ရန်၊ အီဂျစ်၊ ယူအေအီး၊ အီသီယိုးပီးယား နိုင်ငံက အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်းပါဝင်လာခဲ့ကြောင်းသိရသည်။ ြျွှုဃှ အဖွဲ့ကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၂၀) ကျော်ကလည်း အဖွဲ့ဝင် နိုင်ငံ အဖြစ် ဆက်လက်ပါဝင်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဆော်ဒီအာရေးဗျ နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း BRICS အဖွဲ့၏ အစည်းဝေး များကို တက်ရောက်ခွင့် ရထားကြောင်းသိရသည်။
BRICS အဖွဲ့ဝင်နိုင်ငံများကို အဖွဲ့ဝင် အရေ အတွက် ပိုမိုများပြားလာစေရန်တိုးချဲ့ပြီး ကမ္ဘာ့ ရေနံ ဈေးကွက်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရှယ် ယာများ သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရ သည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရေနံထုတ်လုပ်မှုသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု အားလုံး၏ (၄၀) ရာ ခိုင်နှုန်းရှိနေကြောင်းသိရသည်။ BRICS အဖွဲ့ဝင် နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ ကာဇန်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
zawgyi version
Related news
© 2021. All rights reserved.