ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း

 450

Pika (NP News) - အောက်တိုဘာ ၁၈

တရုတ်-အိန္ဒိယဆက်ဆံရေးတိုးတက် ကောင်းမွန်လာမှုကို ဆက်လက်ထိန်းသိမ်းရန်အတွက် ထိုင်ဝမ်နှင့်ဆက်စပ်သည့် ကိစ္စရပ်များကို သတိထား ကိုင်တွယ်ရန် အိန္ဒိယကို တရုတ်အစိုးရက အောက်တိုဘာလ(၁၇)ရက်တွင် တိုက်တွန်းခဲ့ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ထိုင်ဝမ်ကောင် စစ်ဝန်ရုံးဖွင့်လှစ်ခဲ့ပြီးနောက် တရုတ်ဘက်ကတိုက်တွန်းမှုများထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်နှင့်တရားဝင် အဆက်အသွယ်ရှိသည့် နိုင်ငံများ၏ လှုပ်ရှားမှုများကို တရုတ်နိုင်ငံက ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပုံမှန်သတင်းစာရှင်း လင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ ထိုင်ဝမ်အစိုးရသည် ၎င်း၏တတိယမြောက်ကိုယ်စားလှယ်ရုံးကို အောက်တိုဘာလ(၁၆)ရက်တွင် အိန္ဒိယနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့ကြောင်း ထိုင်ဝမ်၏တရားဝင်ဗဟို သတင်းအေဂျင်စီက ထုတ်ပြန်ပြောကြားခဲ့သည်။ထိုင်ဝမ်အစိုးရ၏ ပထမနှင့်ဒုတိယမြောက်ကိုယ်စားလှယ်ရုံးတို့မှာ နယူးဒေလီမြို့နှင့် ချန်နိုင်းမြို့တို့တွင် ရှိကြောင်းသိရသည်။ နှစ်နိုင်ငံကြားနယ်စပ်တွင် ဖြစ်ပွားနေသော အငြင်းပွားမှုများနှင့် တင်းမာမှုများကို လျှော့ချရန်အတွက် တရုတ်နှင့်အိန္ဒိယတို့က ကြိုးပမ်း နေချိန်တွင် ထိုင်ဝမ်၏ကောင်စစ်ဝန်ရုံးဖွင့်လှစ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်ရှုမြင်ထားသော တရုတ်အစိုးရ သည် ယခုသီတင်းပတ်အစောပိုင်းတွင် ထိုင်ဝမ် ကျွန်းအနီးတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုများကို လုပ် ဆောင်ခဲ့ကြောင်းလည်းသိရသည်။ တရုတ်အစိုးရ၏ ပိုင်နက်နယ်မြေပိုင်ဆိုင်မှုပြောဆိုချက်များကို ထိုင်ဝမ် အစိုးရက ငြင်းဆန်ပယ်ချထားပြီး ထိုင်ဝမ်ကျွန်းပြည်သူများကသာ ၎င်းတို့၏အနာဂတ်ကို ကိုယ်တိုင်ဆုံး ဖြတ်နိုင်ကြောင်းပြောကြားထားသည်။

မာအိုနင်က "ထိုင်ဝမ်ရဲ့ကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်တာနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ သဘော ထားတွေကို အိန္ဒိယဘက်ကို တင်ပြထားပါတယ်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒဟာ အိန္ဒိယဘက်က အလေးထားတဲ့နိုင်ငံရေး ကတိကဝတ်တစ်ခု ဖြစ်ပြီး တရုတ်-အိန္ဒိယဆက်ဆံရေးရဲ့ နိုင်ငံရေး အခြေခံ အုတ်မြစ်လည်းဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။ ထို့ပြင် ထိုင်ဝမ်နှင့်ဆက်စပ်သည့် ကိစ္စရပ် များကို သတိထားကိုင်တွယ်ရန်၊ ထိုင်ဝမ်နှင့်တရား ဝင်ဖလှယ်မှုပုံစံများကို လုံးဝရှောင်ကြဉ်ရန် အိန္ဒိယအစိုးရကို တရုတ်ဘက်ကတိုက်တွန်းခဲ့ကြောင်း မာအို နင်က ထပ်မံပြောဆိုခဲ့သည်။

zawgyi version
ထိုင္ဝမ္ႏွင့္ ဆက္စပ္သည့္ ကိစၥရပ္မ်ားကို သတိထားကိုင္တြယ္ရန္ အိႏၵိယကို တ႐ုတ္တိုက္တြန္း
Pika (NP News) - ေအာက္တိုဘာ ၁၈

တ႐ုတ္-အိႏၵိယဆက္ဆံေရးတိုးတက္ ေကာင္းမြန္လာမႈကို ဆက္လက္ထိန္းသိမ္းရန္အတြက္ ထိုင္ဝမ္ႏွင့္ဆက္စပ္သည့္ ကိစၥရပ္မ်ားကို သတိထား ကိုင္တြယ္ရန္ အိႏၵိယကို တ႐ုတ္အစိုးရက ေအာက္တိုဘာလ(၁၇)ရက္တြင္ တိုက္တြန္းခဲ့ေၾကာင္းသိရသည္။ အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕တြင္ ထိုင္ဝမ္ေကာင္ စစ္ဝန္႐ုံးဖြင့္လွစ္ခဲ့ၿပီးေနာက္ တ႐ုတ္ဘက္ကတိုက္တြန္းမႈမ်ားထြက္ေပၚလာျခင္းျဖစ္သည္။

ထို႔ျပင္ ထိုင္ဝမ္ႏွင့္တရားဝင္ အဆက္အသြယ္ရွိသည့္ ႏိုင္ငံမ်ား၏ လႈပ္ရွားမႈမ်ားကို တ႐ုတ္ႏိုင္ငံက ဆန႔္က်င္ ကန႔္ကြက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ပုံမွန္သတင္းစာရွင္း လင္းပြဲတစ္ခုတြင္ေျပာၾကားခဲ့သည္။ ထိုင္ဝမ္အစိုးရသည္ ၎၏တတိယေျမာက္ကိုယ္စားလွယ္႐ုံးကို ေအာက္တိုဘာလ(၁၆)ရက္တြင္ အိႏၵိယႏိုင္ငံမွာ စတင္ဖြင့္လွစ္ခဲ့ေၾကာင္း ထိုင္ဝမ္၏တရားဝင္ဗဟို သတင္းေအဂ်င္စီက ထုတ္ျပန္ေျပာၾကားခဲ့သည္။ထိုင္ဝမ္အစိုးရ၏ ပထမႏွင့္ဒုတိယေျမာက္ကိုယ္စားလွယ္႐ုံးတို႔မွာ နယူးေဒလီၿမိဳ႕ႏွင့္ ခ်န္ႏိုင္းၿမိဳ႕တို႔တြင္ ရွိေၾကာင္းသိရသည္။ ႏွစ္ႏိုင္ငံၾကားနယ္စပ္တြင္ ျဖစ္ပြားေနေသာ အျငင္းပြားမႈမ်ားႏွင့္ တင္းမာမႈမ်ားကို ေလွ်ာ့ခ်ရန္အတြက္ တ႐ုတ္ႏွင့္အိႏၵိယတို႔က ႀကိဳးပမ္း ေနခ်ိန္တြင္ ထိုင္ဝမ္၏ေကာင္စစ္ဝန္႐ုံးဖြင့္လွစ္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။ ထိုင္ဝမ္ကို ၎၏ပိုင္နက္နယ္ေျမအျဖစ္ရႈျမင္ထားေသာ တ႐ုတ္အစိုးရ သည္ ယခုသီတင္းပတ္အေစာပိုင္းတြင္ ထိုင္ဝမ္ ကြၽန္းအနီးတစ္ဝိုက္မွာ စစ္ေရးေလ့က်င့္မႈမ်ားကို လုပ္ ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။ တ႐ုတ္အစိုးရ၏ ပိုင္နက္နယ္ေျမပိုင္ဆိုင္မႈေျပာဆိုခ်က္မ်ားကို ထိုင္ဝမ္ အစိုးရက ျငင္းဆန္ပယ္ခ်ထားၿပီး ထိုင္ဝမ္ကြၽန္းျပည္သူမ်ားကသာ ၎တို႔၏အနာဂတ္ကို ကိုယ္တိုင္ဆုံး ျဖတ္ႏိုင္ေၾကာင္းေျပာၾကားထားသည္။

မာအိုနင္က "ထိုင္ဝမ္ရဲ႕ေကာင္စစ္ဝန္႐ုံး ဖြင့္လွစ္လိုက္တာနဲ႔ပတ္သက္ၿပီး ကြၽန္မတို႔ရဲ႕ သေဘာ ထားေတြကို အိႏၵိယဘက္ကို တင္ျပထားပါတယ္။ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒဟာ အိႏၵိယဘက္က အေလးထားတဲ့ႏိုင္ငံေရး ကတိကဝတ္တစ္ခု ျဖစ္ၿပီး တ႐ုတ္-အိႏၵိယဆက္ဆံေရးရဲ႕ ႏိုင္ငံေရး အေျခခံ အုတ္ျမစ္လည္းျဖစ္ပါတယ္"ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ ထိုင္ဝမ္ႏွင့္ဆက္စပ္သည့္ ကိစၥရပ္ မ်ားကို သတိထားကိုင္တြယ္ရန္၊ ထိုင္ဝမ္ႏွင့္တရား ဝင္ဖလွယ္မႈပုံစံမ်ားကို လုံးဝေရွာင္ၾကဥ္ရန္ အိႏၵိယအစိုးရကို တ႐ုတ္ဘက္ကတိုက္တြန္းခဲ့ေၾကာင္း မာအို နင္က ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.