မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု

 784

သန့်ဇင် (NP News) - အောက်တိုဘာ ၁၉

မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုအပ်ကြောင်း အငြိမ်းစားရဲမှုးကြီး တစ်ဦးက NP News သို့ အကြံပြုပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ (၂)လအတွင်း ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ (၄)ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် လူဦးရေဒုတိယအများဆုံနေထိုင်ရာ မန္တလေးမြို့တွင်လည်း ပစ်ခတ်လုပ်ကြံမှုများနှင့် ဓားပြမှုများအဖြစ်များနေပြီး မြို့ပြများတွင် ကျူးလွန်သူများက နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်မှုများအား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အငြိမ်းစားရဲမှူးကြီးက ဆိုသည်။

“အဲဒါကြောင့် ရောက်ရှိတဲ့နေရာမှာရှိတဲ့ ဧည့်စာရင်းစစ်တာပေါ့နော်။ ဧည့်သည်က ဧည့်စာ ရင်းတိုင်ရင် သက်ဆိုင်ရာ ရာအိမ်မှူးတွေက ဘာသိနေရမလဲဆိုတော့ ဘယ်အရပ်ကလာတယ်။ သူဘာလုပ်ဖို့လာတာလဲ။ တချို့က စစ်ဘေးရှောင်တွေရောက်လာတယ်။ လာတဲ့အကြောင်းအရင်းကို နည်းနည်းစူးစမ်းတဲ့အပိုင်းကို ရာအိမ်မှူးတွေက လုပ်ရမှာပေါ့။ ဒါက ရပ်ကွက် အဆင့် နယ်ပယ်မှာကို ကိုယ့်နယ်၊ ကိုယ့်မြို့၊ ကိုယ့်လမ်းထဲမှာ ရှိတဲ့လူတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြို့အဝင်အထွက်များရှိဂိတ်များတွင် စစ်ဆေးရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့များ စိမ့်ဝင်မှုများမှ ကာကွယ်ရန် လုံခြုံရေးအမြင်ဖြင့် ကြပ်ကြပ်မတ်မတ်စစ်ဆေးသင့်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“ပုံမှန်ဆိုရင်တော့ အဲဒီလိုမျိုးတွေ ရာအိမ်မှူးတွေက ကြည့်ချင်မှ ကြည့်မှာ။ အမှန်က လုံခြုံရေးအမြင်ရှိရမှာ ပေါ့လေ။ နောက်တစ်ခုက ရဲတပ်ဖွဲ့တစ်ခုလုံးကလည်း မြို့ပြလုံခြုံရေးကို လွှမ်းခြုံဖို့ဆိုတာတော်တော်ခက်တယ်လေ။ သို့သော်လည်းပဲ သတင်းပို့တဲ့စနစ်တွေက အရင်တုန်းကလို ကိုယ်တိုင်သွားကြည့်စရာမလိုဘူး။ တစ်နေရာမှာဒီလိုလူတွေရောက်နေရင် ဓာတ်ပုံရိုက်။ ရဲက ကိုယ့်အသိတစ်ယောက်ဆို လှမ်းပြော။ ရပ်ကွက်ထဲမှာနေတာ မကြာသေးဘူး ဒီမှာ ဒီလိုဖြစ်တယ်။ တချို့ကလည်း ဘာမှလှုပ်ရှားတာမတွေ့ရဘူး။ ဒါပေမဲ့ သူ့ကြည့်ရတာတော့ မရိုးသားဘူးလို့ ထင်တယ်တို့ အဲဒီလိုမျိုးတွေက Viber တို့ Message တို့ကနေ ပို့လို့ရတာပဲလေ။ အဲဒီလိုဆိုတော့ ရဲတွေလည်း အရမ်းဆင်းလုပ်စရာမလိုဘူး။ ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိတဲ့လူတွေနဲ့ ပြည်သူပေါ့နော်။ အဲဒီလို လူတွေရှိထားမယ်ဆိုရင် ကြိုတင်ကာကွယ်ရာလည်းရောက်တယ်။ နောက်ပြီး တားဆီးနှိမ်နင်းရေးလုပ်ရာမှာလည်း အထောက်အကူဖြစ်တာပေါ့”ဟု အငြိမ်းစားရဲမှူးကြီးက ဆိုသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းတွင် ယာဉ်ထိန်းရဲမေအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၁၃ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊(၁၁) ရပ် ကွက်၊ အောင်မင်္ဂလာကျောင်းဝိုင်း၊ သာသနာ့ဝုဃိ သိမ်တော်ကြီးဝင်းအတွင်း၌ လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသည်လည်း သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရဖူးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပစ်မှတ်ထားတိုက်ခိုက်မှုပေါင်း (၃)ကြိမ်ထက် မနည်းရှိခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရှိမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ၿမိဳ႕ျပမ်ားတြင္ အၾကမ္းဖက္မႈမ်ားေလ်ာ့နည္းေစရန္ စနစ္တက်စစ္ေဆးရန္လိုေၾကာင္း အႀကံျပဳ
သန႔္ဇင္ (NP News) - ေအာက္တိုဘာ ၁၉

ၿမိဳ႕ျပမ်ားတြင္ အၾကမ္းဖက္မႈမ်ားေလ်ာ့နည္းေစရန္ စနစ္တက်စစ္ေဆးရန္လိုအပ္ေၾကာင္း အၿငိမ္းစားရဲမႈးႀကီး တစ္ဦးက NP News သို႔ အႀကံျပဳေျပာၾကားသည္။

ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ေသာ ရန္ကုန္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ စက္တင္ဘာလဆန္းပိုင္းမွစတင္ကာ လက္ရွိအခ်ိန္ထိ (၂)လအတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားမွာ (၄)ႀကိမ္ထပ္မနည္း ျဖစ္ပြားခဲ့ၿပီး ေသဆုံးထိခိုက္မႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ လူဦးေရဒုတိယအမ်ားဆုံေနထိုင္ရာ မႏၲေလးၿမိဳ႕တြင္လည္း ပစ္ခတ္လုပ္ႀကံမႈမ်ားႏွင့္ ဓားျပမႈမ်ားအျဖစ္မ်ားေနၿပီး ၿမိဳ႕ျပမ်ားတြင္ က်ဴးလြန္သူမ်ားက နည္းလမ္းမ်ိဳးစုံျဖင့္ ဝင္ေရာက္ကာ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ အၾကမ္းဖက္မႈမ်ားအား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီးက ဆိုသည္။

“အဲဒါေၾကာင့္ ေရာက္ရွိတဲ့ေနရာမွာရွိတဲ့ ဧည့္စာရင္းစစ္တာေပါ့ေနာ္။ ဧည့္သည္က ဧည့္စာ ရင္းတိုင္ရင္ သက္ဆိုင္ရာ ရာအိမ္မႉးေတြက ဘာသိေနရမလဲဆိုေတာ့ ဘယ္အရပ္ကလာတယ္။ သူဘာလုပ္ဖို႔လာတာလဲ။ တခ်ိဳ႕က စစ္ေဘးေရွာင္ေတြေရာက္လာတယ္။ လာတဲ့အေၾကာင္းအရင္းကို နည္းနည္းစူးစမ္းတဲ့အပိုင္းကို ရာအိမ္မႉးေတြက လုပ္ရမွာေပါ့။ ဒါက ရပ္ကြက္ အဆင့္ နယ္ပယ္မွာကို ကိုယ့္နယ္၊ ကိုယ့္ၿမိဳ႕၊ ကိုယ့္လမ္းထဲမွာ ရွိတဲ့လူေတြနဲ႔ ပတ္သက္ၿပီး သိထားသင့္တာေပါ့”ဟု ၎က ဆိုသည္။

ထို႔ျပင္ ၿမိဳ႕အဝင္အထြက္မ်ားရွိဂိတ္မ်ားတြင္ စစ္ေဆးေရးတာဝန္ယူထားသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားအေနျဖင့္လည္း အၾကမ္းဖက္အဖြဲ႕မ်ား စိမ့္ဝင္မႈမ်ားမွ ကာကြယ္ရန္ လုံၿခဳံေရးအျမင္ျဖင့္ ၾကပ္ၾကပ္မတ္မတ္စစ္ေဆးသင့္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။

“ပုံမွန္ဆိုရင္ေတာ့ အဲဒီလိုမ်ိဳးေတြ ရာအိမ္မႉးေတြက ၾကည့္ခ်င္မွ ၾကည့္မွာ။ အမွန္က လုံၿခဳံေရးအျမင္ရွိရမွာ ေပါ့ေလ။ ေနာက္တစ္ခုက ရဲတပ္ဖြဲ႕တစ္ခုလုံးကလည္း ၿမိဳ႕ျပလုံၿခဳံေရးကို လႊမ္းၿခဳံဖို႔ဆိုတာေတာ္ေတာ္ခက္တယ္ေလ။ သို႔ေသာ္လည္းပဲ သတင္းပို႔တဲ့စနစ္ေတြက အရင္တုန္းကလို ကိုယ္တိုင္သြားၾကည့္စရာမလိုဘူး။ တစ္ေနရာမွာဒီလိုလူေတြေရာက္ေနရင္ ဓာတ္ပုံ႐ိုက္။ ရဲက ကိုယ့္အသိတစ္ေယာက္ဆို လွမ္းေျပာ။ ရပ္ကြက္ထဲမွာေနတာ မၾကာေသးဘူး ဒီမွာ ဒီလိုျဖစ္တယ္။ တခ်ိဳ႕ကလည္း ဘာမွလႈပ္ရွားတာမေတြ႕ရဘူး။ ဒါေပမဲ့ သူ႔ၾကည့္ရတာေတာ့ မ႐ိုးသားဘူးလို႔ ထင္တယ္တို႔ အဲဒီလိုမ်ိဳးေတြက Viber တို႔ Message တို႔ကေန ပို႔လို႔ရတာပဲေလ။ အဲဒီလိုဆိုေတာ့ ရဲေတြလည္း အရမ္းဆင္းလုပ္စရာမလိုဘူး။ ကိုယ္နဲ႔ ပူးေပါင္းေဆာင္႐ြက္လိုစိတ္ရွိတဲ့လူေတြနဲ႔ ျပည္သူေပါ့ေနာ္။ အဲဒီလို လူေတြရွိထားမယ္ဆိုရင္ ႀကိဳတင္ကာကြယ္ရာလည္းေရာက္တယ္။ ေနာက္ၿပီး တားဆီးႏွိမ္နင္းေရးလုပ္ရာမွာလည္း အေထာက္အကူျဖစ္တာေပါ့”ဟု အၿငိမ္းစားရဲမႉးႀကီးက ဆိုသည္။

အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၅ ရက္ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၆၂ လမ္း၊ ၁၂၄ လမ္းႏွင့္ ၁၂၅ လမ္းတြင္ ယာဥ္ထိန္းရဲေမအရာရွိတစ္ဦး ေသနတ္ျဖင့္ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း သိရသည္။ အလားတူ ေအာက္တိုဘာ ၁၃ ရက္ကလည္း လႈိင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္၊(၁၁) ရပ္ ကြက္၊ ေအာင္မဂၤလာေက်ာင္းဝိုင္း၊ သာသနာ့ဝုဃိ သိမ္ေတာ္ႀကီးဝင္းအတြင္း၌ လႈိင္သာယာၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ တစ္ဦးသည္လည္း ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရဖူးသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလကလည္း ရန္ကုန္ၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ားအား ပစ္မွတ္ထားတိုက္ခိုက္မႈေပါင္း (၃)ႀကိမ္ထက္ မနည္းရွိခဲ့ၿပီး ေသဆုံးထိခိုက္ဒဏ္ရာရွိမႈမ်ားလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.