မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်

 2193

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၉

မြောက်ကိုရီးယား နိုင်ငံသည် စစ်ရေးလေ့ကျင့်ရန် နှင့် ယူကရိန်းစစ်ပွဲတွင် ပါဝင်နိုင်ရန် ရုရှားနိုင်ငံသို့ အထူးတပ်ဖွဲ့ဝင် (၁၅၀၀)စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက် လှမ်းရေးအဖွဲ့က ပြောသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သောနှစ် သြဂုတ်လနောက်ပိုင်းတည်းက ရုရှားသို့ စစ်လက်နက်ပစ္စည်း ကျည်ဆံများ ပါဝင်သော ကွန်တိန်နာ (၁၂၀၀၀)ကို ရေကြောင်းခရီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း ပိုမိုတိုးတက်ကောင်းမွန်လာပြီး ယခုနှစ်တွင် တစ်နိုင်ငံ စစ်ဖြစ်လျှင် အခြားတစ်နိုင်ငံက ပါဝင်ကူညီပေးမည်ဆိုသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ချုပ်ဆိုခဲ့သည်။

ယူကရိန်း သမ္မတ ဇီလန်စကီးက စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သား (၁)သောင်းခန့် ပါဝင်ဖွယ်ရှိနေကြောင်း ပြောဆိုထားကြောင်းသိရသည်။ တောင်ကိုရီးယား သမ္မတသည် အဆိုပါ သတင်းများထွက်ပေါ်လာပြီးနောက် အရေးပေါ် အစည်းဝေးကျင်းပခဲ့ပြီး မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။ တောင်ကိုရီးယား သမ္မတက အခြေအနေများကို မသိကျိုးကျွံပြုလို့မရဘဲ နိုင်ငံတကာအဖွဲ့စည်းများ နှင့် တတ်နိုင်သမျှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောသည်။

ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ရုရှားနိုင်ငံ အရှေ့ပိုင်းတွင် မြောက်ကိုရီးယား စစ်သား (၁)သောင်းကျော်လေ့ကျင့်နေပြီး ရုရှားဘက်က ပါဝင်တိုက်ခိုက်ဖွယ်ရှိနေကြောင်း ပြော သည်။ မြောက်ကိုရီးယား စစ်သားများသည် ရုရှားထုတ်လက်နက်ကျည်ဆံများ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်သွားဖွယ်ရှိနေကြောင်း သိရသည်။

zawgyi version
ေျမာက္ကိုရီးယားစစ္သားမ်ား ႐ုရွားဘက္မွ ပါဝင္တိုက္ခိုက္မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၉

ေျမာက္ကိုရီးယား ႏိုင္ငံသည္ စစ္ေရးေလ့က်င့္ရန္ ႏွင့္ ယူကရိန္းစစ္ပြဲတြင္ ပါဝင္ႏိုင္ရန္ ႐ုရွားႏိုင္ငံသို႔ အထူးတပ္ဖြဲ႕ဝင္ (၁၅၀၀)ေစလႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယား ေထာက္ လွမ္းေရးအဖြဲ႕က ေျပာသည္။ ေျမာက္ကိုရီးယားသည္ ၿပီးခဲ့ေသာႏွစ္ ၾသဂုတ္လေနာက္ပိုင္းတည္းက ႐ုရွားသို႔ စစ္လက္နက္ပစၥည္း က်ည္ဆံမ်ား ပါဝင္ေသာ ကြန္တိန္နာ (၁၂၀၀၀)ကို ေရေၾကာင္းခရီးျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ ၿပီးခဲ့ေသာႏွစ္ပိုင္းအတြင္း ပိုမိုတိုးတက္ေကာင္းမြန္လာၿပီး ယခုႏွစ္တြင္ တစ္ႏိုင္ငံ စစ္ျဖစ္လွ်င္ အျခားတစ္ႏိုင္ငံက ပါဝင္ကူညီေပးမည္ဆိုေသာ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

ယူကရိန္း သမၼတ ဇီလန္စကီးက စစ္ပြဲအတြင္း ေျမာက္ကိုရီးယား စစ္သား (၁)ေသာင္းခန္႔ ပါဝင္ဖြယ္ရွိေနေၾကာင္း ေျပာဆိုထားေၾကာင္းသိရသည္။ ေတာင္ကိုရီးယား သမၼတသည္ အဆိုပါ သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ အေရးေပၚ အစည္းေဝးက်င္းပခဲ့ၿပီး မဟာမိတ္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္ဟု ေျပာသည္။ ေတာင္ကိုရီးယား သမၼတက အေျခအေနမ်ားကို မသိက်ိဳးကြၽံျပဳလို႔မရဘဲ ႏိုင္ငံတကာအဖြဲ႕စည္းမ်ား ႏွင့္ တတ္ႏိုင္သမွ် အစြမ္းကုန္ ပူးေပါင္းေဆာင္႐ြက္မည္ဟု ေျပာသည္။

ယူကရိန္း ေထာက္လွမ္းေရးအဖြဲ႕က ႐ုရွားႏိုင္ငံ အေရွ႕ပိုင္းတြင္ ေျမာက္ကိုရီးယား စစ္သား (၁)ေသာင္းေက်ာ္ေလ့က်င့္ေနၿပီး ႐ုရွားဘက္က ပါဝင္တိုက္ခိုက္ဖြယ္ရွိေနေၾကာင္း ေျပာ သည္။ ေျမာက္ကိုရီးယား စစ္သားမ်ားသည္ ႐ုရွားထုတ္လက္နက္က်ည္ဆံမ်ား အသုံးျပဳၿပီး ယူကရိန္းကို တိုက္ခိုက္သြားဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.