မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 2428

နာမူ (NP News) - အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက် ၊ ၅၈ လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက်(၃၀)နှစ်အရွယ် မခွန်မိုင်မောင်းနှင်လာသော SUZUKI SWIFT ကားအား မူးယစ်ဆေးဝါးဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များကသတင်းအရ ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းမောင်းနှင်လာသောကားပေါ်မှ ငွေကျပ် (၃၅၄)သိန်းဖိုးတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water (၂၉၅)ဂရမ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မခွန်မိုင်ကို မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်)၊ နေ့လယ် ၁၂ နာရီခန့်ကလည်း ရှမ်းပြည် (အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စု ဝမ်နွဲ့ကျေးရွာအနီးတွင် အားဟူနှင့် အားထေ့တို့ စီးနင်လာသော ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ ငွေကျပ်(၂၁)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀)ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၂)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
မဟာေအာင္ေျမၿမိဳ႕နယ္တြင္ SUZUKI SWIFT ကားေပၚမွ ေငြက်ပ္သိန္း(၃၅၀)တန္ဖိုးရွိ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
နာမူ (NP News) - ေအာက္တိုဘာ ၁၉

မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္တြင္ SUZUKI SWIFT ကားေပၚမွ ေငြက်ပ္သိန္း(၃၅၀)တန္ဖိုးရွိ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ေအာက္တိုဘာ ၁၇ ရက္၊ ညေန ၅ နာရီခြဲခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္ ၊ ရဲမြန္ေတာင္ရပ္ကြက္ ၊ ၅၈ လမ္း၊ ၄၁ ႏွင့္ ၄၂ လမ္းၾကားတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အသက္(၃၀)ႏွစ္အ႐ြယ္ မခြန္မိုင္ေမာင္းႏွင္လာေသာ SUZUKI SWIFT ကားအား မူးယစ္ေဆးဝါးဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားကသတင္းအရ ရပ္တန႔္စစ္ေဆးခဲ့ရာ ၎ေမာင္းႏွင္လာေသာကားေပၚမွ ေငြက်ပ္ (၃၅၄)သိန္းဖိုးတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး Happy Water (၂၉၅)ဂရမ္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ မခြန္မိုင္ကို မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္(၉) ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔(ေအာက္တိုဘာလ ၁၈ ရက္)၊ ေန႔လယ္ ၁၂ နာရီခန႔္ကလည္း ရွမ္းျပည္ (အေရွ႕ပိုင္း)က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းလပ္ေက်း႐ြာအုပ္စု ဝမ္ႏြဲ႕ေက်း႐ြာအနီးတြင္ အားဟူႏွင့္ အားေထ့တို႔ စီးနင္လာေသာ ဆိုင္ကယ္အား မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ရပ္တန႔္စစ္ေဆးရာ ေငြက်ပ္(၂၁)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၀၀၀)ခန႔္အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.