Meta က AI မော်ဒယ်တွေရဲ့လုပ်ဆောင်မှုကို ပြန်အကဲဖြတ်စစ်ဆေးနိုင်တဲ့ AI ဗားရှင်းအသစ် ထပ်ထုတ်

 54

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ

Facebook ရဲ့မိခင်ကုမ္ပဏီ Meta က AI ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ လူသားပါဝင်မှုနည်းတဲ့ လမ်းကြောင်းကို ထပ်လောင်း ပံ့ပိုးပေးနိုင်မယ့် Self-Taught Evaluator ပါဝင်တဲ့ AI မော်ဒယ်အသစ်ကို အောက်တိုဘာလ ၁၈ ရက် က စတင်မိတ်ဆက်လာခဲ့ပါတယ်။

အခုဗားရှင်းအသစ်ဟာ AI မော်ဒယ်တွေရဲ့တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ပေးနိုင်ဖို့ဟာ OpenAI ရဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ o1 မော်ဒယ်နည်းပညာအပေါ် ဘယ်လို မှီခိုနေရကြောင်းကို Meta က သြဂုတ်လက စာတမ်းတစ်စောင်နဲ့ ထုတ်ပြန်ဖော်ပြပြီးနောက်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ Meta ရဲ့ AI နည်းပညာသစ်ဟာ ရှုပ်ထွေးတဲ့ပြဿနာတွေကို သေးငယ်စေပြီး သိပ္ပံ၊ ကုဒ်နဲ့ သင်္ချာလို ဘာသာရပ်စိန်ခေါ်မှုပြဿနာတွေအတွက် တိကျတဲ့ တုံ့ပြန်မှုပေးနိုင်မယ်လို့ ဆိုပါတယ်။

AI ကို အကဲဖြတ်ဖို့ AI ကိုပဲ အသုံးပြုခြင်းဟာ လူသားပါဝင်စရာမလိုပဲ AI တွေက ကိုယ့်အမှားတွေအပေါ်ကိုယ် သင်ခန်းစာယူပြီး ပြင်ဆင်နိုင်တဲ့လမ်းကြောင်းတစ်ခုကို ပေးစွမ်းနိုင်မယ်လို့ ပရောဂျက်နောက်ကွယ်မှာရှိတဲ့ Meta ရဲ့ သုတေသီနှစ်ဦး ပြောကြားပါတယ်။

Zawgyi Version;
Meta က AI ေမာ္ဒယ္ေတြရဲ႕လုပ္ေဆာင္မႈကို ျပန္အကဲျဖတ္စစ္ေဆးႏိုင္တဲ့ AI ဗားရွင္းအသစ္ ထပ္ထုတ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ

Facebook ရဲ႕မိခင္ကုမၸဏီ Meta က AI ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္မွာ လူသားပါဝင္မႈနည္းတဲ့ လမ္းေၾကာင္းကို ထပ္ေလာင္း ပံ့ပိုးေပးႏိုင္မယ့္ Self-Taught Evaluator ပါဝင္တဲ့ AI ေမာ္ဒယ္အသစ္ကို ေအာက္တိုဘာလ ၁၈ ရက္ က စတင္မိတ္ဆက္လာခဲ့ပါတယ္။

အခုဗားရွင္းအသစ္ဟာ AI ေမာ္ဒယ္ေတြရဲ႕တုံ႔ျပန္မႈေတြနဲ႔ပတ္သက္ၿပီး အဆုံးအျဖတ္ေပးႏိုင္ဖို႔ဟာ OpenAI ရဲ႕ မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ o1 ေမာ္ဒယ္နည္းပညာအေပၚ ဘယ္လို မွီခိုေနရေၾကာင္းကို Meta က ၾသဂုတ္လက စာတမ္းတစ္ေစာင္နဲ႔ ထုတ္ျပန္ေဖာ္ျပၿပီးေနာက္မွာ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ Meta ရဲ႕ AI နည္းပညာသစ္ဟာ ရႈပ္ေထြးတဲ့ျပႆနာေတြကို ေသးငယ္ေစၿပီး သိပၸံ၊ ကုဒ္နဲ႔ သခ်ၤာလို ဘာသာရပ္စိန္ေခၚမႈျပႆနာေတြအတြက္ တိက်တဲ့ တုံ႔ျပန္မႈေပးႏိုင္မယ္လို႔ ဆိုပါတယ္။

AI ကို အကဲျဖတ္ဖို႔ AI ကိုပဲ အသုံးျပဳျခင္းဟာ လူသားပါဝင္စရာမလိုပဲ AI ေတြက ကိုယ့္အမွားေတြအေပၚကိုယ္ သင္ခန္းစာယူၿပီး ျပင္ဆင္ႏိုင္တဲ့လမ္းေၾကာင္းတစ္ခုကို ေပးစြမ္းႏိုင္မယ္လို႔ ပေရာဂ်က္ေနာက္ကြယ္မွာရွိတဲ့ Meta ရဲ႕ သုေတသီႏွစ္ဦး ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.