ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်

 998

Pika (NP News) - အောက်တိုဘာ ၁၉

ပျက်ကျခဲ့တဲ့ တောင်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာဒရုန်းအပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တောင်ကိုရီးယားကို လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားက အောက်တိုဘာလ(၁၉)ရက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ကြေညာချက်ဟာ ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေခဲ့တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA ရဲ့အဆိုအရ တောင်ကိုရီးယားဟာ ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို မြောက်ကိုရီးယားနိုင်ငံမှာ ကြဲချဖို့အတွက် အဲဒီဒရုန်းတွေကို အသုံးပြုခဲ့ပုံပေါ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ယခုလအစောပိုင်းမှာ ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်တွေကို ကြဲချနေတဲ့ တောင်ကိုရီးယားရဲ့ အလားတူဒရုန်းတွေကို ခြေရာခံတွေ့ရှိခဲ့တယ်လို့လည်း KCNA ကရေးသားဖော်ပြထားပါတယ်။

မြောက်ကိုရီးယားအစိုးရက "မြောက်ကိုရီးယားရဲ့ မြေပြင်၊ ဝေဟင်နဲ့ရေပြင်ပိုင်နက်တွေကို ချိုးဖောက်နေတဲ့ တောင်ကိုရီးယားစစ်တပ်ရဲ့လုပ်ရပ်တွေကို ထပ်မံရှာဖွေတွေ့ရှိပြီး အတည်ပြုနိုင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကိုဆန့်ကျင်တဲ့ ပြင်းထန်တဲ့စစ်ရေးအရ ရန်စမှုတစ်ခုလို့ ယူဆသွားမှာဖြစ်ပြီး ချက်ချင်းစစ်ကြေညာပြီးတော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို လုပ်ဆောင်သွားမှာပါ"လို့ သတိပေးပြောဆိုခဲ့ပါတယ်။

ဝါဒဖြန့်ချိရေးလက်ကမ်းစာစောင်တွေကို သယ်ဆောင်လာတဲ့ တောင်ကိုရီးယားရဲ့ဒရုန်းတွေဟာ ပြုံးယမ်းမြို့ကောင်းကင်ယံကို ဝင်ရောက်လာခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့အောက်တိုဘာလ(၁၁)ရက်မှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးတော့ တောင်ကိုရီးယားဒရုန်းတွေ ထပ်မံဝင်ရောက်လာမယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို တောင်ကိုရီးယားက ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရရဲ့စွပ်စွဲပြောဆိုချက်တွေကို အတည်မပြုပေးနိုင်ဘူးလို့ တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

zawgyi version
ပိုင္နက္နယ္ေျမ ခ်ိဳးေဖာက္မႈေတြ ထပ္ရွိလာမယ္ဆိုရင္ စစ္ေၾကညာေတာ့မယ္လို႔ ေတာင္ကိုရီးယားကို ေျမာက္ကိုရီးယားၿခိမ္းေျခာက္
Pika (NP News) - ေအာက္တိုဘာ ၁၉

ပ်က္က်ခဲ့တဲ့ ေတာင္ကိုရီးယားရဲ႕ စစ္ဘက္ဆိုင္ရာဒ႐ုန္းအပ်က္အစီးေတြကို ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားကို လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားက ေအာက္တိုဘာလ(၁၉)ရက္မွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ေၾကညာခ်က္ဟာ ကိုရီးယားကြၽန္းဆြယ္မွာျဖစ္ပြားေနတဲ့ တင္းမာမႈေတြကို ပိုမိုျမင့္တက္လာေစခဲ့တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းေအဂ်င္စီ KCNA ရဲ႕အဆိုအရ ေတာင္ကိုရီးယားဟာ ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို ေျမာက္ကိုရီးယားႏိုင္ငံမွာ ႀကဲခ်ဖို႔အတြက္ အဲဒီဒ႐ုန္းေတြကို အသုံးျပဳခဲ့ပုံေပၚတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ယခုလအေစာပိုင္းမွာ ဝါဒျဖန႔္ခ်ိေရး လက္ကမ္းစာေစာင္ေတြကို ႀကဲခ်ေနတဲ့ ေတာင္ကိုရီးယားရဲ႕ အလားတူဒ႐ုန္းေတြကို ေျခရာခံေတြ႕ရွိခဲ့တယ္လို႔လည္း KCNA ကေရးသားေဖာ္ျပထားပါတယ္။

ေျမာက္ကိုရီးယားအစိုးရက "ေျမာက္ကိုရီးယားရဲ႕ ေျမျပင္၊ ေဝဟင္နဲ႔ေရျပင္ပိုင္နက္ေတြကို ခ်ိဳးေဖာက္ေနတဲ့ ေတာင္ကိုရီးယားစစ္တပ္ရဲ႕လုပ္ရပ္ေတြကို ထပ္မံရွာေဖြေတြ႕ရွိၿပီး အတည္ျပဳႏိုင္ခဲ့မယ္ဆိုရင္ ေျမာက္ကိုရီးယားရဲ႕ အခ်ဳပ္အျခာအာဏာကိုဆန႔္က်င္တဲ့ ျပင္းထန္တဲ့စစ္ေရးအရ ရန္စမႈတစ္ခုလို႔ ယူဆသြားမွာျဖစ္ၿပီး ခ်က္ခ်င္းစစ္ေၾကညာၿပီးေတာ့ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္သြားမွာပါ"လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။

ဝါဒျဖန႔္ခ်ိေရးလက္ကမ္းစာေစာင္ေတြကို သယ္ေဆာင္လာတဲ့ ေတာင္ကိုရီးယားရဲ႕ဒ႐ုန္းေတြဟာ ၿပဳံးယမ္းၿမိဳ႕ေကာင္းကင္ယံကို ဝင္ေရာက္လာခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ၿပီးခဲ့တဲ့ေအာက္တိုဘာလ(၁၁)ရက္မွာ စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ၿပီးေတာ့ ေတာင္ကိုရီးယားဒ႐ုန္းေတြ ထပ္မံဝင္ေရာက္လာမယ္ဆိုရင္ ဆိုး႐ြားတဲ့ေဘးအႏၲရာယ္ေတြကို ေတာင္ကိုရီးယားက ရင္ဆိုင္ရလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းရဲ႕ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားအစိုးရရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို အတည္မျပဳေပးႏိုင္ဘူးလို႔ ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံးက ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.